Wednesday, 26 October 2016

အဆုံးအမ

သံဃာကို တခြားလူတွေကအပြစ်ပြောလာကြတဲ့အခါ ဗုဒ္ဓဘာသာဝင်တွေ ဘယ်လိုပြုမူသင့်သလဲ။
တရားကို တခြားလူတွေက အပြစ်ပြောလာတဲ့အခါ ဗုဒ္ဓဘာသာဝင်တွေဘယ်လိုပြုမူသင့်သလဲ။
ဘုရားကို တခြားလူတွေက အပြစ်ပြောလာတဲ့အခါ ဗုဒ္ဓဘာသာဝင်တွေ ဘယ်လိုပြုမူသင့်သလဲ။

အဲ့ဒီလို အပြစ်ပြောလာတဲ့ လူသုံးမျိုးကို ဘယ်တော့မှရန်မဖွဲ့ စမ်းနဲ့။ ပြောလိုက်တဲ့ အပြစ်အပေါ် မှာလည်း စိတ်မကျေမချမ်း မဖြစ်စမ်းနဲ့။

အခြားတဖက်မှာလည်း... သံဃာကို ဖြစ်ပါစေ၊ တရားကို ဖြစ်ပါစေ၊ ဘုရားကို ဖြစ်ပါစေ တခြားလူတွေက ချီးမွန်းတဲ့ အခါ ဘယ်တော့မှ ဝမ်းမသာနဲ့။ ချီးမွန်းလိုက်တဲ့အပေါ်လည်း တက်ကြွမနေကြနဲ့။

ဘာ့ကြောင့်လဲ။

ဒေါသထွက်တဲ့အခါ တစ်ဖက်လူ ဆိုနေတဲ့ အပြစ်ကို လုံးစေ့ပတ်စေ့ ကြားနိုင်ပါ့မလား။ မကြားနိုင် ရုံသာမက ကိုယ်ကပါ အမျက်ထွက်နေတော့ အန္တရာယ်တွင်းထဲ တွန်းပို့ရာ ရောက်နေတယ်။

အဲသလိုပဲ ဝမ်းသာနေတဲ့အခါရော တစ်ဖက်လူ သုံးသပ်ချက်ဟာ မှန်မမှန် သိနိုင်ပါ့မလား။ မသိရုံမက ကိုယ်က ဝမ်းသာ တက်ကြွပြနေတော့ အန္တရာယ်တွင်းထဲပဲ တွန်းပို့ရာ ရောက်နေတယ်။

အပြစ်ရဲ့ ဖြစ်ကြောင်းတရားကို ရှာပြပါ။ ဒီအကြောင်းဟာ ဘုရားမှာ မရှိ၊ တရားမှာမရှိ၊ သံဃာမှာလည်း မရှိ။ ဒီလို မရှိရင် မရှိတဲ့အကြောင်းကို ထုတ်ဖော်ပြောကြားပါ။ ဖြေရှင်းပါ။ ဝန်ခံပါ။

ချီးမွန်းတဲ့အခါလည်း ထို့အတူပဲ။ ဂုဏ်ရဲ့ ဖြစ်ကြောင်း တရားကို ရှာပြပါ။ ဒီအကြောင်းဟာ ဘုရားမှာလည်း ရှိ၊ တရားမှာလည်းရှိ၊ သံဃာမှာလည်း ရှိ။ ဒီလို ရှိရင် ရှိတဲ့အကြောင်းကို ထုတ်ဖော် ပြောကြားပါ။ ဖြေရှင်းပါ။ ဝန်ခံပါ။

ပြီးတာနဲ့ ရှေ့သာဆက်လျှောက်ကြပါ။

(သီလခက္ခန်ဝဂ်> ဗြဟ္မဇာလသုတ်)

No comments:

Post a Comment

ဆိတ်ကျောင်းသား၏ ပုံပြင်

ဆိတ်ကျောင်းသား၏ ပုံပြင် ++++++++++++++++++ ၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနြေ...