Tuesday, 16 January 2018

ဆိတ်ကျောင်းသား၏ ပုံပြင်




ဆိတ်ကျောင်းသား၏ ပုံပြင်
++++++++++++++++++

၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနေကြတယ်။  သူဆိတ်တွေကမြက်စားလို့ ၀သွားပြီ။ သင်ထင်းမရလိုက်ပါ။ 
သင်ခန်းစာ ၁။ မလိုအပ်သော လူမူဆက်ဆံရေးကို စွန့်လွတ်ပါ။ 

၂။ ထင်းခုတ်တဲ့လူနဲ့ ဆိတ်ကျောင်းတဲ့လူနဲ့ တစ်နေ့လုံးစကားပြောဖြစ်ပါတယ်။ အပြင်အပန်းကကြည့်ရင် ထင်းခုတ်တဲ့လူ ဘာမှမရလိုက်ပါဘူး၊ ဒါပေမဲ့ စကားပြောတာကနေတစ်ဆင့် ဘယ်တောင်ကျောမှာ ထင်းပေါတယ်၊ ဘယ်လမ်းကြောက လမ်းသာတယ်၊  ဘယ်နေရာကသွားရတာ ခက်တယ်၊ ဆူးပင်တွေချည်းချည်း စတဲ့ သတင်းတွေကို ထင်းခုတ်သူ ရလာခဲ့ပါတယ်။ နောက်တစ်ရက်ကစပြီး သူထင်းကောင်းတွေ  တော်တော်များများ ရခဲ့ပါတယ်။ 
သင်ခန်းစာ ၂။  လူမူဆက်ဆံရေးအတတ်အရေးကြီးသလို လူမှန်ပေါင်းမိရင် လမ်းမှန်ပိုရောက်လွယ်တယ်။

၃။ သင်ကထင်းခုတ်တယ်။ သူကဆိတ်ကျောင်းတယ်။ သင်တို့ သူငယ်ချင်းဖြစ်သွားတယ်။ စကားအကြာကြီး ပြောဖြစ်တယ်။ သင်သူ့ဆီကနေ ဆိတ်ကျောင်းခြင်းအတတ်ပညာ တတ်မြောက်သွားတယ်။ သူ သင့်ဆီက ထင်းခုတ်တဲ့ပညာ တတ်မြောက်သွားတယ်။ 
သင်ခန်းစား ၃။ နေရာတိုင်းမှာ သင်ယူစရာချည်းပါ။ 

၎။ သင်ကထင်းခုတ်တယ်။ သူကဆိတ်ကျောင်းတယ်။ သင်သူနဲ့ တစ်ရက်လုံး စကားပြောဖြစ်တယ်။ သူ့ဆိတ်အချို့ နဲ့ သင့်ထင်းနဲ့ လဲလှယ်ဖြစ်တယ်။ သင်ဆိတ်ပိုင်ဆိုင်သွားတယ်။ သူလည်း ထင်းပိုင်ဆိုင်သွားတယ်။ 
သင်ခန်းစာ ၄။ တန်ဖိုးတူ ဖလှယ်ခြင်းပါ။ ဘယ်သူ့ကိုမှ အထင်မသေးပါနှင့်၊ လူတိုင်းသူ့တန်ဖိုးနဲ့သူပါ။ 

၅။ သင်ကထင်းခုတ်တယ်။ သူကဆိတ်ကျောင်းတယ်။ သင်တို့ တစ်ရက်လုံး စကားပြောဖြစ်တယ်။ သူက ဆိတ်ဝယ်တဲ့ ဖေါက်သည်ကို သင့်ကို မိတ်ဆက်ပေးတယ်။ သင်က ထင်းဝယ်တဲ့ ဖေါက်သည် သူ့ကို မိတ်ဆက်ပေးတယ်။ သင်တို့ နှစ်ဦးစလုံး အလုပ်ပိုပို သွင်ကျယ်လာပါတယ်။ 
သင်းခန်းစာ ၅။ အရင်းအမြစ် စုဆောင်းတတ်ခြင်းဟာ စီးပွားရေးအတွက် အရေးကြီးသည်။

၆။ သင်ကထင်းခုတ်တယ်။ သူကဆိတ်ကျောင်းတယ်။ သင်တို့ တစ်ရက်လုံး စကားပြောဖြစ်တယ်။ သင်တို့ ( ၂ ) ဦး ပူးပေါင်းပြီး ဆိတ်သားကင်ဆိုင် တစ်ဆိုင်ကို ဖွင့်ဖို့ ကြိုးစားကြတယ်။ သင်အကောင်းမွန်ဆုံးထင်းကို ရှာဖွေနိုင်တယ်။ သူဆိတ်သားက သဘာဝအသားဖြစ်တယ်။ သင်တို့ အောင်မြင်သွားတယ်။ 
သင်ခန်းစား ၆။ ပြည့်စုံတဲ့လူမရှိပါ။ ပြည့်စုံတဲ့ အသင်းသာရှိပါသည်။ 

မူရင်း   http://www.cqcb.com/reading/2016-09-08/190914.html အား ဆရာအောင်ကိုလက်မှ 
ဆီလျော်အောင် ပြန်ဆိုသည်။

ကမ္ဘာတစ်ဝှမ်းက ပုံမှန်မဟုတ်တဲ့ ထူးထူးခြားခြား အလုပ်အကိုင်များ


ကမ္ဘာတစ်ဝှမ်းက ပုံမှန်မဟုတ်တဲ့ ထူးထူးခြားခြား အလုပ်အကိုင်တစ်ချို့လူတွေက ရုံးတက် ရုံးဆင်းလုပ်ရတဲ့ အလုပ်ကိုင်တွေကို သဘောမကျဘူး။ ငြီးငွေ့တတ်တယ်။ သူတို့ကတစ်နေရာတည်းမှာပဲ မနေပဲ လျှောက်သွားပဲအလုပ်လုပ်နေရတာ သဘောကျတဲ့လူမျိုးတွေပေါ့။ ဒီလိုလူမျိုးတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်ကိုင်တွေရှိတယ်ဆို စိတ်ဝင်စားသွားကြမယ်ထင်တယ်။ ပုံမှန်မဟုတ်တဲ့ အလုပ်ကိုင်တွေကို ဖော်ပြပေးလိုက်ပါတယ်


() အပွေ့ဖက်ကျွမ်းသူ




() ဂေါက်သီးရှာဖွေသူများ





သင်ဟာ ရေငုပ်ကျွမ်းကျင်သူ၊ ဝါဿာနာပါသူဆို ဒီအလုပ်ကိုင်နဲ့ ကွက်တိပါပဲ။ဂေါက်သီးရှာဖွေသူ ဆိုတဲ့အတိုင်း ရေကန်ထဲကျသွားတဲ့ ဂေါက်သီးတွေကို လိုက်လံရှာဖွေ စုဆောင်းပေးရမှာပါ။ လွယ်လွယ်လေးနဲ့ ပျော်စရာကောင်းပါတယ်။ ရေကန်ထဲတော့ ခဏခဏမဆင်းရပါဘူး။ တစ်ချို့ ချုံပုတ်နွယ်ရှုပ်တွေကြားထဲ ဝင်ရှာခိုင်းရင်လည်း ရှာရမှာပေါ့။


() အိမ်မွေးတိရစ္ဆာန်တွေရဲ့ အစားစာ စမ်းသပ်သူ




အိမ်မွေးတိရစ္ဆာန်လေးတွေဟာ လူတိုင်းရဲ့အချစ်ဆုံးသူငယ်ချင်းလေးတွေပါ။ သူတို့လေးတွေ အာဟာရပြည့်ဝပြီး အရသာရှိတဲ့ အစားစာတွေ စားရဖို့လိုအပ်တယ်။ အစားစာ စမ်းသပ်သူကိုသာခေါ်လိုက်ပါ။ သူတို့က အရသာနဲ့ အာဟာရပြည့်ဝမှုကို ဝေဖန်ပိုင်းခြားပေးလိမ့်မယ်။


() အိပ်ရာစမ်းသပ်သူ




ဟော်တယ်တွေအတွက် အသုံးပြုမယ့် အိပ်ရာတွေကို စမ်းပြီး အိပ်ပေးကြည့်ရုံပါပဲ။ ဟုတ်ပါတယ်အိပ်ပေးရုံနဲ့ ပိုက်ဆံရမှာနော်။ ဒါပေမယ့် မလွယ်ကူတာတစ်ခုတော့ရှိတယ်။ အိပ်ယာကို သေချာစစ်ပေးနိုင်မှဖြစ်ပါမယ်။ သုံးစွဲသူဘက်က တစ်ခုခုပြဿနာတက်လာရင် သင့်မှာလည်းတာဝန်ရှိပါတယ်။


() မျက်နှာ အစမ်းသပ်ခံ




Skin Care ကုမ္ပဏီတွေက ဒီလိုလူတွေကို လိုအပ်ပါတယ်။ လူ့မျက်နှာအသားရေနဲ့ သူတို့ထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေ ကိုက်ညီမှုရှိလားဆိုတာ သေချာစစ်ဆေးရပါတယ်။ သူတို့ကုန်ပစ္စည်းက ကောင်းရင်တော့ ကိုယ့်အသားရေပါကောင်းမွန်သွားနိုင်ပေမယ့် မကောင်းရင်တော့ ကိုယ်ပဲခံရမှာပါ။


() ခန္ဓာကိုယ် အစိတ်ပိုင်းမော်ဒယ်




မော်ဒယ်ဆိုလို့ သင်ဟာ စင်လုံးချောလှနေစရာမလိုပါဘူး။ သင့်ရဲ့ လက်ကလေးပဲဖြစ်ဖြစ်၊ ခြေထောက် ဗိုက် ခြေသလုံး အစရှိသဖြင့် သူတို့လိုချင်တဲ့ ခန္ဓာကိုယ်အစိတ်ပိုင်းကိုပဲ သင့်ကိုငှားရမ်းမှာဖြစ်ပါတယ်။ ခန္ဓာကိုယ် အစိတ်ပိုင်းငှားရမ်းခြင်းဖြင့်လည်း သင်ဝင်ငွေရှာနိုင်ပါတယ်။


Source – Buzzy

Monday, 15 January 2018


ပီးပြည့်စုံတဲ့ယောက်ျားတွေကိုရှာရတာစိတ်ကုန်လာလို့သရဲနဲ့လက်ထပ်ခဲ့တဲ့အမျိုးသမီး


လက်တွေ့လောကက ယောက်ျားတွေကို စိတ်ကုန်လာတဲ့ အမျိုးသမီးတစ်ဦးဟာ (၁၈)ရာစုနှစ်က သေဆုံးခဲ့တဲ့ ဟေရှန်ပင်လယ်ဓားပြသရဲဝိညာဉ်တစ်ကောင်နဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့ကာ လက်ထပ်ခဲ့ကြောင်း သိရပါတယ်။ သရဲဟာ လွန်ခဲ့တဲ့ နှစ် (၃၀၀)ကျော်ကတည်းက သေဆုံးခဲ့ပေမယ့် သူတို့နှစ်ဦးဟာ သာမန်စုံတွဲတွေလို အတူနေ အတူသွားလာနိုင်ပြီး ဒီလိုနဲ့ (၄၅)နှစ်အရွယ် Amanda ဟာ သူ့ချစ်သူကို လက်တွေ့လောကမှာ မတွေ့ခဲ့ဘဲ ပရလောကမှတစ်ဆင့် တွေ့ဆုံခဲ့ပါတယ်။



သူမရဲ့ ဝိညာဉ်ချစ်သူ Jack ဟာ (၁၇၀၀)ခုနှစ်ဝန်းကျင်က ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး (၂၀၁၄)ခုနှစ်က သူမကုတင်ပေါ်မှာ လှဲနေခဲ့စဉ် သူမဘေးနားကို ရောက်လာခဲ့ခြင်းဖြစ်တယ်လို့ Amanda က ပြောပြခဲ့ပါတယ်။ သူတို့နှစ်ဦး နှစ်အနည်းငယ် မေတ္တာမျှပြီးချိန်မှာတော့ လက်ထပ်မှတ်ပုံတင်ပေးသူတစ်ဦးကို ငှားကာ သူမရဲ့ ဝိညာဉ်ချစ်သူနဲ့ လက်ထပ်လို့ရမယ့် နိုင်ငံတကာ ရေပိုင်နက်တွေကို လှည့်လည်ရှာဖွေခဲ့ပါတော့တယ်။
လက်ထပ်ပွဲမှာ Amanda က ပုံမှန်လက်ထပ်ပွဲတွေကလိုပဲ သစ္စာဆိုခဲ့ပြီး အခုဆို ၄င်းဇနီးမောင်နှံဟာ ဝိညာဉ်လောကမှာ ဖူးစာရှင်ရှာတွေ့နိုင်တဲ့အကြောင်း စာအုပ်ရေးလျက်ရှိပါတယ်။ Amanda ဟာ ပင်လယ်ဓားပြကပ္ပတိန်ဂျက်စပဲရိုးလို ဝတ်ဆင်ဖျော်ဖြေသူတစ်ဦးဖြစ်ပြီး ထိုကဲ့သို့ပင်လယ်ဓားမြလို ဝတ်ဆင်ခဲ့ခြင်းက သူမတို့နှစ်ဦးကို နီးစပ်စေခဲ့တဲ့ အကြောင်းတစ်ခုဖြစ်ကြောင်း ဆိုပါတယ်။



ပင်လယ်ဓားပြဝိညာဉ်ဟာ သူမ ကားမောင်းနေစဉ်၊ တီဗီကြည့်နေစဉ်တို့မှာ သူမဘေးနားမှာ ရှိနေတတ်ပြီး တဖြည်းဖြည်းပိုနီးစပ်လာခဲ့ပြီးနောက်မှာ သူမကို လက်ထပ်ခွင့်တောင်းခဲ့တယ်ဆိုပါတယ်။ Amanda ဟာ ()နှစ်သက်တမ်းရှိ အိမ်ထောင်ဟောင်း ရှိခဲ့ဖူးပြီး ကလေး ()ယောက်ရှိပါတယ်။ သူမချစ်သူ Jack ကို တစ်ခါမှ မမြင်ဖူးပေမယ့် ရုပ်ရှင်ဇာတ်ကောင် ဂျက်စပဲရိုးနဲ့ ဆင်တူပြီး စပဲရိုးလိုတော့ လူဖြူမဟုတ်ဘဲ လူမည်းဖြစ်ကြောင်းဆိုပါတယ်။


ယူကေနိုင်ငံဥပဒေအရ ဝိညာဉ်နဲ့ မင်္ဂလာဆောင်ခွင့်မရှိတာကြောင့် နိုင်ငံတကာရေပိုင်နက်မှာ သင်္ဘောငယ်နဲ့ ထွက်ကာ မင်္ဂလာပွဲပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်၊ စင်္ကာပူ၊ တရုတ်နိုင်ငံတွေမှာတော့ ဝိညာဉ်နဲ့ တရားဝင်မင်္ဂလာဆောင်ခွင့်ရှိကြောင်းသိရပါတယ်။


သင်္ဘောပေါ်က လက်ထပ်ပွဲကို ဧည့်သည် (၁၂)ဦးတက်ရောက်ခွင့်ရခဲ့ပြီး ဝိညာဉ် Jack မှာ လက်စွပ်ဝတ်လို့မရတဲ့အတွက် ဖယောင်းတိုင်တစ်တိုင်မှာ စွပ်ပေးခဲ့ပါတယ်။ Amanda က သူ့ခင်ပွန်းအဖြစ် ပင်လယ်ဓားပြအလံကို ကိုင်ထားခဲ့ပြီး အခုဆိုရင်သူတို့နှစ်ဦးဟာ တရားဝင်ဇနီးမောင်နှံတွေ ဖြစ်သွားကြပြီဖြစ်ပါတယ်။

Ref: The Sun

ပြီးပြည့်စုံတဲ့ယောက်ျားတွေကိုရှာရတာစိတ်ကုန်လာလို့သရဲနဲ့လက်ထပ်ခဲ့တဲ့အမျိုးသမီး

ပြီးပြည့်စုံတဲ့ယောက်ျားတွေကိုရှာရတာစိတ်ကုန်လာလို့သရဲနဲ့လက်ထပ်ခဲ့တဲ့အမျိုးသမီး

လက်တွေ့လောကက ယောက်ျားတွေကို စိတ်ကုန်လာတဲ့ အမျိုးသမီးတစ်ဦးဟာ (၁၈)ရာစုနှစ်က သေဆုံးခဲ့တဲ့ ဟေရှန်ပင်လယ်ဓားပြသရဲဝိညာဉ်တစ်ကောင်နဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့ကာ လက်ထပ်ခဲ့ကြောင်း သိရပါတယ်။ သရဲဟာ လွန်ခဲ့တဲ့ နှစ် (၃၀၀)ကျော်ကတည်းက သေဆုံးခဲ့ပေမယ့် သူတို့နှစ်ဦးဟာ သာမန်စုံတွဲတွေလို အတူနေ အတူသွားလာနိုင်ပြီး ဒီလိုနဲ့ (၄၅)နှစ်အရွယ် Amanda ဟာ သူ့ချစ်သူကို လက်တွေ့လောကမှာ မတွေ့ခဲ့ဘဲ ပရလောကမှတစ်ဆင့် တွေ့ဆုံခဲ့ပါတယ်။
IMG_5787.JPG

သူမရဲ့ ဝိညာဉ်ချစ်သူ Jack ဟာ (၁၇၀၀)ခုနှစ်ဝန်းကျင်က ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး (၂၀၁၄)ခုနှစ်က သူမကုတင်ပေါ်မှာ လှဲနေခဲ့စဉ် သူမဘေးနားကို ရောက်လာခဲ့ခြင်းဖြစ်တယ်လို့ Amanda က ပြောပြခဲ့ပါတယ်။ သူတို့နှစ်ဦး နှစ်အနည်းငယ် မေတ္တာမျှပြီးချိန်မှာတော့ လက်ထပ်မှတ်ပုံတင်ပေးသူတစ်ဦးကို ငှားကာ သူမရဲ့ ဝိညာဉ်ချစ်သူနဲ့ လက်ထပ်လို့ရမယ့် နိုင်ငံတကာ ရေပိုင်နက်တွေကို လှည့်လည်ရှာဖွေခဲ့ပါတော့တယ်။
IMG_5788.JPG
လက်ထပ်ပွဲမှာ Amanda က ပုံမှန်လက်ထပ်ပွဲတွေကလိုပဲ သစ္စာဆိုခဲ့ပြီး အခုဆို ၄င်းဇနီးမောင်နှံဟာ ဝိညာဉ်လောကမှာ ဖူးစာရှင်ရှာတွေ့နိုင်တဲ့အကြောင်း စာအုပ်ရေးလျက်ရှိပါတယ်။ Amanda ဟာ ပင်လယ်ဓားပြကပ္ပတိန်ဂျက်စပဲရိုးလို ဝတ်ဆင်ဖျော်ဖြေသူတစ်ဦးဖြစ်ပြီး ထိုကဲ့သို့ပင်လယ်ဓားမြလို ဝတ်ဆင်ခဲ့ခြင်းက သူမတို့နှစ်ဦးကို နီးစပ်စေခဲ့တဲ့ အကြောင်းတစ်ခုဖြစ်ကြောင်း ဆိုပါတယ်။
IMG_5789.JPG

ပင်လယ်ဓားပြဝိညာဉ်ဟာ သူမ ကားမောင်းနေစဉ်၊ တီဗီကြည့်နေစဉ်တို့မှာ သူမဘေးနားမှာ ရှိနေတတ်ပြီး တဖြည်းဖြည်းပိုနီးစပ်လာခဲ့ပြီးနောက်မှာ သူမကို လက်ထပ်ခွင့်တောင်းခဲ့တယ်ဆိုပါတယ်။ Amanda ဟာ ()နှစ်သက်တမ်းရှိ အိမ်ထောင်ဟောင်း ရှိခဲ့ဖူးပြီး ကလေး ()ယောက်ရှိပါတယ်။ သူမချစ်သူ Jack ကို တစ်ခါမှ မမြင်ဖူးပေမယ့် ရုပ်ရှင်ဇာတ်ကောင် ဂျက်စပဲရိုးနဲ့ ဆင်တူပြီး စပဲရိုးလိုတော့ လူဖြူမဟုတ်ဘဲ လူမည်းဖြစ်ကြောင်းဆိုပါတယ်။
IMG_5790.JPG

ယူကေနိုင်ငံဥပဒေအရ ဝိညာဉ်နဲ့ မင်္ဂလာဆောင်ခွင့်မရှိတာကြောင့် နိုင်ငံတကာရေပိုင်နက်မှာ သင်္ဘောငယ်နဲ့ ထွက်ကာ မင်္ဂလာပွဲပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်၊ စင်္ကာပူ၊ တရုတ်နိုင်ငံတွေမှာတော့ ဝိညာဉ်နဲ့ တရားဝင်မင်္ဂလာဆောင်ခွင့်ရှိကြောင်းသိရပါတယ်။
IMG_5791.JPG
သင်္ဘောပေါ်က လက်ထပ်ပွဲကို ဧည့်သည် (၁၂)ဦးတက်ရောက်ခွင့်ရခဲ့ပြီး ဝိညာဉ် Jack မှာ လက်စွပ်ဝတ်လို့မရတဲ့အတွက် ဖယောင်းတိုင်တစ်တိုင်မှာ စွပ်ပေးခဲ့ပါတယ်။ Amanda က သူ့ခင်ပွန်းအဖြစ် ပင်လယ်ဓားပြအလံကို ကိုင်ထားခဲ့ပြီး အခုဆိုရင်သူတို့နှစ်ဦးဟာ တရားဝင်ဇနီးမောင်နှံတွေ ဖြစ်သွားကြပြီဖြစ်ပါတယ်။


Ref: The Sun


အောင်သူလွင်ရဲ့အခွီးဟာသ

အဖြူရောင်မြင်ရင် ရင်မှာနာကျင်ခဲ့

ကျွန်တော်ငယ်စဉ်ကဇာတိမြို့ ဟင်္သာတမှာ ရုပ်ရှင်ရုံတွေကိုပတ်ပြီး ရုပ်ရှင်အလွတ်မပေး ကြည့်တတ်ပါတယ်။ ရွှေဗဟို၊ ရွှေဟင်္သာ၊ မင်္ဂလာညွန့်၊ အောင်မင်္ဂလာစတဲ့ ရုပ်ရှင်ရုံတွေ ဖြစ်ပါတယ်။ ရွှေဟင်္သာရုပ်ရှင်ရုံဟာ ကျွန်တော်မမွေးမီက ထွန်းလင်းရုံလို့ အမည်တွင်ခဲ့ပြီး အသံတိတ်ရုပ်ရှင်ခေတ်မှာ ကွယ်လွန်သူဂီတစာဆိုကြီး စန္ဒရားချစ်ဆွေ ပတ္တလားတီးဖျော်ဖြေခဲ့တဲ့ ရုပ်ရှင်ရုံကြီးပေါ့။ ယခုတော့ အဲဒီရုပ်ရှင်ရုံတွေ တစ်ရုံမှ မရှိတော့ပါဘူး။

 ရုပ်ရှင်ရုံတွေ လှည့်ပတ် ကြည့်တတ်တဲ့ ကျွန်တော်ဟာ ရွှေဗဟိုရုပ်ရှင်ရုံက အစ်ကိုကြီး တစ်ယောက်ကို သတိထားမိပါ တယ်။ သူက ကျွန်တော်တို့ ရုပ် ရှင်ကြည့်ပရိသတ်တွေ လက်မှတ်ဝယ်ဖို့ တန်းစီနေချိန်မှာ စက်ဘီး လေးတစ်စီးနဲ့ ရောက်လာတတ်ပါ တယ်။ အင်္ကျီက လည်ကတုံး အဖြူ၊ လုံချည်က ရခိုင်ပုဆိုးလေး နဲ့ပါ။ အစကတော့ ရုပ်ရှင်ရုံမန် နေဂျာလေးလို့ ထင်ထားမိပါ တယ်။ ကျွန်တော်တို့ခေတ်က ရုပ် ရှင်လက်မှတ် တန်းစီရတာဟာ ချွေးတပြိုက်ပြိုက်နဲ့ သမ၀ါယမ ဆိုင်မှာ ရွှေဝါဆပ်ပြာရဖို့ တန်းစီ ရတာထက် ဆိုးပါတယ်။ ခုလိုဗီဒီ ယိုတို့၊ တီဗီတို့မှ မပေါ်သေးတဲ့ ခေတ်ကိုး။
ရုပ်ရှင်လက်မှတ်ဂိတ်ပေါက် ရောက်တဲ့အခါ ဘွားခနဲတွေ့ရ တာက ခုနက အင်္ကျီအဖြူလည် ကတုံးဝတ်ထားတဲ့ အစ်ကိုကြီးပါ။ အပေါ်မှာ တိုက်ပုံအင်္ကျီပါထပ် ၀တ်ထားပါသေးတယ်။ ရွှေဗဟို မှာ ရုပ်ရှင်ကြည့်တာများတဲ့အခါ အင်္ကျီအဖြူလည်ကတုံးနဲ့ တိုက်ပုံ အင်္ကျီအမြဲဝတ်တတ်တဲ့ လက် မှတ်ရောင်းသူအစ်ကိုကြီးနဲ့ ရင်းနှီးမိပါတယ်။ ‘‘အစ်ကိုက အရာရှိ လည်း မဟုတ်၊ မန်နေဂျာလည်း မဟုတ်ဘဲနဲ့ အင်္ကျီအဖြူအမြဲဝတ် ပြီး တိုက်ပုံအင်္ကျီနဲ့ အလုပ်လာတာ ဘာကြောင့်လဲ’’မေးတော့ ‘‘ကိုယ့် ကိုယ်ကိုယ်ယုံကြည်လို့’’လို့ ဖြေပါ တယ်။
ထိုအချိန်က ကျွန်တော်တို့ တွေကလည်း အထက်တန်းကျောင်းသားတွေပါ။ နေ့စဉ်အင်္ကျီအဖြူ၊ လုံချည်အစိမ်းကျောင်းဝတ်စုံတွေ ၀တ်ပြီး ကျောင်းသွားတက်ရပေ မယ့် တစ်ခါမှ ကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မှုရှိအောင် ၀တ်တယ်လို့ မခံစားမိပါဘူး။ အခြားသူတွေဝတ်သ ကဲ့သို့ ကိုယ်လည်း လိုက်ဝတ်ရ တယ်လို့သာ သိထားခဲ့ပါတယ်။
 တက္ကသိုလ် ကျောင်းသား ဘ၀ရောက်တဲ့အခါ ကျောင်းဝတ် စုံမရှိတော့တဲ့အတွက် ၀တ်ချင်တဲ့ အရောင်အဆင်းတွေ ၀တ်ကြပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေက ကြိုက်နှစ်သက်ရာ အ၀တ်အစားတွေ ၀တ်ကြပေမယ့် ကျောင်းအုပ်ဆရာကြီးကတော့ အမြဲတမ်းလည်ကတုံးအင်္ကျီအဖြူလေးဝတ်ထားပါတယ်။ သူ့နာမည်က ဦးစောလှိုင်ပါ။ ၁၉၈၈  ခုနှစ် အရေးတော်ပုံမတိုင်မီ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းတွေနဲ့ ပတ်သက်တဲ့ ဦးနေ၀င်းဖွဲ့စည်းခဲ့တဲ့ စုံစမ်းရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပါတယ်။ သိပ်ချစ်စရာ ကောင်းတဲ့ လူပျိုကြီး၊ ဆရာကြီး တစ်ယောက်ပါ။ ကျောင်းထဲမှာ အရက်သေစာမူးနေတဲ့ ကျောင်း သားတွေတွေ့ရင် ကျောင်းမထုတ် ဘဲ သူ့ရုံးခန်းထဲက ဘုရားခန်းမှာ သြကာသချကာ ဘုရားဝတ်ပြု ခိုင်းသူပါ။ ကျောင်းသားတွေအ ပေါ် ချစ်ခင်မှုနဲ့ ရိုသေလေးစား အောင်နေတတ်တဲ့အတွက် သူ ၀တ်နေကျအင်္ကျီအဖြူလေးနဲ့ ရုပ် သွင်ကို ယခုအချိန်အထိ မှတ်မိနေ တာ ဖြစ်ပါတယ်။
 တက္ကသိုလ်ကျောင်းသား ဘ၀ပြီးလို့ လုပ်ငန်းခွင်တွေရောက်တဲ့အခါ အင်္ကျီအဖြူရဲ့ သဘော တရားကို ပိုမိုနားလည်လာပါ တယ်။ အင်္ကျီအဖြူရောင်ကို ၀တ် ဆင်မိတိုင်း မိမိကိုယ်ကိုယ်သန့်ရှင်းစင်ကြယ်တယ်လို့ ထင်မိသလို အခြားသူတွေ ၀တ်လာတာတွေ့ ရင်လည်း ကျက်သရေရှိတယ်လို့ ခံစားမိပါတယ်။ အထူးသဖြင့် အမျိုးသားများဝတ်တဲ့ လည်က တုံးအင်္ကျီအဖြူနဲ့ အမျိုးသမီးများ ၀တ်တဲ့ ရင်ဖုံးအင်္ကျီအဖြူတွေ ဖြစ်ပါတယ်။ ကျောင်းတွေ၊ ရုံးတွေ၊ အစည်းအဝေးတွေ၊ ဂုဏ်သရေရှိ အခမ်းအနားတွေမှာ ၀တ်ကြတဲ့ မြန်မာဝတ်စုံအဖြစ်လည်း အမှတ် ထားမိလာပါတယ်။
အဲဒီနှစ်ကာလများမှာပဲ ကျွန် တော်တို့ရဲ့ နောင်တော်ကြီး အဆို တော် ထူးအိမ်သင်ရဲ့ သီချင်း တစ်ပုဒ်က ကျွန်တော့်ရဲ့ အဖြူ ရောင်ယုံကြည်မှုအပေါ် မေးခွန်း ထုတ်လိုက်ပါတယ်။ သူကိုယ်တိုင် ရေးဖွဲ့သီဆိုခဲ့တဲ့ ‘လူနဲ့ အင်္ကျီ’ ဆို တဲ့ သီချင်းလေးဖြစ်ပါတယ်။ နား ဆင်ဖူးသူတိုင်း စွဲမက်ရတဲ့ သီချင်းဖြစ်ပါတယ်။ သီချင်းစာသားလေး ကို ရေးပြခွင့်ပြုပါ။
  ‘ကျွန်တော်ဟာ ငယ်စဉ် တုန်းက အဖြူရောင်အင်္ကျီလေး ကို တကယ်စိတ်စွဲနှစ်သက်စွာ စွဲ မြဲဝတ်တတ်တယ်××× အချိန် တွေကုန်လာခဲ့တော့ ကျွန်တော် လည်း အရွယ်ရောက်ပြီ ဖြူစင်လှ သော အင်္ကျီလေးဝတ်ဖို့ ရှက်လာ တယ်×× လူရယ်ခေါ်နိုင်တယ်အ ခါ နာကျင်တတ်ပြီစိတ်မှာ ပြန် လည်လျှော်ဖွပ်မရတော့ဘူး ဘ၀က ညစ်ပတ်တယ်××အမှန်ကို မမြင်နိုင်သေးတော့ ဒီအညစ်အ ကြေးတွေ စွန်းဆဲဖြူစင်လှသော အင်္ကျီလေးမင်းအတွက်အားနာ တယ်’
ဒီသီချင်းစာသားလေးကို ဆို ညည်းရင်း သတိရမိတာက လူဆို တာအမှားရှိတတ်တဲ့ သတ္တ၀ါဆို တဲ့ စကားပါ။ ငယ်စဉ်တုန်းက အမြတ်တနိုးဝတ်ဆင်ခဲ့တဲ့ အဖြူ ရောင်အင်္ကျီလေးဟာ အရွယ် ရောက်တဲ့အခါ စိတ်ဒဏ်ရာ၊ ကိုယ်ဒဏ်ရာတွေများလာတဲ့အ တွက် မိမိခန္ဓာကိုယ်ကြီးကို ညစ် ပတ်လာတယ်လို့ သဘောပေါက် လာပြီး အင်္ကျီအဖြူလေးများဝတ် လိုက်ရင် စွန်းပေသွားမလားလို့ပဲ တွေးမိလာစေတဲ့ ဆင်ခြင်မှုကို ရေးစပ်ခဲ့တာ ဖြစ်ပါတယ်။
‘အင်္ကျီဖြူဖြူလေးရယ်၊ မင်း လောက်တို့ မသန့်စင်တယ်××× စိတ်မှာ ဒီအညစ်အကြေးတွေ ဆေး ကြောလိုက်ချင်တယ်××× လိပ် ပြာမလုံချင်ဘူးကွယ် အဖြူရောင် မြင်ရင် ရင်မှာနာကျင်ခဲ့’
ဒီသီချင်းကို နားဆင်ပြီးက တည်းက ကျွန်တော်ကိုယ်တိုင် အင်္ကျီအဖြူဝတ်တိုင်း တရားသ ဘောဆင်ခြင်မိလာသလို အဖြူ ရောင်အင်္ကျီအောက်က လူတွေရဲ့ စိတ်ဒဏ်ရာ၊ ကိုယ်ဒဏ်ရာတွေ ဘယ်လိုရှိမယ်ဆိုတာလည်း နား လည် သဘောပေါက်လာ မိပါ တယ်။
အဖြူရောင်လည်ကတုံးရှပ် အင်္ကျီဟာ မြန်မာအမျိုးသားဝတ်စုံ တစ်ခုပါ။
 အဖြူရောင် ရင်ဖုံးအင်္ကျီ ဟာလည်း မြန်မာအမျိုးသမီးဝတ် စုံဆိုရင် မမှားပါဘူး။ ဒီအင်္ကျီတွေ ကို ဂုဏ်ယူစွာနဲ့ နုနယ်ဖြူစင်သေး တဲ့ ကျောင်းသား၊ ကျောင်းသူတွေ ကအစ သူတို့ကို သွန်သင်ဆုံးမ ပညာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေဝတ်ဆင်ကြပါတယ်။ ဒါ့အပြင် လူမှုရေး၊ ဘာသာရေး အခမ်းအနားများမှာလည်း မြတ်နိုး စွာဝတ်ဆင်တတ်ကြသလို ကုမ္ပဏီဝန်ထမ်းများ၊ အစိုးရ၀န်ထမ်းများ၊ သူဌေးသူကြွယ်များ၊ နိုင်ငံခေါင်း ဆောင်များဟာလည်း အဖြူရောင် အင်္ကျီနဲ့ အဖြူရောင်တိုက်ပုံတို့ကို ဂုဏ်ယူစွာဝတ်ဆင်တတ်ကြပါ တယ်။
ဒါပေမဲ့ ယခုနောက်ပိုင်းမှာ တော့ မြန်မာအမျိုးသားဝတ်စုံ အင်္ကျီဖြူဖြူတွေရဲ့ အောက်က ညစ်ပတ်နံစော်လှတဲ့ လူ့ဗာလာနံ တွေရဲ့ ဘ၀တွေကို မြင်တွေ့လာ ရပါတယ်။ အမျိုးသားရေးဗန်းပြ ကာ လူမျိုးရေး၊ ဘာသာရေးခွဲခြား ပြီး တိုင်းပြည်ဆူပူအောင်လုပ်နေ တဲ့ သူတွေကလည်း အင်္ကျီအဖြူ တွေဝတ်ကြ။ နိုင်ငံတော်အကြည် ညိုပျက်စေမှုနဲ့ ရုံးထုတ်လာတဲ့ တရားခံကလည်း အင်္ကျီအဖြူ၊ မူး ယစ်ဆေးဝါးမှုနဲ့ ရုံးထုတ်လာတဲ့ တရားခံကလည်း အင်္ကျီအဖြူ၊ လက်နက်မှုနဲ့ ရုံးထုတ်လာတဲ့ တရားခံကလည်း အင်္ကျီအဖြူ၊ လူ သတ်မှုနဲ့ ရုံးထုတ်လာတဲ့ တရားခံ တွေကလည်း အင်္ကျီအဖြူတွေနဲ့ သတင်းစာ၊ ဂျာနယ်တွေမှာ မြင်ရ တဲ့အခါ မြင်ရသူတိုင်း စိတ်မ ကောင်းဖြစ်ကြရမှာ ဖြစ်သလို အဖြူရောင်လည်ကတုံးရှပ်အင်္ကျီ ၀တ်ဖို့တောင် ဆင်ခြင်ကောင်း ဆင်ခြင်လာနိုင်ကြပါတယ်။
ကျွန်တော်ငယ်စဉ်က ရုပ်ရှင် ရုံမှာလက်မှတ်ရောင်းတဲ့ အစ်ကို ကြီးတစ်ယောက်ရဲ့ စကားကို ပြန် ကြားယောင်မိပါတယ်။ ကိုယ့်ကိုယ် ကိုယ်ယုံကြည်လို့ အမြဲတမ်းအဖြူ ရောင်ဝတ်တယ်ဆိုတာပါ။ လူ့အ ဖွဲ့အစည်းကို ဒုက္ခပေးပြီး အများ ယုံကြည်မှုမရှိအောင်နေတဲ့ သူ တွေက အဖြူရောင်အင်္ကျီဝတ်တဲ့ အခါမှာတော့ ကျွန်တော်တို့အား လုံးရင်မှာ နာကျင်ဖို့ပဲရှိပါတော့ တယ်။
(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Thursday, 24 November 2016

လူငယ်နှင့် ဆိုရှယ်မီဒီယာ (အပိုင်း ၁)


လူငယ်နှင့် ဆိုရှယ်မီဒီယာ (အပိုင်း ၁)



ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်
ဒီကနေ့ ကျွန်မတို့ ဆွေးနွေးသွားမယ့် အကြောင်းအရာလေးကတော့ လူငယ်နဲ့ ဆိုရှယ်မီဒီယာဖြစ်ပါတယ်။
အဲဒီအကြောင်းအရာကို ကူညီဆွေးနွေးသွားကြမယ့် သူများကတော့ ဦးနေဘုန်းလတ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ သန်လျင် ပို့စ် ဂျာနယ်က အယ်ဒီတာချုပ် မတူးတူးသာနဲ့ စာရေးဆရာ ကိုစိုပြေတို့ပဲ ဖြစ်ပါတယ်။
အဲဒီတော့ ကျွန်မအနေနဲ့ ကျွန်မတို့ ဒီနေ့ခေတ် Social Media မှာဆိုလို့ရှိရင် ဗမာပြည်မှာ Social Media နဲ့ ပတ်သက်ပြီးတော့ တော်တော်များများ ရင်းနှီးကျွမ်းဝင်ပြီးတော့ သုံးစွဲသူများ သန်းချီပြီး ရှိလာတဲ့အခါမှာ ဒီထဲမှာ ကျွန်မတို့ အများဆုံး အသုံးပြုကြတာကတော့ Facebook ဆိုတဲ့ Social Media ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီမှာလည်း Social Media လို့ ပြောကြပေမယ့်လည်း ဒီဟာသည် Social Media ဆိုတာ တကယ့် မီဒီယာမဟုတ်ပါဘူးလို့တော့ ကျွန်မတို့ နဂိုဆွေးနွေးတဲ့အထဲမှာ ကျွန်မတို့ ပြောခဲ့ကြပါတယ်။
အဲဒီတော့ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ Social Media ကို မီဒီယာလို့ မပြောဘူးဆိုရင် Social Media ကို ဘယ်လိုအနေနဲ့ ကျွန်မတို့က ဘယ်လိုနာမည်နဲ့ စပြီးတော့ တီထွင်ခဲ့တာလဲ Social Media ဆိုတာ ဘာလဲဆိုတဲ့ အကြောင်းလေးကို ဦးနေဘုန်းလတ်ကို စတင်ပြီးတော့ ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ဦးနေဘုန်းလတ်
ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ်
ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ ဒီ Social Media လို့ပြောတာကိုက နည်းနည်းလေးတော့ လွဲနေတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကြီးကို စပြီးတော့ တည်ထွင်ကတည်းက မီဒီယာအလုပ်ကြီးကို လုပ်မယ်ဆိုပြီးတော့ မီဒီယာတစ်ခုအနေနဲ့ တီထွင်ခဲ့တာမဟုတ်ဘူး။ ကျွန်တော်တို့က Network ပဲ လူမှုကွန်ရက်ပေါ့နော်။ Social Network လူမှုကွန်ရက်သဘောပဲ။ ကျွန်တော်ကတော့ အဲလိုပဲမြင်တယ် သူကလည်း အဲလိုပဲ တီထွင်ခဲ့တာ။
အဲတော့ Network သဘောနဲ့ Media သဘောက မတူဘူးလေ။ မတူတဲ့အခါမှာ Network ဆိုတာက လူပေါင်းစုံရှိမယ်၊ အလွှာပေါင်းစုံရှိမယ်၊ အတွေးအခေါ်ပေါင်းစုံရှိမယ်၊ အယူအဆပေါင်းစုံရှိမယ်။ အဲဒီလူတွေက ကိုယ်ထင်ရာမြင်ရာတွေကို ဒီအပေါ်မှာ လျှောက်ရေးမှာပဲ။ အခုကကျတော့ ကျွန်တော်တို့က ဘာဖြစ်လဲဆိုတော့ အဲလိုမျိုး ကိုယ်ထင်ရာ မြင်ရာတွေကို မျိုးစုံရှိပါတယ် မီဒီယာသမားတွေလည်း မရှိဘူး မဟုတ်ပါဘူး။ ရှိတယ်။ ဒါပေမယ့် အကုန်လုံးကို Social Media ဖြစ်တယ်။ ဒါတွေက ငါတို့ကို သတင်းတွေ ပေးနေတာပဲဆိုပြီး တွေ့သမျှအရာတွေကို သတင်းအမှတ်နဲ့ စားသုံးတဲ့အခါမှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စမျိုးတွေက ဖြစ်လာတာကို ကျွန်တော်တို့ တွေ့တယ်ပေါ့နော်။
ပြောချင်တာကတော့ ကျွန်တော်ကတော့ Social Media ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ဒီကောင်က မီဒီယာမဟုတ်ပါဘူး။ ဒီကောင်က Network ဖြစ်တယ်။ လူပေါင်းစုံ ထင်ရာမြင်ရာဝင်ရေးတဲ့ အနေအထားမျိုးဖြစ်တယ်။ အဲတော့ ကျွန်တော်တို့ မီဒီယာတစ်ခုအနေနဲ့ သဘောထားပြီးတော့ အရာရာကို သတင်းလို့သဘောထားပြီးတော့ စားသုံးရင်တော့ မှားပါလိမ့်မယ်။
ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်
ဟုတ်ကဲ့။ ဒါပေမယ့်လည်း Social Media , Social Network ကို ပလက်ဖောင်းတစ်ခုအနေနဲ့ သုံးပြီးတော့ သတင်းစာတွေကအစ ဒီပလက်ဖောင်းပေါ်ကို ဆင်းလာကြပြီးတော့ လူတွေများများဖက်အောင် ဆင်းလာတဲ့ အနေအထားရှိတယ်။ ကျွန်မတို့ ဗမာပြည်မှာဆိုရင်လည်း ၂၀၁၀ လောက်ကဆိုလို့ရှိရင် မြန်မာပြည်မှာရှိတဲ့ မီဒီယာတော်တော်များများက Social Media ကို မသုံးကြပါဘူး။ Social Network ကိုလည်း မသုံးကြသေးပါဘူး။ ဒါပေမယ့် အခု ဒီ ၆ နှစ်လောက်အတွင်းမှာ မီဒီယာတော်တော်များများက Social Media, Social Network ပလက်ဖောင်းပေါ်မှာ နေရာယူလာကြပြီး ကျယ်ကျယ်ပြန့်ပြန့်ကို ကျွန်မတို့ စာဖက်သူတွေရှေ့ကို ရောက်လာတာ တွေ့ရတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ သန်လျင် Post ဂျာနယ်က အယ်ဒီတာချုပ် မတူးတူးသာရဲ့ ထင်မြင်ယူဆချက်ကိုလည်း သိချင်ပါတယ်။
မတူးတူးသာ (အယ်ဒီတာချုပ်)
သန်လျင်ပို့စ် ဂျာနယ်
မမြတ်ပြောတာလည်း မှန်ပါတယ်။ ဒီကိစ္စက မီဒီယာကြီးတွေကိုယ်၌က Social Network ကို ဆင်းလာတယ်။ Page တွေထောင်ကြတယ်။ သူတို့ Page တွေမှာ Like များများ ပရိသတ်များများ ထပ်ပြီးတော့ ရှာကြတယ်ပေါ့နော်။ သူတို့ရဲ့ Website ရဲ့ Website ကို ကြည့်ဖို့အတွက် ဒီ Facebook ကနေ ပလက်ဖောင်းအနေနဲ့ ပရိသက်ရှာကြတဲ့အခါ ရှိပါတယ်။ ဒါပေမယ့် ခုနက ကျွန်မ ကိုနေဘုန်းလတ်ပြောတာကို သဘောပေါက်တာကတော့ သူဆိုလိုချင်တာသည် ဒီဟာသည် မီဒီယာမဟုတ်ဘူး၊ ရေးချင်တဲ့သူတွေက ရေးချင်သလို ဝင်ရေးနေတဲ့ အပိုင်းတွေရှိတယ်။ ကျွန်မတို့ မီဒီယာတွေအနေနဲ့ကလည်း မီဒီယာဆိုတာက ကျွန်မဆိုလိုတာက မှတ်ပုံတင်ထားတဲ့ မီဒီယာပေါ့။ အဲလိုမျိုး မီဒီယာတွေလည်း ဒီ Facebook ပေါ်မှာ Page တွေ ရှိကြတယ်။ ဆိုတော့ လူတွေက အဲဒါကို ကွဲကွဲပြားပြား သိဖို့တော့လိုတယ်။ ဘယ်ဟာတွေသည် မှတ်ပုံတင်ထားတယ် တကယ်စိတ်ချလောက်တဲ့ဟာတွေက ရေးတဲ့သတင်းတွေဖြစ်တယ်။ ဘယ်ဟာတွေသည် ပေါက်ပန်းလေးဆယ်ရေးထားတာ ဖြစ်တယ်ဆိုတာကိုတော့ ပရိသတ်က ခွဲခြားပြီးတော့ သိဖို့လိုတာပေါ့နော်။
ဒါပေမယ့် တစ်ခုရှိတာက ဒီဟာကို ခွဲခြားပြီး သိသည့်တိုင်အောင်မှ တချို့ကျတော့ အဲဒါကို ရောထွေးပြီး သိနေတာတွေရှိတယ်။ သတင်းမီဒီယာတွေဘက်ကလည်း ဒီ Social Network ကို အထင်သေးလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ Social Network ကြောင့်ပဲ ကျယ်ကျယ်ပြန့်ပြန့်သိသလို တချို့သတင်းအစအနတွေလည်း အဲဒီကနေ ရတာရှိတယ်။ Source တော့မဟုတ်ဘူးပေါ့နော်။ အစအနလေးတွေပေါ့။ အဲဒီအစအနလေးတွေနောက်ကနေ ကျွန်မတို့က ခြေရာခံလိုက်ပြီးတော့ သတင်းအကြီးတွေ ဖြစ်သွားတာမျိုးလည်း ရှိတာပေါ့နော်။ အဲဒါမျိုး ရှိပါတယ်။
ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်
အဲဒီတော့ Social Network  မှာ သတင်းမီဒီယာသမားတွေအတွက်တော့ ကောင်းကျိုးရော ဆိုးကျိုးရော နှစ်ခုစလုံး သက်ရောက်နိုင်တယ်။ တက်နိုင်သမျှ ဒီ social network မှာ တက်လာတဲ့သတင်းတွေ သတင်းအစအနတွေကို Verifyne လုပ်နိုင်မှသာလျင် ကျွန်မတို့ မှန်ကန်တဲ့ တိကျသေချာတဲ့ သတင်းမျိုးကို ဖန်တီးနိုင်မယ်ပေါ့နော်။ ဒါကတော့ သတင်းမီဒီယာအပိုင်းနဲ့ ပတ်သက်လို့ပေါ့။ ဒါပေမယ့် စာရေးဆရာ ကိုစိုပြေတို့လိုမျိုး ရသပိုင်း မီဒီယာသမားတွေအတွက်ကျတော့ ကဗျာဆရာတွေရှိမယ်။ ကျွန်မလည်း တစ်ခါတစ်လေ ကဗျာလေးဘာလေးရေးတော့ ထားပါတော့ ဒီ Social Network သည် ကျွန်မတို့အတွက် အင်မတန်မှ ရသစာပေရှားပါးတဲ့ခေတ်မှာ Social Network အပေါ်မှာ ကျွန်မတို့ ရေးသားခြင်းအားဖြင့် ကျွန်မတို့ရဲ့စာတွေကို စာဖက်သူတွေဆီကို အမြန်ဆုံးရောက်နိုင်တယ် ဘယ်မဂ္ဂဇင်းမှ Print လုပ်တာကို စောင့်စရာမလိုတော့ပဲနဲ့ ကိုယ့်စာတွေကို စာဖက်သူတွေဆီကို တိုက်ရိုက်ေ၇ာက်တဲ့ အနေအထားတွေတော့ ရှိတယ်ပေါ့နော်။ အဲတော့ ကိုစိုပြေအနေနဲ့ရော ဒီအတွေ့အကြုံလေးတွေနဲ့ ပတ်သက်ပြီး ပြောပြပါဦး။ Social Media က ရသသမားတွေအတွက် ဘယ်လောက်ထိ အသုံးဝင်သလဲ ဆိုတဲ့ဟာလေး နဲနဲတော့ သိချင်ပါတယ်။
ကိုစိုပြေ (စာရေးဆရာ)
အသုံးဝင်တာကတော့ တော်တော်အသုံးဝင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်တောင်မှ စာရေးဆရာဖြစ်လာတယ်ဆိုတာက ဒီ Social Network ပေါ်မှာ ရေးပြီးတော့မှ ပုနှိပ်မီဒီယာအပေါ်ကို ရောက်တာပေါ့လေ။ ကျွန်တော်နဲ့တူတူပဲ စာရေးဆရာတွေ အများကြီးရှိကြတယ်။ သူတို့တွေအကုန်လုံးကလည်း စာရေးမယ်ဆိုလို့ရှိရင် Social Network ပေါ်မှာရေးတယ်။ အဲဒီကနေ တစ်ဆင့်ချင်းစီ တက်သွားကြတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အခုခေတ်မှာ ပုံနှိပ်မီဒီယာတွေက တဖြည်းဖြည်း ရှားလာတာတွေရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ပုံနှိပ်မီဒီယာကို တိုက်ရိုက်ကြီး ဝင်တိုးဖို့ကကျတော့ အရမ်းခက်တယ်ပေါ့နော်။ အရမ်းခက်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က ဒီကနေသွားတယ်။ ပြီးတော့ နောက်တစ်ခုက ကျွန်တော်တို့ စာရေးတဲ့အခါမှာလည်း လူတိုင်းရေးတာကျတော့ ဘယ်လိုပြောမလဲ ကောင်းတာလည်းရှိမယ် ဆိုးတာလည်းရှိမယ်ပေါ့လေ။ နောက်တစ်ခုက ကျွန်တော်တို့ စာရေးဆရာဖြစ်လာသလို စာရေးဆရာ ရွက်ပုန်းသီးလေးတွေလည်း တကယ့် Main Stream ပေါ် ရောက်သွားနိုင်တာပေါ့လေ။
ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်
ဟုတ်ကဲ့ပါ အဲတော့ Social Network, Social Media က စောစောကပြောသလို ကောင်းကျိုးနဲ့ ဆိုးပြစ်နဲ့ ဒွန်တွဲနေတဲ့ Network ကြီးတစ်ခုလို့ ကျွန်မတို့ ပြောမယ်ဆိုရင် ပြောလို့ရတယ်။ ဒါပေမယ့် အဲဒီမှာလည်း ကျွန်မတို့ လူငယ်နဲ့ ဆိုရှယ်မီဒီယာမှာ လူငယ်ပိုင်းကို ကျွန်မ ပြန်ပြီးတော့ ကောက်ချင်တယ်။
အခုခေတ်မှာဆိုရင် လူငယ်လေးတွေ တော်တော်များများပေါ့ ကျွန်မတို့ ကလေးတွေကအစ ဆယ်ကျော်သက်လေးတွေက တော်တော်များများကို Social Network, Social Media ကို သုံးလာကြတာ တွေ့ရတယ်။ တွေ့တဲ့အခါမှာ တချို့ တော်တော်စိုးရိမ်စရာကောင်းတဲ့ဟာတွေက ဥပမာဆိုရင် တစ်ရက်ကပဲ ကလေးတွေကို ဘယ်လို ထိန်းသိမ်းသင့်တယ်ဆိုတဲ့ ပညာပေး ဗီဒီယိုလေး ရိုက်ထားတဲ့အထဲမှာ နိုင်ငံခြားကပါပဲ Social Media ကနေ ဆွဲဆောင်ပြီးတော့ မိန်းကလေးတွေကို အပြင်ထွက်ဖို့ခေါ်တာကို လွယ်လွယ်ကူကူပဲ မိဘတွေမသိပဲနဲ့ ထွက်လာတဲ့ဟာမျိုးပေါ့။ အဲဒါတွေကို ပညာပေးဖို့ရာ မိဘတွေ အကူအညီနဲ့ မိန်းကလေးတွေကို Try လုပ်ပြီးတော့ အပြင်ထုတ်တာမျိုး အဲဒါလေးတွေကို ပြခဲ့တယ်။ ဆိုတော့ အန္တရာယ် သိပ်များတယ်ဆိုတဲ့ဟာကို မိဘတွေ သိစေချင်တာပေါ့နော်။
အဲတော့ Social Media ကနေတစ်ဆင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ဘယ်လိုမျိုး ကျွန်မတို့တွေ ထိန်းချုပ်ကြမလဲ။ အထူးသဖြင့်တော့ ဆယ်ကျော်သက်ကလေးတွေအတွက် သူ့ရဲ့အန္တရာယ်နဲ့ ဒီအပေါ်မှာ သုံးတတ်ရင် သုံးတတ်သလို ကောင်းကျိုးလေးတွေလည်း ရှိလာနိုင်မယ်ဆိုတာမျိုးပေါ့ အဲဒါလေးကိုလည်း ဦးနေဘုန်းလတ်အနေနဲ့ နည်းနည်းလေး ဆွေးနွေးပေးပါဦး။
ဦးနေဘုန်းလတ်
ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ်
အဓိကကတော့ Social Network ထဲမှာ လူအရမ်းအစုံတွေကနေ တင်ချင်တာတွေ တင်နေတဲ့အခါကျတော့ ရောယှက်နေတာပေါ့နော်။ အဟာရလည်းရှိတယ်။ အဆိပ်အတောက်လည်း ရှိတယ်ပေါ့နော်။ အဆိပ်အတောက်တွေကလည်း ခုနကပြောသလို မထိန်းရင် အတော်ကို အန္တရာယ်ကြီးပါတယ်။ အမျိုးသမီးတွေအတွက်ရော ကလေးသူငယ်တွေအတွက်ရော အဲတော့ ဘယ်လိုထိန်းမလဲဆိုတာက ပြောမယ်ဆိုရင်တော့ အသက်အရွယ် အပိုင်းအခြားလိုက် ပြောရမယ်ထင်တယ်။
ကျွန်တော်တို့ဒီ ကလေးအရွယ်လေးတွေဆိုရင်တော့ ကျွန်တော်နားလည်သလောက်တော့ နိုင်ငံတကာမှာဆိုရင်တော့ မိဘတွေကနေပြီးတော့ လုံးဝ မသုံးနဲ့ဆိုပြီးတော့ ကန့်သတ်တာမျိုး မဟုတ်ပဲနဲ့ ကလေးတွေကို ပေးသုံးတယ်။ ဒါပေမယ့် ဘာသုံးလဲဆိုတာကို ကိုယ်က သိနေရတယ် သိအောင်ကြိုးစားနေရတယ်ဆိုတာမျိုးပေါ့နော်။ ပေးမသုံးရင် ဆိုတာမျိုးကတော့ ကျွန်တော်တို့လည်း လက်မခံဘူးပေါ့လေ။ ဒါပေမယ့် ကိုယ့်ကလေးက ဘာသုံးနေတယ် ဘယ်သူနဲ့ စကားပြေနေတယ် ဒါတွေကိုတော့ ကျွန်တော်တို သိအောင် ကြိုးစားရတဲ့ အနေအထားမျိုးတွေ လုပ်သင့်ပါတယ်။ ကျွန်တော် အင်တာနက်ဆိုင်ဖွင့်တုန်းက အသက် ၆၀ အရွယ်လောက် အန်တီကြီးတစ်ယောက် ဒီ G Talk တို့ G Mail တို့ လာသင်တယ်ဗျ။ အန်တီ ဘယ်လိုဖြစ်လို့ ဒီအချိန် ဒီအရွယ်မှ သင်ရတာလဲပေါ့ မဟုတ်ဘူးတဲ့ သမီးက အိမ်မှာ သုံးနေပြီတဲ့ ဆိုလိုတာက လူကြီးတွေလည်း ဒါ နည်းပညာနဲ့ပတ်သက်ပြီး သိပြီးတော့ ကလေးတွေ ဘာတွေသုံးနေတယ် ဘာတွေလုပ်နေတယ်ဆိုတာကို သိပြီးတော့ သိအောင် ကျွန်တော်တို့ ကြိုးစားသင့်တယ်။
နောက်တစ်ခုကတော့ ကျင့်ဝတ်တွေလည်း ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ ကောင်းလာမယ် ကောင်သောကျင့်ဝတ်တွေ ဒီ အွန်လိုင်းလောကမှာ နည်းပညာလောကမှာ ကျွန်တော်တို့ ကောင်းသောကျင့်ဝတ်တွေ ဖွံ့ဖြိုးလာအောင် အားလုံး ပေါင်းပြီးတော့ ကြိုးစားကြသင့်တယ်။ မဟုတ်ရင်တော့ ကျွန်တော်တို့ ခုနက အဟာရနဲ့ အဆိပ်အတောက်မှာ အဆိပ်မိတဲသူများပြီးတော့ အဟာရဖြစ်တဲ့သူ နည်းမယ်ဆိုရင်တော့ ကျွန်တော်တို့ အဆင်မပြေဘူးပေါ့။
ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်
ဟုတ်ကဲ့ပါ။ အဲတော့ ဖေ့ဘုတ်မှာဆိုလို့ရှိရင် ကျွန်မဖက်မိသလောက် ၁၃ နှစ်ဆိုရင် စပြီးတော့ သုံးလို့ရပြီ။ ဒါကြောင့်မို့ ဒီဖေ့ဘုတ်သုံးတဲ့ ကလေးတော်တော်များများက ဆယ်ကျော်သက်လေးတွေ သုံးကြတယ်။ ဒါပေမယ့် ကျွန်မ သွားပြီးတော့ သတိထားမိတာက သူတို့က နာမည်အမျိုးမျိုးပေါ့နော် သူ့ရဲ့ နာမည်အရင်းမဟုတ်ပဲနဲ့ အမအဖေတွေ မသိတဲ့နာမည်နဲ့ အမေအဖေတွေနဲ့ သူငယ်ချင်းမလုပ်ပဲနဲ့ သူတို့တွေ သုံးနေကြတာတွေ ရှိမယ်။ မိန်းကလေးသူငယ်ချင်းတွေရှာမယ်။ ယောက်ျားလေးသူငယ်ချင်းတွေ ရှာမယ်။ အဲလိုမျိုးပေါ့နော်။ ပြီးတော့အခါကျတော့ Password တွေအမျိုးမျိုးနဲ့ သူတို့ကလည်း အမျိုးမျိုး ဖွင့်လို့ရတဲ့အခါကျတော့ ထိန်ချန်ထားတာမျိုးလည်း ရှိမယ်ပေါ့နော်။ ဆိုတော့ အဲဒီမှာ Social Media သုံးတဲ့ ကလေးတွေရဲ့ မိဘတွေကို Control လုပ်ဖို့ပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ မတူးသာကရော သားလေးလည်းရှိတဲ့အတွက် အဲဒီအတွေ့အကြုံလေးရှိရင်လည်း ဆွေးနွေးပေးပါဦးလို့။
မတူးတူးသာ (အယ်ဒီတာချုပ်)
သန်လျင်ပို့စ် ဂျာနယ်
အတွေ့အကြုံအရ ဆွေးနွေးရမယ်ဆိုရင်တော့ ကျွန်မသားက ဆယ်ကျော်သက်ပေါ့ ၁၆ နှစ် ပြည့်ပြီးသွားပါပြီ။ အပွင့်လင်းဆုံးပြောရရင် ကျွန်မသားရယ်မှမဟုတ်ဘူး သူတို့ ရွယ်တူ တန်းတူ အဲဒီအရွယ်လေးတွေက သူတို့က နည်းပညာကို တတ်တာ အရမ်းလွယ်တယ်။ သိကြတဲ့အတိုင်းပဲ ကျွန်မတို့လိုအရွယ် အထက်ပေါ့ လေးဆယ်ကျော်ပေါ့ အဲဒီအရွယ်တွေရဲ့ အထက်တွေကကျတော့ ဒီ နည်းပညာနောက်ကို လိုက်ဖို့ တချို့ဆိုလို့ရှိရင် ကျွန်မတွေ့ဖူးတယ် ကျွန်မသူငယ်ချင်း စာရေးဆရာတွေဘာတွေဆို ကွန်ပျူတာနဲ့တောင် စာမရေးဘူး။ အဲတော့ကျတော့ ခုနက မွန်မွန်မြတ်ပြောတဲ့ မိဘတွေကလည်း ဒီဟာကို Contro လုပ်သင့်တယ်ဆိုရင် မိဘတွေက ဒီနည်းပညာကို ကလေးတွေထက် ပိုပြီးတော့ သိမှဖြစ်မယ်လို့ ထင်တယ်။ အထူးသဖြင့် ကျွန်မထင်တာကတော့ မြန်မာပြည်မှာပေါ့။ အခြားနိုင်ငံတွေမှာတော့ မပြောတတ်ဘူး။ မိဘတွေကတော့ ကလေးတွေထက် သာရင်လည်းသာမယ်ပေါ့။ အခုကျတော့ တချို့ဆိုရင် တစ်ခါတစ်လေမှာ ကျွန်မကိစ္စတောင်မှ သားကိုလုပ်ခိုင်းရတယ်။ သားရယ် လုပ်ပါဦး ဒီဥစ္စာကဘာလဲ ဒီ Application က ဘာလဲဆိုရင် သူက ခပ်မြန်မြန်ပဲ လုပ်သွားလိုက်တာပေါ့နော်။ ဆိုတော့ သူတို့တွေက ကျွန်မတို့ထက်ကို အရမ်းကို ရှေ့ရောက်နေတယ်။ နည်းပညာပိုင်းမှာ ကျွန်မတို့ Level က မနည်းကို လိုက်နေရတဲ့အခါကျတော့ ကျွန်မတို့ထက်ကြီးတဲ့ Level တွေဆိုလို့ရှိရင် အခုမှ ဖေ့ဘုတ် ဘယ်လိုသုံးရလဲဆိုတာတို့ ပုံတောင်မတင်တက်တာတို့ နောက်ပြီးတော့ မှားတင်မိတာတို့ မှားပြီးတော့ Share မိတာတို့ ဖြစ်တာတို့ကတော့ ကျွန်မသိသလောက်ကတော့ လူကြီးတွေက မှားတာ လူကြီးတွေက ပိုဖြစ်တယ်။ ဒါပေမယ့် ကလေးတွေကျတော့ ဆင်ခြင်တုံတရားပေါ့နော်။ ဆင်ချင်တုံတရားကျတော့ သူတို့က နည်းပညာပိုင်း ကျွမ်းကျင်တယ်။ ဒါပေမယ့် ဆင်ခြင်တုံတရားကျတော့ သူတို့ရဲ့အရွယ်အားဖြင့် သူတို့မှာ အားနည်းသေးတယ်။ အားနည်းတဲ့အခါမှာ သူတို့ကို မိဘကတော့ နည်းပညာမကျွမ်းကျင်ရင်တောင်မှ တခြားနည်းနဲ့ စည်းရုံးပြီးတော့ လုံးဝကြီးပိတ်တာ မဟုတ်ပဲနဲ့ သူတို့ကို တခြားနည်းနဲ့ စည်းရုံးပြီးတော့ ကိုယ့်သားသမီး ဘာလုပ်နေလဲ ဥပမာ အထူးသဖြင့် မိန်းကလေးပေါ့ မိန်းကလေးတွေဆိုရင် သူဘယ်သူနဲ့ ချိန်းနေလဲ။ ဘယ်သူနဲ့ပြောနေလဲဆိုတာကို အနည်းဆုံး ကလေးရဲ့ ဖုန်း Password ကို တောင်းတာပဲဖြစ်ဖြစ် အဲလိုမျိုးလုပ်ပြီးတော့ စည်းရုံးရင်တော့ ပိုပြီးတော့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။
ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်
အဲတော့ ကျွန်မကတော့ ငယ်ရာကနေ ကြီးလာတာဆိုတော့ အမြဲတမ်း မိဘတွေကို ဒီလိုမျိုး မိဘတွေမသိအောင် ခိုးလုပ်တဲ့ကိစ္စတွေက ပိုကျွမ်းကျင်တယ်ဆိုတော့ ဘယ်လိုပဲ သိအောင်လုပ်လုပ် သူတို့မှာ နည်းလမ်းတစ်ခုခုတော့ ရှိနေမှာပဲပေါ့နော်။ ဆိုတော့ အမြဲတမ်းစောင့်ကြည့်ဖို့ကတော့ မိဘရဲ့တာဝန်ပါပဲ။ ဒီ ဆယ်ကျော်သက်တွေကို စောင့်ကြည့်ရမှာတော့ မိဘတွေမှာ တာဝန်ရှိပါတယ်။ အနည်းနဲ့အများ ဒါပေမယ့် အခုခေတ်ကလည်း သိတဲ့အတိုင်းပဲ မိဘတွေတော်တော်များများက လုပ်ငန်းခွင်မှာ အချိန်ပြည့် နေရတဲ့သဘောရှိတော့ အထူးသဖြင့်တော့ ဒီ မြို့ပေါ်က ကလေးတွေတင်မကဘူး ကျေးလက်က ကလေးတွေမှာပါ Social Media က တော်တော်ကြီးကို ပြန့်နှံ့လာတာလေ။ ကောင်းတာလည်းရှိ ဆိုးတာလည်းရှိဆိုတာမျိုးပေါ့။ အဲဒီမှာ အမျိုးသမီးတွေအတွက်က တော်တော်ကြီးကို ဘယ်လိုပြောမလဲ အရမ်းကို အန္တရာယ်ရှိတယ် အမျိုးသမီးငယ်တွေအတွက်ပေါ့နော်။ အဲဒီသဘောမျိုး တွေ့နေရတယ်။ အဲတော့ ကိုစိုပြေ အတွေ့အကြုံအရ ဆိုရင်ရော အဲလိုမျိုး အခုဆိုရင် မှုခင်းပြဿနာတွေက အင်တာနက်မှာက အများကြီးဖြစ်လာတယ်။ အင်တာနက်ပေါ်မှာ ဖေ့ဘုတ်ပေါ်မှာ ဖြစ်လာတဲ့ကိစ္စတွေ အများကြီး ဖြစ်လာတယ်ပေါ့နော်။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ကိုစိုပြေအနေနဲ့ ဘယ်လိုမျိုး သတိထားသင့်သလဲ လူငယ်နဲ့ Social Media မှာ လူငယ်တွေအနေနဲ့ ဆိုရှယ်မီဒီယာရဲ့ ထောင်ချောက်တွေကို ဘယ်လိုရှောင်ကြမလဲပေါ့နော် အဲဒါလေးလည်း နည်းနည်းဆွေးနွေးပေးပါဦး။
ကိုစိုပြေ (စာရေးဆရာ)
ကျွန်တော်အနေနဲ့ မြင်တာကတော့လေ ကိုနေဘုန်းလတ်တို့ပြောသလို ပေးသုံးသင့်တယ်ပေါ့နော်။ အမတို့ပြောသလို ဖေ့ဘုတ်စ်မှာကလည်း ၁၃ နှစ်ဆိုတာက ရှိတယ်လေ။ ၁၃ နှစ်မတိုင်ခင်ကတော့ ကျွန်တော်တို့ ပေးမသုံးသင့်ဘူးလေ။ တကယ်တမ်းကျတော့ ကျွန်တော်စိတ်ထင်ပေါ့။ အနည်းဆုံး ၁၅ နှစ် ၁၆ နှစ်လောက်ထိတော့ ပေးမသုံးသင့်ဘူးလို့ ထင်ပါတယ်။ နောက်ပိုင်းကျမှ သူတို့ ဒါကို သင်မယ်ဆိုရင်လည်း သူတို့က အတတ်မြန်ပါတယ်။ ကြားထဲမှာ ကျွန်တော်တို့က နောက်ပိုင်းကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ မိဘတွေကျတော့ ကလေးနဲ့ ဆက်သွယ်ဖို့ ကျောင်းသွားရင် ဆက်သွယ်ဖို့ ဖုန်းတွေ ပေးထားတာတို့ အဲဒါတွေနဲ့ပတ်သက်ပြီး ကြားထဲမှာ ကလေးတွေအနေနဲ့ သုံးဖြစ်သွားတာတွေလည်း ရှိတယ်ပေါနော်။ အဲတော့ မိဘတွေအနေနဲ့ကတော့ ကျွန်တော် အမြင်ကိုပြောရရင်တော့ ကလေးတွေကို ဒီဟာက ဘယ်လိုဆိုးကျိုးတွေရှိတယ်ဆိုတာကို ကျွန်တော်တို့ သေချာနားလည်အောင်လို့ ပြောပြထားရမယ်။ ပြီးတော့ သူတို့တွေကိုလည်း စောင့်ကြည့်တာကလည်း စောင့်ကြည့်တာပေါ့လေ ဒါပေမယ့် အမပြောသလိုပဲ စောင့်ကြည့်ဖို့ဆိုတာကတော့ တော်တော်ကိုမလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်လည်းပဲ ကျွန်တော်တို့လည်း ငယ်ရာကနေ ကြီးလာတာဆိုတော့ ကျွန်တော်တို့လည်းသိတယ်။ ကိုယ့်အမေက ဒီအကောင့်ထဲမှာ ရှိတယ်ဆိုရင်တောင်မှ ကိုယ်က ဒီအကောင့်ကို မသုံးဘူး အခြားအကောင့်ကို သုံးပြီးတော့ လုပ်တာတွေလည်း ရှိပါတယ်။ အဲဒါကြောင့်မို့ သူ့ကို အဓိက နားလည်အောင်လို့ ပြောပြရမှာပေါ့လေ။

ဆိတ်ကျောင်းသား၏ ပုံပြင်

ဆိတ်ကျောင်းသား၏ ပုံပြင် ++++++++++++++++++ ၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနြေ...