Wednesday, 26 October 2016

ဒုလ္လဘရဟန်း

ဒုလ္လဘရဟန်း
----
ဒုလ္လဘရဟန်း=ရနိုင်ခဲသော ရဟန်းအဖြစ်ကို ရအောင်ယူထားသူ ဟူ၍ အဓိပ္ပယ်ရှိပါသည်…။
ရဟန်းပြုခြင်းနှင့် ပတ်သတ်၍ ၅ မျိုးခွဲခြားထားသည်…။

( ၁ )
သဒ္ဓါ ပဗ္ဗဇိတ =ယုံကြည်ခြင်းကြောင့်ရဟန်းပြုသူ…

အကြင်သူသည် ရတနာသုံးပါကို ယုံကြည်ခြင်း သဒ္ဓါတရားကို အကြောင်းပြု၍ ရဟန်းပြုပါသည်…။ရတနာသုံးပါးကို ယုံကြည်၍ သီလ…သမာဓိ…ပညာ သိက္ခာသုံးပါ စောင့်ထိန်း လိုက်နာကျင့်ကြံနေထိုင်ပါက အကျိုးရှိပါသည်…။သာသနာတော်ကို ဂုဏ်ကျက်သရေဆောင်မယ့် ပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပါသည်…။

( ၂ )
ပညာ ပဗ္ဗဇိတ=ပညာကြောင့် ရဟန်းပြုသူ

ဗုဒ္ဓ၏ ပိဋကတ် ကျမ်းဂန်စာပေများကို လေ့လာရန် ရဟန်းပြုသည့်အတွက်"ပညာ ပဗ္ဗဇိတ"မည်၏…။

( ၃ )
ဘယာ ပဗ္ဗဇိတ=အပြစ်ဘေးကြောင့် ရဟန်းပြုသူ

သာသနာတော် အတွက် အကျိုးမရှိနိုင်ပါ…။

( ၄ )
မိရိုးဖလာ ပဗ္ဗဇိတ=မိဘရိုးရာ အစဉ်အလာကြောင့် ရဟန်းပြုသူ

အစဉ်အလာကြောင့် အသက်၂၀ပြည့်၍ ရဟန်းပြုသူကို ဆိုလိုသည်…။

( ၅ )
ဒုလ္လပဗ္ဗဇိတ =ရခဲသော ရဟန်းအဖြစ်ကို ရလိုသောကြောင့် ရဟန်းပြုသူဖြစ်သည်…။

ယင်းရဟန်းသည် ရဟန်းဘဝတွင် အမြဲပင်မနေနိုင်သော်ငြား ရခဲသော ရဟန်းအဖြစ်ကို ရက်အနည်းငယ် ရယူခြင်းဖြစ်သည်…။နောက်နောင်ဘဝတွင် အထုံပါရမီပါအောင် အားထုတ်မည်ဟု ရည်မှန်း၍ ရဟန်းပြုသူမျိုးဖြစ်သည်…။

ထိုရခဲသော ရဟန်းအဖြစ်ကို ပြု၍ မိမိရဟန်းဘောင်တွင် နေထိုင်စဉ်ကာလ၌ီသီိလသိက္ခာပုဒ်ကို ထိန်း …ဆရာသမားများ၏ သြဝါဒကို ခံယူ …တရားဘာဝနာအားထုတ်ပါက အကျိုးရှိမည်ဖြစ်သည်…။

---
မှတ်ဖူး ဖတ်ဖူးသမျှသာ…
မူရင်းစာပေများကို creditပေးပါသည်…။

No comments:

Post a Comment

ဆိတ်ကျောင်းသား၏ ပုံပြင်

ဆိတ်ကျောင်းသား၏ ပုံပြင် ++++++++++++++++++ ၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနြေ...