Monday, 31 October 2016

ကမ္ဘာကျော်ထောင်ဖောက်အကြောင်းစုစည်းမှု အပိုင်း(၂)

အာရုံကြော ခွဲစိတ် ဆရာဝန် Sam shepard ဟာ သူ မကျူးလွန်တဲ့လူသတ်မှုအတွက်ထောင်ကျခဲ့သူပါ။ သူရဲ့ ကိုယ်ဝန်ဆောင် ဇနီးသယ်ဖြစ်သူအသတ်ခံရမှုအတွက် သူကို လူသတ်သမားအဖြစ်အစွပ်စွဲခံခဲ့ရပါတယ်။ အကျဉ်းသားအပြောင်းအရွှေ့တစ်ခုမှာတော့ sam ကိုတင်ဆောင်လာတဲ့ ထောင်ကားတိမ်းမှောက်ခဲ့ပါတယ်။ ထိုအခွင့်အရေးကိုအသုံးချပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ လေးနှစ်အကြာ တရားခံပြေးအဖြစ် ပုန်းရှောင်ရင်း သူ့ဇနီးဖြစ်သူသေဆုံးမှုအတွက် ခိုင်မာတဲ့ သက်သေအထောက်အထားတွေရှာဖွေတွေ့ရှိခဲ့ချိန်မှာတော့ ပြန်လည်အဖမ်းခံခဲ့ပြီးသူ့မှာအပစ်မရှိကြောင်း သက်သေပြခဲ့ပါတယ်။ Sam Shepard ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို ၁၉၉၃ ခုနှစ်က The Fugitive ဆိုပြီး မင်းသားကြီး Harrison Ford နဲ့ရုပ်ရှင်ပြန်ရိုက်ခဲ့ပါတယ်။ မကြည့်ရသေးသူများ ကြည့်ကြည့်ကြပါ။ အရမ်းမိုက်ပါတယ်။
အခြားစိတ်ဝင်စားဖွယ်အကြောင်းအရာများကို The Mania facebook page မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Ted bundy အကြောင်းကို အရင်တစ်ခေါက် ကြောက်စရာအကောင်းဆုံး စိတ္တဇ လူသတ်သမားများပိုစ့်မှာတင်ခဲ့ပါသေးတယ်။ မဖတ်ရသေးသူများ The Mania page မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ သူကိုအမှုစစ်နေစဉ်အတွင်းမှာပဲ တရားရုံး ဒုတိယထပ်မှ ခုန်ချထွက်ပြေးခဲ့ပါတယ်။ ခြောက်ရက်အကြာမှာ ပြန်ဖမ်းမိခဲ့ပြီး နောက်တစ်ကြိမ်ထောင်မှထွက်ပြေး လွတ်မြောက်ခဲ့ပါသေးတယ်။ သူဟာထောင်ဖောက်ဖို့ခြောက်လတိတိ ကြိုတင်စီစဉ်ခဲ့ပြီး တစ်ရက်မှာတော့ အခြားအကျဉ်းသားတွေရေချိုးနေတဲ့အချိန်မှာ ထွက်ပြေးခဲ့တာပါ။ သူထောင်ဖောက်ပြေးသွားတာကို နောက်တစ်နေ့မနက်ရောက်မှ သိကြတယ်လို့ဆိုပါတယ်။ သူဟာထွက်ပြေးနေစဉ်အတွင်းမှာပဲ လူသတ်မှုတွေကိုထပ်မံကျူးလွန်ခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ သူ့ကိုပြန်လည်ဖမ်းမိခဲ့ပြီး လျက်စစ်ထိုင်ခုံမှာ ကွပ်မြက်ခဲ့ပါတယ်။
အခြားစိတ်ဝင်စားဖွယ်အကြောင်းအရာများကို The Mania facebook page မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Stalag Luft 3 ဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာမိတ် သုံပန်းများကိုဖမ်းစီးထားတဲ့ နာဇီသုံ့ပန်းအကျည်းထောင်တစ်ခုဖြစ်ပါတယ်။ 1944 မတ်လ မှာတော့ မဟာမိတ်သုံ့ပန်းအချို့ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ သူတို့ဟာ ထွက်ပြေးဖို့အတွက် မြေအောက်လှိုင်ခေါင်းကို ဆယ့်တစ်လကြာတူးခဲ့ကြပါတယ်။ ၁၉၄၄ မတ်လ ၂၄ ရက်နေ့ ညမှာတော့ လူနှစ်ရာ ထွက်ပြေးဖို့ကြိုးစားခဲ့ပြီး ၇၆ ယောက် ထွက်ပြေးနိုင်ခဲ့ပါတယ်။ အဲဒီထဲကမှ သုံးယောက်ပြန်ဖမ်းမိပြီး သူတို့ကိုသတ်ဖို့ ဟစ်တလာက အမိန့်ပေးခဲ့ပါတယ်။ ထို့အပြင် ထောင်ရဲ့ ဗိသုကာပညာရှင်နဲ့ အဲဒီညက တာဝန်ကျ အစောင့်အားလုံးကို သေဒဏ်ပေးခဲ့ပါတယ်။ 
အခြားစိတ်ဝင်စားဖွယ်အကြောင်းအရာများကို The Mania facebook page မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Frank Freshwaters ကိုတော့ Andy Dufresne ဆိုတဲ့ shawshank redemption ထဲကဇာတ်ကောင်နာမည်နဲ့ပဲ လူသိများကြမှာပါ။ Shawshank Redemption ဇာတ်ကားဟာ သူ့အကြာင်းကို အခြေခံပြီး စိတ်ကူးယာဉ်ဇာတ်လမ်းနဲ့ပေါင်စပ်ရိုက်ကူးထားတဲ့ဇာတ်ကားပါ။ လူသတ်မှုနဲ့ထောင်ကျခဲ့ပြီး ၁၉၅၀မှာ အိုဟိုင်းယိုး အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ အဲဒီနောက် ၅၆ နှစ်ကြာပုန်းရှောင်နိုင်ခဲ့အပြီးမှာတော့  ပြန်လည်အဖမ်းခံခဲ့ရပါတယ်။ 
အခြားစိတ်ဝင်စားဖွယ်အကြောင်းအရာများကို The Mania facebook page မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

No comments:

Post a Comment

ဆိတ်ကျောင်းသား၏ ပုံပြင်

ဆိတ်ကျောင်းသား၏ ပုံပြင် ++++++++++++++++++ ၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနြေ...