Wednesday, 26 October 2016

ခွေးတစ်ကောင်၏အပြူအမူများ

ခွေး တစ်ကောင် ၏ အပြုအမူ များ
***********************

သင် ခွေးတစ်ကောင် မွေး ခဲ့သည် ရှိသော်
သင် စိတ်ဝင်စား အောင် ပြုလုပ်ပေး တတ် သည့်  အပြုအမူတစ်ချို့အား ဖေါ်ပြပါသည်။

အိမ်သို့  အသိမိတ်ဆွေ များ လာသည့် အခါ
အပြေးအလွှား သွား ခရီးဦးကြို နူတ်ဆက် တတ်ပါသည်။ ဆန့်ကျင်ဘက် အနေ ဖြင့်
သူ မသိသော လူများ လာပါ က သခင်သိအောင် တစ်မျိုး သူစိမ်းလန့် အောင်
တစ်ဖုံ ဟိန်းဟောက် တတ်ပေသည်။

ကား ဆိုင်ကယ် အပျော်စီးရန် အခွင့်အရေး ရပါက လည်း  လူ ကဲ့သို့ ပင် မိန့်မိန့်ကြီး လိုက်ပါ ၍သန့်ရှင်းသော လေအား အမိအရ ရှုရှိုက် ၍မိမိ မျက်နှာ သို့ ထိတွေ့လေ ကို ပီတိ အပြည့်ဖြင့်  ခံယူ တတ်ပေ သည် ။

သင် စိတ်ဝင်စား သော အရာများအပေါ်တွင်
လည်း လိုက်နာပြီး အလေ့အကျင့် ဖြစ်အောင်
ပြုမူ ထားတတ် ပါသည်။
သင့် ပိုင်နက် နယ်မြေ သို့ ကျုးကျော်သူများ
ရှိပါက လည်း  အများသိအောင် အချက်ပေး
တတ် ပါသည်။

တစ်ရေးတစ်မော အိပ်စက်တတ် သလို
အိပ်ယာ မထ ခင်လည်း အညောင်းဆန့် အကြော ဖြေ တတ်ပါသည်။
နေ့စဉ်နေ့တိုင်း ပြေးလွှား  မြူးတူး ခုန်ပေါက် ကစားတတ် ပါသည် ။
သင့် ခန္ဓာကိုယ် အား လှည့်ပတ် ခုန်ပေါက်
ကစားပြီး သင့်အား ပျော်ရွှင် စေပါသည်။

နွေးထွေးသော နေ့ရက်များတွင် သင့် ၏
နောက်ကျောဖက် မြက်ခင်းပေါ် လဲလျောင်း ရန် ကြံစည် နေတတ် ပါသလို့
ပူပြင်းသော နေ့ရက် များတွင်တော့  ရေ အဝ
သောက် ဗိုက်မှောက် ၍ အရိပ်ရ အပင် အောက် ၌ လဲလျောင်း နေတတ် ပါသည်။

တစ်ခါတစ်ခါ တော့ လမ်းအတူ လျှောက် ၍
ရိုးသားသောပျော်ရွှင်မှု ဖြင့် သင့်အား နှစ်သိမ့်
ကျေနပ် စေပါသည်။
တစ်ခါတစ်ခါ တော့လည်း တက်ကြွမှု အပြည့်
နှင့် အစားကို အားရပါးရ စားတတ် သလို့

သင်   စိတ်လက်မအီမသာ ဖြစ်နေသည့် နေ့
များတွင် မူ့ သင့်အနား မှာ တိတ်ဆိတ်စွာ
နေလျက့့် သင် စိတ်သက်သာ ဖို့ ပွတ်သီး
ပွတ်သပ် များ လုပ်ပေး တတ်ပါသည်။


Ref :  If a dog were your Teacher
         Written  by Author Unkown

No comments:

Post a Comment

ဆိတ်ကျောင်းသား၏ ပုံပြင်

ဆိတ်ကျောင်းသား၏ ပုံပြင် ++++++++++++++++++ ၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနြေ...