သင့်ကလေးအား ယုံကြည်မူ ပျိုးထောင်ပေးရန် အကောင်းဆုံးနည်းလမ်းများ
=============================================
ယဉ်ကျေးမူ အရ ကျနော်တို့ဟာ လိမ္မာတဲ့ကလေး ( မိဘဆရာကို အပြည့်အ၀နာခံတဲ့ကလေး ) ကို ပျိုးထောင်တတ်ကြပြီး မိမိကိုယ်မိမိယုံကြည်မူအပြည့်ရှိတဲ့ကလေးကို ပျိုးထောင်ဖို့ အားနည်းတတ်ကြပါတယ်။ ကျနော်တို့ဟာ ကလေးများကို ဆုံးမဖို့ စကားမရှားပါ။ အားပေးတဲ့စကားသာရှားပါးနေတတ်ပါတယ်။ အကျိုးဆက်အနေနဲ့ ကျနောတို့ဟာ နာခံတတ်တဲ့သူများ၊ နောက်လိုက်များ ပေါများပြီး ကိုယ်ပိုင်တီထွင်ကြံဆပြီး အောင်မြင်အောင် စွမ်းဆောင်နိင်တဲ့လူ နည်းပါးနေတတ်ပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မူဟာ အောင်မြင်မူအားလုံးရဲ့ အစ ဖြစ်ပါတယ်။ ငယ်စဉ်ကစပြီး ပျိုးထောင်ပေးရပါမယ်။ ဆွေးနွေးကြရအောင်.....
၁။ ကလေးတောင်းဆိုချက်ကို အလေးအနက်ထားပေးပါ။ ကလေးဘာပဲတောင်းဆိုတောင်းဆို၊ဖြစ်နိုင်ရင် ဆောင်ရွက်ပေးပါ။ မရဘူးဆိုရင်လည်း အကျိုးအကြောင်းရှင်းပြပေးပါ။ ကလေးများရဲ့ တောင်းဆိုချက်ကို အမြဲလစ်လျူ ရူ့မိရင် အလေးထားမခံရဘူးလို့ အထင်ဝင်စေပြီး ယုံကြည်မူ အားနည်းတတ်ပါတယ်။
၂။ တစ်ပတ်တစ်ခါဖြစ်ဖြစ်၊ ကျောင်းပိတ်တဲ့အခါဖြစ်ဖြစ်၊ ကလေးများနဲ့အတူ အပြင်ထွက်လည်ပေးပါ။ ထွက်လည်တဲ့အစီအစဉ်နဲ့ ပတ်သက်လို့ ကလေးရဲ့ အကြံအဥာဏ်ကိုလည်း ရယူပါ။ “ သားသားဘယ်သွားချင်သလဲပြော” ဆိုတဲ့ပုံစံမျိုး မမေးပါနဲ့၊ “ သားသား တိရိစ္ဆာန်ရုံသွားချင်လား၊ ရေပန်းဥယဉ်သွားချင်လား” ဆိုတဲ့ ပုံစံမျိုးဖြင့်မေးပါ။ ရွေးချယ်မူ ပေးတဲ့ မေးခွန်းမျိုးကို ဆိုလိုပါတယ်။
၃။ ကလေးအမှားတစ်ခုခု လုပ်မိရင် မလှောင်ပြောင်ပါနဲ့၊ လူတွေရဲ့ ရှေ့မှာလည်း အပြစ်မပြောမိပါစေနဲ့၊ အချိန်တစ်ခုခု ပြောင်းပြီး သူ့ကိုလမ်းညွန်ပေးပါ။
၎။ ကလေးက တစ်ခုခုမေးခွန်းထုတ်လာရင် သေချာစွားနားထောင်ပေးပါ။ တကယ်လို့ မသိဘူးဆိုရင်လည်း ရိုးရိုးသားသား ၀န်ခံလိုက်ပါ။ မိဘလည်း အကုန်လုံး တတ်သိတာမဟုတ်ဘူးဆိုတာကို နားလည်စေတဲ့သဘောပါ။
၅။ အတတ်နိုင်ဆုံး တိုင်ပင်တဲ့ လေသံနဲ့ ကလေးကို ဆက်ဆံပါ။ ဥပမာ “ ဖေဖေကို ရေတစ်ခွက်ခတ်ပေးပါလား၊ သား” လို့ပြောလိုက်ရင် အသံမာမာနဲ့ ခိုင်းစေတာထက် ကလေးအတွက် “ အလိုအပ်ခံရတဲ့ဂုဏ်စိ” ပိုမိုမြင်တင်စေနိုင်ပါတယ်။ “ အလိုအပ်ခံရခြင်း” ဟာ အရေးပါအရာရောက်စေပြီး ယုံကြည်မူကို တိုးပွားစေနိုင်ပါတယ်။
၆။ အိမ်ကနံရံတွေပေါ်မှာ ကလေးတွေ ရေးဆွဲထားတဲ့ ရုပ်ပုံတွေ ချိတ်ဆွဲခွင့်ပေးပါ။ သူတို့ဆုတံဆိတ်တွေ ရခဲ့ရင် သေသေချာချာ ပြသပေးထားပါ။ “ ဂုဏ်ယူစိတ်” တွေဟာကလေးယုံကြည်မူအတွက် အားဆေးတစ်ခွက်ပါ။
ရ။ ဖြစ်နိုင်ရင် ကလေးကို ကိုယ်ပိုင်အခန်းတစ်ခန်း၊ မဖြစ်နိုင်ရင် အခန်းတောင့်တစ်နေရာ ကလေးကိုပေးပါ။ လွတ်လပ်စွားဆော့ကစားပါစေ။ “ ပိုင်နက်” ရှိစေခြင်းဖြင့် ကလေးယုံကြည်မူကို တိုးပွားစေတတ်ပါတယ်။
၈။ သူများကလေးနဲ့ ဖြစ်ဖြစ်၊ ပိုမိုထူးချွန်တဲ့အခြားကလေးများနဲ့ ဖြစ်ဖြစ် ဘယ်တော့မှ မနိုင်းယှဉ်ပါနဲ့၊ ကလေးများရဲ့ ယုံကြည်မူကို ထိခိုက်လွန်းလို့ပါ။
၉ ။ ကလေးနဲ့ ဈေးဝယ်ထွက်ရင် သူတို့လေးတွေကို တွက်ချက်ခိုင်းပါ။ ပိုက်ဆံရှင်းခိုင်းပါ။
၁၀။ ကလေးများရဲ့ အကြံအဥာဏ်ကို တန်ဖိုးထားပေးခြင်းဖြင့် ယုံကြည်မူ တိုးတက်စေပါ။ ဥပမာ ကလေးအတွက် အ၀တ်အစားဝယ်တဲ့အခါ သူတို့ကိုရွေးချယ်ခိုင်းတာမျိုး၊ သူတို့ရွေးတဲ့အရောင်ကို သင်မကြိုက်ရင်တောင်မှ သူတို့ကို အတတ်နိုင်ဆုံး အလိုလိုက်သင့်ပါတယ်။
၁၁။ တန်းတူညီမျဆက်ဆံခြင်းဖြင့် ကလေးယုံကြည်မူကို ပျိုးထောင်ပေးပါ။ ဥပမာ၊ ကလေးတွေနဲ့ အတူ သူတို့နှစ်သက်တဲ့ ကာတွန်းကားအတူကြည့်ပြီး ဇတ်ကောင်အကြောင်းဖြစ်ဖြစ်၊ ဇတ်လမ်းအကြောင်းဖြစ်ဖြစ် ဆွေးနွေးပေးပါ။
၁၂။ သင်ရဲ့ အသိအမှတ်ပြုခြင်းဖြင့် ကလေးယုံကြည်မူကို တည်ဆောက်ပါ။ ကလေးတိုးတက်မူ အနည်းငယ်ရှိတိုင်း အသိအမှတ်ပြုပေးပါ။ အသိအမှတ်ပြုနိုင်မဲ့ အကြောင်းရင်းကို ရှာဖွေပါ။ ပြီးရင် အသိအမှတ်ပြု ချီးမွမ်းပေးလိုက်ပါ။ ဥပမာ “ သမီးဒီနေ့ အိမ်စာကိုယ်ဖာသာကိုယ်လုပ်ပြီးသွားပြီပေါ့၊ တိုးတက်လာပြီပဲ”
၁၃။ သူတို့ သူငယ်ချင်းများနဲ့ အတူကစားခွင့်ပေးပါ။ သူတို့နဲ့ လုံးဝမသိသေးတဲ့ ကလေးများနဲ့ ရောခွင့်ပေးပါ။
၁၄။ အစီအစဉ်ချတတ်တဲ့ အကျင့် ပျိုးထောင်ပေးပါ။ ကလေးများအစီအစဉ်ဆွဲတတ်ဖို့ မိဘများကူညီပေးပါ။ အဲဒီအစီအစဉ်အတိုင်း လိုက်နာဆောင်ရွက်ဖို့ စောင့်ကြည့်ပေးပါ။ သတိပေးပါ။ အားပေးပါ။
၁၅။ မိဘများရဲ့ ကတိပျက်မူဟာ ကလေးများရဲ့ ယုံကြည်မူကို ဖျက်ဆီးပစ်တတ်ပါတယ်။ ဒါကြောင့် သားသမီးပေမဲ့ မိဘများ ကတိပေးမလွယ်သင့်ပါ။
၁၆။ ကလေးများ အပြုသဘော ဆောင်တတ်အောင် မသိမသာ ပဲ့ကိုင်ပေးပါ။ ဥပမာ ဒီနေ့ကောင်းကင်ပြာလိုက်တာ၊ အရမ်းစိတ်ချမ်းသာတာပဲ။ ဒီနေ့ ရာသီဥတု အရမ်းသာယာတာပဲ၊ တိမ်တွေလည်း လှလိုက်တာ၊ စသည်ဖြင့် အကောင်းဘက်ကနေ စကားပြောပေးပါ။
၁၇။ ကလေးရဲ့ အားသာချက်ကို နိုက်ထုတ်ပြီး ကလေးယုံကြည်မူ တိုးတက်ပါစေ၊ ကလေးပုံဆွဲကောင်းရင် ပန်းချီသင်တဲ့စာအုပ် ၀ယ်ပေးတာမျိုး၊ သူကြိုက်တဲ့ ကာတွန်းကား ဇတ်ကောင်နဲ့ သက်ဆိုင်တဲ့ စာအုပ်ဝယ်ပေးတာမျိုး။
၁၈။ ကလေးကို ကိုယ်နိုင်တဲ့ဝန်ထမ်းခိုင်းပါစေ၊ ဥပမာ ကလေးကို မိမိနိုးစက်ဖြင့် အိပ်ယာထစေတာမျိုး၊ ကိုယ်စားထားတဲ့ ပန်းကန်ကို ကိုယ်တိုင်သိမ်းဆည်းတာမျိုး၊ ကိုယ့်အ၀တ်အစားကို ကိုယ်တိုင်လဲတာမျိုးတို့ ဖြစ်တယ်။
၁၉ ။ ဆဲဆိုကြိမ်းမောင်းခြင်း ဘယ်တော့မှ မပြုပါနဲ့၊ ကလေးကို ဆုံးမလို့ရပါတယ်။ ဒါပေမဲ့ ဆဲဆိုကြိမ်မောင်းတာမျိုး မလုပ်ပါနဲ့၊ ကလေးယုံကြည်မူ ထိခိုင်းလွန်းလို့ပါ။
အသုံးဝင်နိုင်ပါစေ။
Ref: Wechat
Credit;Sayar Aung Ko Latt
Subscribe to:
Post Comments (Atom)
ဆိတ်ကျောင်းသား၏ ပုံပြင်
ဆိတ်ကျောင်းသား၏ ပုံပြင် ++++++++++++++++++ ၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနြေ...
-
အဖေပါအခန်းထဲလိုက်ဝင်ပြီး ညီမလေးကိုအတင်းချုပ်နှောင် မဒိန်းကျင့်တော့တာပါပဲ…။ ကျွန်မ(စုစုမောင်)ကိုယ်တိုင်စစ်မေးခဲ့ဖူးတဲ့ မုဒိန်းမှု့အကြောင်းလေး...
-
စနှိုက်က်ကြော် မဟုတ်ဘူး သိန်းငှက် လို့ ပြန်ဖြေရှင်းလိုက်တဲ့ နန်းသီရိမောင် ဒီPost ကို သေချာဖတ်ကြည့် ပြီးသူ့ရဲ့ သူပိုင်ပါသည်ဆိုတဲ့ သူနဲ့တရား...
-
ဂျွန်လ ၁၃ ရက် ညအချိန် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ လမ်းဘေးတစ်နေရာမှာ အရပ်ပုပု အာရှသားတစ်ဦးဟာ ခရီးဆောင်အိတ်နှစ်အိတ်နဲ့ ကားငှါးဖို့စောင့်နေပါသတ...
No comments:
Post a Comment