Sunday, 30 October 2016

လူသားစားတဲ့ ဂျပန်အမျိုးသားအကြောင်း

ဂျွန်လ ၁၃ ရက် ညအချိန် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ လမ်းဘေးတစ်နေရာမှာ အရပ်ပုပု အာရှသားတစ်ဦးဟာ ခရီးဆောင်အိတ်နှစ်အိတ်နဲ့ ကားငှါးဖို့စောင့်နေပါသတဲ့။ အဲဒီနောက် တက္ကဆီတစ်စီးကို Boi de Boulogne ပန်းခြံကိုပို့ပေးဖို့ ငှါးခဲ့ပါတယ်။ ခရီးဆောင်အိတ်တွေနဲ့ ရထားဘူတာကို မငှါးပဲ ပန်းခြံကိုငှါးတဲ့ အဲဒီအာရှသားကို တက္ကဆီမောင်းသမားကတော့ အထူးဆန်းဖြစ်နေပါတယ်။ ပန်းခြံကိုရောက်တဲ့အခါ အာရှသားဟာ ကျသင့်ငွေကိုရှင်းပြီး ခရီးဆောင်အိတ်နှစ်ခုကို မနိုင်မနင်းဆွဲကာ ပန်းခြံထဲကိုဝင်သွားပါတယ်။ ပန်းခြံထဲက ထိုင်ခုံတစ်ခုနားအရောက်မှာတော့ အဲဒီအာရှသားဟာ အိတ်နှစ်လုံးကို ဘေးချပြီး ထိုင်းခုံပေါ်မှာ အိပ်ပျော်သွားခဲ့ပါတယ်။

မနက်ရောက်တဲ့အခါ ကျန်းမာရေးလမ်းလျောက်တဲ့ အမျိုးသားတစ်ဦးဟာ သွေးတွေစီးကျနေတဲ့ခရီးဆောင်အိတ်ကို စတွေ့ရာက အနီးအနားကလူတွေပါရောက်လာပြီး ရုတ်သဲသဲဖြစ်လာပါတယ်။ အဲဒီအချိန်ထိ အာရှသားဟာ ထိုင်ခုံမှာအိပ်ပျော်နေတုန်းပဲရှိပါသေးတယ်။ ခဏနေတော့ ဆူဆူညံညံအသံတွေကြောင့်နိုးလာပြီး အာရှသားဟာ အဲဒီနေရာက အေးအေးဆေးဆေးပဲ လမ်းလျောက်ထွက်သွားပါတော့တယ်။

ရဲတွေရောက်လာပြီး စစ်တဲ့အခါ ခရီးဆောင်အိတ်ထဲမှာ အသားအချို့ နွှာပြီး ခုတ်ထစ်ခံထားရတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တွေ့ရပါတယ်။ ဒါပေမယ့် ဘယ်သူလာထားသွားတယ်ဆိုတာတော့ပတ်ဝန်းကျင်က ဘယ်သူမှ သတိမထားမိလိုက်ပါဘူး။ ဒီရက်စက်တဲ့ လူသတ်မှုအကြောင်း သတင်းစာတွေထဲမှာ ပါလာတဲ့အခါ တက္ကဆီသမားတစ်ဦးဟာ တစ်ညက သူ့ကားကို ငှါးစီးခဲ့တဲ့ ထူးဆန်းတဲ့ အာရှသားတစ်ဦးအကြောင်း ရဲကိုသတင်းပေးခဲ့ပါတယ်။ အဲဒီကမှတဆင့် လူသတ်သမားကို ခြေရာခံမိပြီး သူရဲ့နေအိမ်မှာ ဖမ်းစီးနိုင်ခဲ့ပါတယ်။

လူသတ်သမားရဲ့ နာမည်က Issei Sagawa ပါ။ ပြင်သစ်မှာ ကျောင်းလာတက်နေတဲ့ အသက် ၃၂ နှစ်အရွယ် ဂျပန်နိုင်ငံသားတစ်ဦးဖြစ်ပါတယ်။ အသတ်ခံရတဲ့သူကတော့ သူရဲ့အတန်းဖော် Renée Hartevelt ဆိုသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။ Sagawa ဟာ Renee ကို သူ့အိမ်မှာကျောင်းစာမေးဖို့ခေါ်ခဲ့ပြီး သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။ အဲဒီနောက် ၂ ရက်တိုင်တိုင် သူမရဲ့ အလောင်းကို မုဒိန်းကျင့်ခြင်း အသားများကို စားသောက်ခြင်း တို့ကို ပြုလုပ်ခဲ့တာပါ။ ရဲတွေဟာ Sagawa ရဲ့အိမ်ကိုဝင်ဖမ်းတဲ့အခါ ရေခဲသေတ္တာထဲမှာ သိမ်းထားတဲ့ လူသားအချို့နဲ့ စားလက်စ လူသားပန်းကန်ကို စားပွဲပေါ်မှာတွေ့ခဲ့ပါသေးတယ်။

Sagawa ဟာ သူ့အသက် ၂၃ နှစ်အရွယ်တုန်းကလည်း ဂျပန်မှာလာနေတဲ့ သူအိမ်နီးနားခြင်း ဂျာမန်အမျိုးသမီးတစ်ဦးကို အိပ်နေတုန်း အခန်းထဲခိုးဝင်ပြီး တင်ပါးကို ကိုက်ဖို့ ကြိုးစားခဲ့လို့ အဖမ်းခံခဲ့ရပါသေးတယ်။ ဒါပေမယ့် သူ့မိဘတွေက ချမ်းသာတဲ့သူတွေဖြစ်လို့ ထောင်တော့မကျခဲ့ပါဘူး။

ဒီတစ်ခေါက်လူသတ်မှုမှာတော့ သူ့ကို စိတ်ရောဂါဖြစ်သူအဖြစ်သတ်မှတ်ကာ အမှုမစစ်ပဲ စိတ်ရောဂါဆေးရုံကိုပို့ခဲ့ပါတယ်။ အဲဒီနောက် ၃ နှစ်အကြာမှာ သူရဲ့ဖခင်ဖြစ်သူဟာ ပြင်သစ်မှာ ဈေးအကြီဆုံး အကောင်းဆုံးရှေ့နေတွေနဲ့ လွတ်ဖို့ကြိုးစားရာ ပြင်သစ်အစိုးရဟာ Sagawa ကိုပြည်နှင်ဒဏ်ပေးပြီး ဂျပန်ကို ပြန်ပို့ခဲ့ပါတယ်။ အဲဒီနောက် ဂျပန်ကိုပြန်ရောက်တဲ့အခါ Sagawa ဟာ လွတ်လပ်သူတစ်ယောက်ပြန်ဖြစ်သွားပါတော့တယ်။

Sagawa ဟာသူရဲ့လူသတ်မှုအကြောင်းကို စာအုပ်ထုတ်ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက် ဂျပန် တီဗီအစဉ်အစဉ်အချို့မှာပါဝင်ခဲ့သလို ဂျပန်ညစ်ညမ်းရုပ်ရှင်အချို့မှာလည်း သရုပ်ဆောင်ခဲ့ပြီး ဂျပန်နိုင်ငံရဲ Celebrity တစ်ဦးဖြစ်လာခဲ့ပါတယ်။

အသက် ၆၀ကျော်ပြီဖြစ်တဲ့ Sagawa ဟာ အခုလက်ရှိမှာ တိုကျိုမြို့မှာနေထိုင်လျက်ရှိပြီး သာမာန်လူတွေလိုပဲ လွတ်လပ်စွာ သွားလာနေထိုက်လျက်ရှိပါတယ်။ သူကျူးလွန်ခဲ့တဲ့ လူသတ်မှု နဲ့ လူသားစားခဲ့တာတွေအတွက်တော့ အပစ်ဒဏ်ကျခံခဲ့ရခြင်းမရှိသေးပါဘူး။

အင်တာဗြူးတစ်ခုမှာတော့ သူရဲ့လူသားစားချင်တဲ့ စိတ်ဟာမပျောက်သေးကြောင်း ဒါပေမယ့် အရင်ကတော့ အနောက်တိုင်းသူတွေရဲ့ ပေါင်တံဖြူဖြူရှည်ရှည်တွေကို နှစ်သက်လေ့ရှိပြီး အခုမှာတော့ သူ့ရဲ့အကြိုက်ဟာ အသက်ငယ်ငယ် အာရှတွေရဲ့ ပေါင်တံကို ဆီကို ပြောင်းခဲ့ပြီဖြစ်ကြောင်းဖြေဆိုခဲ့ပါတယ်......

Ref: The Cannibal That Walk Free, Wikipedia, Internet
....................................
အခြားစိတ်ဝင်စားဖွယ်အကြောင်းအရာများကို The Mania Facebook Page မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

No comments:

Post a Comment

ဆိတ်ကျောင်းသား၏ ပုံပြင်

ဆိတ်ကျောင်းသား၏ ပုံပြင် ++++++++++++++++++ ၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနြေ...