Wednesday, 26 October 2016

သံယောဇဉ်ဆိုတာ

သံယောဇဉ်ဆိုတာ
===========
တစ်ခါတရံ သူအပေါ်ကိုယ်က
အရာရာကောင်းခဲ့ပါလျှက် သူ့ဘက်က
ခွင့်မလွတ်နိုင်တဲ့ အရာလေးတွေ
ကျူးလွန်မိတယ်လို့ ကိုယ့်စိတ်က ထင်ခဲ့မိရင်
သူ့အပေါ်နာကျည်းမုန်းတီးသွားတတ်
ကြပါတယ်။

ဒီအခါ သူ့ရဲ့ကောင်းကွက်လေးတွေ
ကြင်နာမူ လေးတွေကို မေ့လျော့
ဥပက္ခာပြုမိတတ်ကြပါတယ်။
သူ့ရဲ့ သစ္စာမေတ္တာတွေ လွှမ်းခြုံနေမှုကို
ပြစ်မှား နေမိတတ်ကြပါတယ်။
သစ္စာမဲ့သူအဖြစ်လည်း
ဆက်ဆံနေမိတတ်ကြပါတယ်။

ဒီအခါ ချစ်တယ်ဆိုတဲ့စကားဟာ
ဝမ်းသာစရာစကား မဖြစ်လာတော့ဘူး
ဒီအခြေနေမှာ ယုံကြည်ဖို့အဆင့်ဆိုတာ
မုသားစကားတွေပဲ ဖြစ်လာမှာပါ
သူ့ရဲ့အပြုံးလေးတွေက
ကောက်ကျစ်စဉ်းလဲသူလို့
ကိုယ့်ကိုအမြဲခြောက်လှန့်နေမှာပါ။

သူ့အပေါ်နားလည်ပေးလိုက်ပါ
သံယောဇဉ်ဆိုတာ ထုတ်ပြပိုင်ခွင့်မရှိတဲ့
အရာလေး တွေဖြစ်လာမှာပါ။
ကိုယ်ကျင့်တရားဆိုတာ မှတ်ကျောက်တင်
မခံနိုင်တဲ့ အရာတခုဖြစ်လာမှာပါ။

ဒီချိန်မှာ
သူ့အပေါ်မှာ ယုံကြည်တဲ့
အထောက်အထားပုံစံတွေ အများကြီးရအောင်
ရှာကြည့် ပေးရပါမယ်။

သူ့တန်ဖိုးကို မြှင့်တင်ပေးရပါမယ်
ဒီသံသယတွေကို အမှန်တရားလမ်းကြောင်းပေါ်
ဖြစ်တည်လျောက်လှမ်းနိုင်အောင်
သူ့ရဲ့ကောင်းကွက် ကလေးတွေကို
ကြည့်ပေးတတ်ရပါမယ်။

နောက်ဆုံးကိုယ်က သူ့အပေါ်သဘောထားကြီးသူ
အဖြစ်အနိုင်ယူပြလိုက်စမ်းပါ။
 
ဒီအရာလေးတွေကပဲ နှလုံးသားအပါယ်ခံဘဝက
ပြန်ပြီးအသက်ဝင်လာမှာပါ။
လမ်းပျောက်နေတဲ့အချစ်တွေ
လမ်းမှန်ပေါ် ပြန်ရောက်နိုင်မှာပါ၊၊

တကယ်တော့ သူ့အပေါ်ကိုယ်က
သံယောဇဉ်မှ မပြတ်နိုင်ပဲလေ
ချစ်ရတာ အပူမလွတ်သလို
မုန်းရတာလဲ မအေးချမ်းပါဘူး။

ဒါကြောင့် သူ့ကို မုန်းလိုက်ရင်အေးတာပဲ ဆိုတဲ့ အတွေးကို ဖယ်ပြီး  သံသယကင်းကင်းနဲ့
ဘဝဆုံးတိုင်​ လက်​တွဲသွားနိုင်​ကြပါ​စေ...

ကျော်​​ကျော်​ခိုင်
#KKK

No comments:

Post a Comment

ဆိတ်ကျောင်းသား၏ ပုံပြင်

ဆိတ်ကျောင်းသား၏ ပုံပြင် ++++++++++++++++++ ၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနြေ...