ဘ၀အတွက်တန်ဖိုးရှိသော အမူအကျင့်များ
=======================
ဘ၀အတွက်တန်ဖိုးရှိသော အမူအကျင့်များ
ရေးသားသူ - Mr. Guy (World Myanmar)
အကောင်းမြင်ဝါဒီ ကျင့်သုံးသူများဟာ အဖိုးမဖြတ်နိုင်အောင်ကာင်းမွန်သောအောင်မြင်မှုများ၊ ပျှော်ရွှင်မှုနှင့်စိတ်ချမ်းသာမှုတို့ကိုဆွတ်ခူးနိုင်မှာအသေချာပင်။
အောက်ပါအချက်(၇)ချက်ကိုလိုက်ပါလုပ်ဆောင်နိုင်မယ်ဆိုရင်တော့ သင့်ရဲ့ဘ၀ဟာ ပျှော်ရွှင်မှုနှင့် အတူအောင်မြင်စွာဖြတ်သန်းသွားရမှာပါ။
၁) ကျေးဇူးသိတတ်ပါ- လူတယောက်ပဲဖြစ်ဖြစ်၊မည်သူမဆိုကိုယ့်အပေါ်ကြင်နာတတ်သောသူ၊ကိုယ့်အားကူညီပေးသောသူကို ရိုးသားစွာကျေးဇူးစကားဆိုပါ။ မိမိဆုတောင်းတဲ့အခါတိုင်း သူတို့အတွက်ပါဆုတောင်းပါ။
၂) အားထားယုံကြည်ရသူတဦးဖြစ်အောင်ကြိုးစားပါ-
သဘောတူညီမှုယူထားတဲ့ အရာတွေကိုတာဝန်သိတတ်စွာထိန်းသိမ်းစောင့်ရှောက်ပါ။မထင်မှတ်ပဲကြာမြင့်ခဲ့ ရင်လည်းဂတိတာဝန်ကို မဖောက်ဖျက်မိပါစေနဲ့။
၃) ဇွဲမလျှော့ပဲမဆုတ်မနစ်ကြိုးပမ်းပါ-
အန္တရာယ်၊အခက်အခဲ၊အတားအဆီးတွေကြုံလာခဲ့ရင် စိတ်ရှည်စွာရင်ဆိုင်ကျော်ဖြတ်နိုင်ရန်အားစိုက်ပါ။ ရည်မှန်းချက်ကြီးသူတဦးအနေနဲ့ဇွဲမလျှော့ပဲပန်းတိုင်ကိုရောက်အောင်သွားနိုင်မယ်ဆိုရင် သင့်ကို ဘယ်အရာမှတားဆီးနိုင်မှာမဟုတ်ပါ။
၎) အားပေးတိုက်တွန်းပါ-
ထူးချွန်သောသူ၊အောင်မြင်သောသူတွေရဲ့လုပ်ရပ်တွေကိုအားပေးပါ။ထောက်ပံ့ပါ။ အလားတူ သင့်လိုပဲဘ၀အတွက်တိုက်ပွဲဝင်သူများကို လည်းဖေးမကူညီပါ။
၅) အကြင်နာမေတ္တာ မျှဝေပါ-
အခက်အခဲကြုံနေသူများကို ကူညီရိုင်းပင်းပါ။ လောကကြီးရှိလူသားများကို မေတ္တာတရား၊ ပေးကမ်းလိုစိတ်၊ ခွင့်လွှတ်နားလည်မှုများစွာဖြင့် ဆက်ဆံပါ။
၆) ပူးပေါင်းဆောင်ရွက်ပါ-
သင်ဟာနှစ်ဦးနှစ်ဖက် အကျိုးရှိမယ့်အရာတွေ အများအတွက်ကောင်းကျိုးဖန်တီးပေးနိုင်မယ့် ဘယ်အရာကိုမဆို ညှိနှိုင်း၊တိုင်ပင်၊ကြိုဆိုပါ။ အမြင်မတူသူများနှင့်လည်းအဆင်ပြေနိုင်စေရန် နည်းလမ်းရှာဖွေပါ။
၇) အဆက်မပြတ်သင်ယူပါ-
တိုးတက်ရာတိုးတက်ကြောင်းအတွက် ကျွမ်းကျင်မှုအသစ်၊နည်းပညာအသစ် အစရှိသည်တို့ကို အဆက်မပြတ်လေ့လာသင်ယူပါ။ ကျွမ်းကျင်ပြီးသောအရာများနှင့်နောက်ထပ်ပိုပြီး ရလာမယ့်အသိပညာ၊ အတတ်ပညာတို့ဖြင့်ပေါင်းစပ်ကာ အနာဂတ်နှင့်ပစ္စုပ္ပန်ကိုပို၍လှပအောင်ဖန်တီးပါ။
ကမ္ဘာကျော်ကဗျာဆရာတဦးဖြစ်တဲ့ ဂျွန်ဒရိုင်တန်ရေးထားတဲ့
“ပထမဦးဆုံးကောင်းသောအမူအကျင့်များကိုဖန်တီးပါ နောက်ပိုင်းထိုအမူအကျင့်များက အကောင်းအဆိုးများကိုဝေဖန်ပိုင်းခြားနိုင်သူဖြစ်အောင်ဆောင်ရွက်ပေးသွားပါလိမ့်မယ်”။
အမူအကျင့်ပဲဆိုဆိုဗီဇပဲဆိုဆို အသစ်တခုကိုရယူတဲ့အခါ မိမိရဲ့ဆုံးဖြတ်ချက်သန္ဒိဌာန်မှအစပြု၍ ဘ၀အတွက်တန်ဖိုး၊ရည်မှန်းချက်တို့ကိုထိုမှတဆင့်ရယူနိုင်သွားမှာပါ။
အောက်ပါမေးခွန်းများဖြင့်ကိုယ့်ကိုကိုယ် မကြာခဏဆိုသလိုပြန်လည်ဆန်းစစ်ကြည့်ပါ။
- ဘယ်အမူအကျင့်က ကိုယ့်ဘ၀အတွက်အကျိုးရှိနိုင်မလဲ။
-မိမိကိုယ်ပိုင်ဘ၀မှာသော်လည်းကောင်း၊ အလုပ်အကိုင်နယ်ပယ် မှာသော်လည်းကောင်း၊ မိမိဘ၀အတွက်ဘယ်အမူအကျင့်ကြောင့်တိုးတက်မှုရှိသလဲ၊ဆုတ်ယုတ်မှုရှိသလဲ၊
-ဆုတ်ယုတ်မှုရှိခဲ့ရင် ဘယ်အမူအကျင့်ကြောင့်လဲ၊
-အဲဒါကို ဘယ်လိုပြန်လည်ပြု ပြင်ပြီး အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ဆောင်မလဲ
ဆိုတဲ့မေးခွန်းတွေကိုဖြေကြည့်ပါ။
ထိုမှတဆင့်အဆိုးတွေကိုရှောင် အကောင်းတွေကိုယူကာသာယာကြည်နူးဖွယ်ကောင်းသောဘ၀လေးကို တည်ဆောက်ပါလို့ဆန္ဒပြုရင်နိဂုံးချုပ်ပါတယ်။
Ref: Steve Brunkhorst
#သုတဇုန်
Supported By လှိုင်မင်းလတ် LCCI စာရင်းကိုင် သင်တန်း
Phone; 09- 510 9922
Subscribe to:
Post Comments (Atom)
ဆိတ်ကျောင်းသား၏ ပုံပြင်
ဆိတ်ကျောင်းသား၏ ပုံပြင် ++++++++++++++++++ ၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနြေ...
-
အဖေပါအခန်းထဲလိုက်ဝင်ပြီး ညီမလေးကိုအတင်းချုပ်နှောင် မဒိန်းကျင့်တော့တာပါပဲ…။ ကျွန်မ(စုစုမောင်)ကိုယ်တိုင်စစ်မေးခဲ့ဖူးတဲ့ မုဒိန်းမှု့အကြောင်းလေး...
-
စနှိုက်က်ကြော် မဟုတ်ဘူး သိန်းငှက် လို့ ပြန်ဖြေရှင်းလိုက်တဲ့ နန်းသီရိမောင် ဒီPost ကို သေချာဖတ်ကြည့် ပြီးသူ့ရဲ့ သူပိုင်ပါသည်ဆိုတဲ့ သူနဲ့တရား...
-
ဆိတ်ကျောင်းသား၏ ပုံပြင် ++++++++++++++++++ ၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနြေ...
No comments:
Post a Comment