Monday, 31 October 2016

ကမ္ဘာကျော်ထောင်ဖောက်များစုစည်းမှု အပိုင်း(၁)

Alcatraz အကျဉ်းထောင်ဟာ ဆန်ဖရန်စစ္စကို ပင်လယ်အော် ရဲ့အလယ်ကကျွန်းပေါ်မှာဆောက်ထားတဲ့ အကျဉ်းထောင်ကြီးပါ။ လူသတ်သမား မဒိန်သမား စတဲ့ အဆိုးတကာ့အဆိုးဆုံးအကျဉ်းသားတွေကိုထားတာပါ။ ရုပ်ရှင်တွေထဲခဏခဏ တွေ့ဖူးကြမှာဖြစ်သလို ဖောက်ထွင်းဖို့မဖြစ်နိုင်ဘူးလို့လည်း နာမည်ကျော်ပါတယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ် ဂျွန်လ ၁၁ ရက်နေ့မှာတော့ Clarence Anglin, John နဲ့ Frank Morris ဆိုတဲ့အကျဉ်းသားသုံးယောက်ကတော့ ထူးထူးဆန်းဆန်းပဲပျောက်ဆုံးသွားခဲ့ပါတယ်။ သူတို့သုံးယောက်လုံးဟာ ဓားပြမှု မူးယစ်ဆေးဝါးမှု အခြားထောင်များမှ ထွက်ပြေးရန်ကြံစည်ခဲ့မှုတွေနဲ့ တသက်တကျွန်းကျနေသူတွေဖြစ်ပါတယ်။ သူတို့ရဲ့အခန်းနံရံကို ဇွန်းနဲ့ဖောက်ပြီးထွက်ပြေးသွားတာပါ။ သူတို့ထွက်ပြေးတဲ့အချိန်မှာလည်း အစောင့်တွေသတိမထားမိအောင် အိမ်သာသုံးစက္ကူတွေနဲ့လုပ်ထားတဲ့ အရုပ်သုံးရုပ်ကိုစောင်ခြုံပြီထားခဲ့ပါသေးတယ်။ အာဏာပိုင်တွေကတော့ ထွက်ပြေးသူ သုံးဦးစလုံးဟာ ရေနစ်သေဆုံးခဲ့နိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်သူတို့သုံးဦးစလုံးရဲ့ အလောင်းတွေကိုတော့ ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ပါဘူး။ အဲဒီထောင်ဖောက်မှုဖြစ်ပြီး တစ်နှစ်အကြာမှာတော့ Alcatraz အကျဉ်းထောင်ကြီးကို ပိတ်သိမ်းခဲ့ပါတယ်။
အခြားစိတ်ဝင်စားဖွယ်အကြောင်းအရာများကို The Mania facebook page မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Frank Agbnale ဆိုတဲ့နာမည်နဲ့တော့ရင်းနှီးကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ် Catch Me If You Can ဇာတ်ကားထဲက အဓိကဇာတ်ကောင်ပါ။ သူဟာ အသက် ၂၁ နှစ်မတိုင်ခင်မှာပဲ ငွေကြေးလိမ်လည်မှု ပေါင်းများစွာနဲ့ လေယာဉ်မှးု ဆရာဝန် ရှေ့နေ စတဲ့ အလုပ်တွေကို ဟန်ဆောင်လိမ်ညာလုပ်ကိုင်ခဲ့ပါတယ်။ ၁၉၆၉ခုနှစ်မှာ သူ့ကို  ပြင်သစ်နိုင်ငံမှာ ဖမ်းမိခဲ့ပြီး ထောင်ခြောက်လကျခဲ့ပါတယ်။ အဲဒီနောက်ဆွီဒင်နိုင်ငံသို့လွှဲပြောင်းပေးခဲ့ပြီး ထောင်ခြောက်လထပ်ကျပါတယ်။ နောက်ဆုံး  အမေရိကန်နိုင်ငံသို့ ဗြိတိသျှလေကြောင်းနဲ့လွှဲပြောင်း ပို့ဆောင်ခဲ့ပါတယ်။ new york မြို့ jfk လေဆိပ်ကို လေယာဉ်ဆိုက်တဲ့အခါ လေယာဉ်ပေါ်မှထွက်ပြေးခဲ့ပါသေးတယ်။ နောက်တစ်ကြိမ် အမှုစစ်နေစဉ် အချုပ်ကနေထွက်ပြေးခဲ့ပါသေးတယ်။ သူဟာ လိမ်လည်မှုပေါင်းများစွာကို နိုင်ငံပေါင်းများစွာမှာ ကျူးလွန်ခဲ့ပေမယ် ထောင်ဒဏ်ငါးနှစ်သာကျခံခဲ့ရပြီး နောက်ပိုင်းမှာ မှုခင်းတိုက်ဖျက်ရေး ဟောပြောမှုတွေပြုလုပ်ခဲ့ပါတယ်။ သူဟာ သူ့ဘ၀အကြောင်းကို စာအုပ်တွေထုတ်ဝေခဲ့ပြီး Catch Me If You Can စာအုပ်ကိုရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်။
အခြားစိတ်ဝင်စားဖွယ်အကြောင်းအရာများကို The Mania facebook page မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Yoshie Shiratori ဟာ ထောင်မှ လေးကြိမ်တိုင်တိုင် ထွက်ပြေးလွတ်မြောက်ခဲ့သူတစ်ဦးပါ။1933 ခုနှစ်မှာ လူသတ်ဓားပြမှုတစ်ခုအတွက် မသင်္ကာမှုနဲ့ ဖမ်းစီးခဲ့ပြီး amori ထောင်မှာ တစ်သတ်တစ်ကျွန်း ချမှတ်ခံခဲ့ရပါတယ်။ ၁၉၃၆ မှာလက်ထိပ်ကို ၀ါယာကြိုးနဲ့ဖြုတ်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ၂ နှစ်အကြာမှာ ပြန်လည်အဖမ်းခံခဲ့ရပြီး ထောင်ရဲ့အမိုးလေ၀င်ပေါက်ကနေ ထပ်မံထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ပြန်အဖမ်းခံခဲ့ရပြီး ၁၉၄၄ မှာ သူ့ရဲ့လက်ထိပ်နဲ့ အခန်း တံကားအပေါက်ကို သံကြေးတက်အောင် miso ဟင်းချိုနဲ့ နေစဉ်လောင်းပြီး တစ်ညမှာထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ အဲဒီနောက်လူသေမှုတစ်ခုနဲ့ ထောင်ထဲပြန်ရောက်ခဲ့ပြီး သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒီတစ်ခါမှာတော့ Yoshie Shiratori ဟာ သံပြားအစတစ်ခုနဲ့ ကြမ်းပြင်ကိုဖောက်ပြီး ဇလုံနဲ့မြေကြီးကိုတူးကာထွက်ပြေးလွတ်မြောက်ခဲ့ပါသေးတယ်။ နောက်ဆုံးမှာပြန်အဖမ်းခံရပြီး တရာရုံးကသူရဲ့သေဒဏ်ကို နှစ်နှစ်ဆယ် အဖြစ်ပြန်လည်လျော့ပေါ့ပေးခဲ့ပါတယ်။ 
အခြားစိတ်ဝင်စားဖွယ်အကြောင်းအရာများကို The Mania facebook page မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

No comments:

Post a Comment

ဆိတ်ကျောင်းသား၏ ပုံပြင်

ဆိတ်ကျောင်းသား၏ ပုံပြင် ++++++++++++++++++ ၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနြေ...