Thursday, 24 November 2016

လူငယ်နှင့် ဆိုရှယ်မီဒီယာ (အပိုင်း ၁)


လူငယ်နှင့် ဆိုရှယ်မီဒီယာ (အပိုင်း ၁)



ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်
ဒီကနေ့ ကျွန်မတို့ ဆွေးနွေးသွားမယ့် အကြောင်းအရာလေးကတော့ လူငယ်နဲ့ ဆိုရှယ်မီဒီယာဖြစ်ပါတယ်။
အဲဒီအကြောင်းအရာကို ကူညီဆွေးနွေးသွားကြမယ့် သူများကတော့ ဦးနေဘုန်းလတ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ သန်လျင် ပို့စ် ဂျာနယ်က အယ်ဒီတာချုပ် မတူးတူးသာနဲ့ စာရေးဆရာ ကိုစိုပြေတို့ပဲ ဖြစ်ပါတယ်။
အဲဒီတော့ ကျွန်မအနေနဲ့ ကျွန်မတို့ ဒီနေ့ခေတ် Social Media မှာဆိုလို့ရှိရင် ဗမာပြည်မှာ Social Media နဲ့ ပတ်သက်ပြီးတော့ တော်တော်များများ ရင်းနှီးကျွမ်းဝင်ပြီးတော့ သုံးစွဲသူများ သန်းချီပြီး ရှိလာတဲ့အခါမှာ ဒီထဲမှာ ကျွန်မတို့ အများဆုံး အသုံးပြုကြတာကတော့ Facebook ဆိုတဲ့ Social Media ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီမှာလည်း Social Media လို့ ပြောကြပေမယ့်လည်း ဒီဟာသည် Social Media ဆိုတာ တကယ့် မီဒီယာမဟုတ်ပါဘူးလို့တော့ ကျွန်မတို့ နဂိုဆွေးနွေးတဲ့အထဲမှာ ကျွန်မတို့ ပြောခဲ့ကြပါတယ်။
အဲဒီတော့ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ Social Media ကို မီဒီယာလို့ မပြောဘူးဆိုရင် Social Media ကို ဘယ်လိုအနေနဲ့ ကျွန်မတို့က ဘယ်လိုနာမည်နဲ့ စပြီးတော့ တီထွင်ခဲ့တာလဲ Social Media ဆိုတာ ဘာလဲဆိုတဲ့ အကြောင်းလေးကို ဦးနေဘုန်းလတ်ကို စတင်ပြီးတော့ ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ဦးနေဘုန်းလတ်
ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ်
ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ ဒီ Social Media လို့ပြောတာကိုက နည်းနည်းလေးတော့ လွဲနေတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကြီးကို စပြီးတော့ တည်ထွင်ကတည်းက မီဒီယာအလုပ်ကြီးကို လုပ်မယ်ဆိုပြီးတော့ မီဒီယာတစ်ခုအနေနဲ့ တီထွင်ခဲ့တာမဟုတ်ဘူး။ ကျွန်တော်တို့က Network ပဲ လူမှုကွန်ရက်ပေါ့နော်။ Social Network လူမှုကွန်ရက်သဘောပဲ။ ကျွန်တော်ကတော့ အဲလိုပဲမြင်တယ် သူကလည်း အဲလိုပဲ တီထွင်ခဲ့တာ။
အဲတော့ Network သဘောနဲ့ Media သဘောက မတူဘူးလေ။ မတူတဲ့အခါမှာ Network ဆိုတာက လူပေါင်းစုံရှိမယ်၊ အလွှာပေါင်းစုံရှိမယ်၊ အတွေးအခေါ်ပေါင်းစုံရှိမယ်၊ အယူအဆပေါင်းစုံရှိမယ်။ အဲဒီလူတွေက ကိုယ်ထင်ရာမြင်ရာတွေကို ဒီအပေါ်မှာ လျှောက်ရေးမှာပဲ။ အခုကကျတော့ ကျွန်တော်တို့က ဘာဖြစ်လဲဆိုတော့ အဲလိုမျိုး ကိုယ်ထင်ရာ မြင်ရာတွေကို မျိုးစုံရှိပါတယ် မီဒီယာသမားတွေလည်း မရှိဘူး မဟုတ်ပါဘူး။ ရှိတယ်။ ဒါပေမယ့် အကုန်လုံးကို Social Media ဖြစ်တယ်။ ဒါတွေက ငါတို့ကို သတင်းတွေ ပေးနေတာပဲဆိုပြီး တွေ့သမျှအရာတွေကို သတင်းအမှတ်နဲ့ စားသုံးတဲ့အခါမှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စမျိုးတွေက ဖြစ်လာတာကို ကျွန်တော်တို့ တွေ့တယ်ပေါ့နော်။
ပြောချင်တာကတော့ ကျွန်တော်ကတော့ Social Media ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ဒီကောင်က မီဒီယာမဟုတ်ပါဘူး။ ဒီကောင်က Network ဖြစ်တယ်။ လူပေါင်းစုံ ထင်ရာမြင်ရာဝင်ရေးတဲ့ အနေအထားမျိုးဖြစ်တယ်။ အဲတော့ ကျွန်တော်တို့ မီဒီယာတစ်ခုအနေနဲ့ သဘောထားပြီးတော့ အရာရာကို သတင်းလို့သဘောထားပြီးတော့ စားသုံးရင်တော့ မှားပါလိမ့်မယ်။
ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်
ဟုတ်ကဲ့။ ဒါပေမယ့်လည်း Social Media , Social Network ကို ပလက်ဖောင်းတစ်ခုအနေနဲ့ သုံးပြီးတော့ သတင်းစာတွေကအစ ဒီပလက်ဖောင်းပေါ်ကို ဆင်းလာကြပြီးတော့ လူတွေများများဖက်အောင် ဆင်းလာတဲ့ အနေအထားရှိတယ်။ ကျွန်မတို့ ဗမာပြည်မှာဆိုရင်လည်း ၂၀၁၀ လောက်ကဆိုလို့ရှိရင် မြန်မာပြည်မှာရှိတဲ့ မီဒီယာတော်တော်များများက Social Media ကို မသုံးကြပါဘူး။ Social Network ကိုလည်း မသုံးကြသေးပါဘူး။ ဒါပေမယ့် အခု ဒီ ၆ နှစ်လောက်အတွင်းမှာ မီဒီယာတော်တော်များများက Social Media, Social Network ပလက်ဖောင်းပေါ်မှာ နေရာယူလာကြပြီး ကျယ်ကျယ်ပြန့်ပြန့်ကို ကျွန်မတို့ စာဖက်သူတွေရှေ့ကို ရောက်လာတာ တွေ့ရတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ သန်လျင် Post ဂျာနယ်က အယ်ဒီတာချုပ် မတူးတူးသာရဲ့ ထင်မြင်ယူဆချက်ကိုလည်း သိချင်ပါတယ်။
မတူးတူးသာ (အယ်ဒီတာချုပ်)
သန်လျင်ပို့စ် ဂျာနယ်
မမြတ်ပြောတာလည်း မှန်ပါတယ်။ ဒီကိစ္စက မီဒီယာကြီးတွေကိုယ်၌က Social Network ကို ဆင်းလာတယ်။ Page တွေထောင်ကြတယ်။ သူတို့ Page တွေမှာ Like များများ ပရိသတ်များများ ထပ်ပြီးတော့ ရှာကြတယ်ပေါ့နော်။ သူတို့ရဲ့ Website ရဲ့ Website ကို ကြည့်ဖို့အတွက် ဒီ Facebook ကနေ ပလက်ဖောင်းအနေနဲ့ ပရိသက်ရှာကြတဲ့အခါ ရှိပါတယ်။ ဒါပေမယ့် ခုနက ကျွန်မ ကိုနေဘုန်းလတ်ပြောတာကို သဘောပေါက်တာကတော့ သူဆိုလိုချင်တာသည် ဒီဟာသည် မီဒီယာမဟုတ်ဘူး၊ ရေးချင်တဲ့သူတွေက ရေးချင်သလို ဝင်ရေးနေတဲ့ အပိုင်းတွေရှိတယ်။ ကျွန်မတို့ မီဒီယာတွေအနေနဲ့ကလည်း မီဒီယာဆိုတာက ကျွန်မဆိုလိုတာက မှတ်ပုံတင်ထားတဲ့ မီဒီယာပေါ့။ အဲလိုမျိုး မီဒီယာတွေလည်း ဒီ Facebook ပေါ်မှာ Page တွေ ရှိကြတယ်။ ဆိုတော့ လူတွေက အဲဒါကို ကွဲကွဲပြားပြား သိဖို့တော့လိုတယ်။ ဘယ်ဟာတွေသည် မှတ်ပုံတင်ထားတယ် တကယ်စိတ်ချလောက်တဲ့ဟာတွေက ရေးတဲ့သတင်းတွေဖြစ်တယ်။ ဘယ်ဟာတွေသည် ပေါက်ပန်းလေးဆယ်ရေးထားတာ ဖြစ်တယ်ဆိုတာကိုတော့ ပရိသတ်က ခွဲခြားပြီးတော့ သိဖို့လိုတာပေါ့နော်။
ဒါပေမယ့် တစ်ခုရှိတာက ဒီဟာကို ခွဲခြားပြီး သိသည့်တိုင်အောင်မှ တချို့ကျတော့ အဲဒါကို ရောထွေးပြီး သိနေတာတွေရှိတယ်။ သတင်းမီဒီယာတွေဘက်ကလည်း ဒီ Social Network ကို အထင်သေးလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ Social Network ကြောင့်ပဲ ကျယ်ကျယ်ပြန့်ပြန့်သိသလို တချို့သတင်းအစအနတွေလည်း အဲဒီကနေ ရတာရှိတယ်။ Source တော့မဟုတ်ဘူးပေါ့နော်။ အစအနလေးတွေပေါ့။ အဲဒီအစအနလေးတွေနောက်ကနေ ကျွန်မတို့က ခြေရာခံလိုက်ပြီးတော့ သတင်းအကြီးတွေ ဖြစ်သွားတာမျိုးလည်း ရှိတာပေါ့နော်။ အဲဒါမျိုး ရှိပါတယ်။
ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်
အဲဒီတော့ Social Network  မှာ သတင်းမီဒီယာသမားတွေအတွက်တော့ ကောင်းကျိုးရော ဆိုးကျိုးရော နှစ်ခုစလုံး သက်ရောက်နိုင်တယ်။ တက်နိုင်သမျှ ဒီ social network မှာ တက်လာတဲ့သတင်းတွေ သတင်းအစအနတွေကို Verifyne လုပ်နိုင်မှသာလျင် ကျွန်မတို့ မှန်ကန်တဲ့ တိကျသေချာတဲ့ သတင်းမျိုးကို ဖန်တီးနိုင်မယ်ပေါ့နော်။ ဒါကတော့ သတင်းမီဒီယာအပိုင်းနဲ့ ပတ်သက်လို့ပေါ့။ ဒါပေမယ့် စာရေးဆရာ ကိုစိုပြေတို့လိုမျိုး ရသပိုင်း မီဒီယာသမားတွေအတွက်ကျတော့ ကဗျာဆရာတွေရှိမယ်။ ကျွန်မလည်း တစ်ခါတစ်လေ ကဗျာလေးဘာလေးရေးတော့ ထားပါတော့ ဒီ Social Network သည် ကျွန်မတို့အတွက် အင်မတန်မှ ရသစာပေရှားပါးတဲ့ခေတ်မှာ Social Network အပေါ်မှာ ကျွန်မတို့ ရေးသားခြင်းအားဖြင့် ကျွန်မတို့ရဲ့စာတွေကို စာဖက်သူတွေဆီကို အမြန်ဆုံးရောက်နိုင်တယ် ဘယ်မဂ္ဂဇင်းမှ Print လုပ်တာကို စောင့်စရာမလိုတော့ပဲနဲ့ ကိုယ့်စာတွေကို စာဖက်သူတွေဆီကို တိုက်ရိုက်ေ၇ာက်တဲ့ အနေအထားတွေတော့ ရှိတယ်ပေါ့နော်။ အဲတော့ ကိုစိုပြေအနေနဲ့ရော ဒီအတွေ့အကြုံလေးတွေနဲ့ ပတ်သက်ပြီး ပြောပြပါဦး။ Social Media က ရသသမားတွေအတွက် ဘယ်လောက်ထိ အသုံးဝင်သလဲ ဆိုတဲ့ဟာလေး နဲနဲတော့ သိချင်ပါတယ်။
ကိုစိုပြေ (စာရေးဆရာ)
အသုံးဝင်တာကတော့ တော်တော်အသုံးဝင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်တောင်မှ စာရေးဆရာဖြစ်လာတယ်ဆိုတာက ဒီ Social Network ပေါ်မှာ ရေးပြီးတော့မှ ပုနှိပ်မီဒီယာအပေါ်ကို ရောက်တာပေါ့လေ။ ကျွန်တော်နဲ့တူတူပဲ စာရေးဆရာတွေ အများကြီးရှိကြတယ်။ သူတို့တွေအကုန်လုံးကလည်း စာရေးမယ်ဆိုလို့ရှိရင် Social Network ပေါ်မှာရေးတယ်။ အဲဒီကနေ တစ်ဆင့်ချင်းစီ တက်သွားကြတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အခုခေတ်မှာ ပုံနှိပ်မီဒီယာတွေက တဖြည်းဖြည်း ရှားလာတာတွေရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ပုံနှိပ်မီဒီယာကို တိုက်ရိုက်ကြီး ဝင်တိုးဖို့ကကျတော့ အရမ်းခက်တယ်ပေါ့နော်။ အရမ်းခက်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က ဒီကနေသွားတယ်။ ပြီးတော့ နောက်တစ်ခုက ကျွန်တော်တို့ စာရေးတဲ့အခါမှာလည်း လူတိုင်းရေးတာကျတော့ ဘယ်လိုပြောမလဲ ကောင်းတာလည်းရှိမယ် ဆိုးတာလည်းရှိမယ်ပေါ့လေ။ နောက်တစ်ခုက ကျွန်တော်တို့ စာရေးဆရာဖြစ်လာသလို စာရေးဆရာ ရွက်ပုန်းသီးလေးတွေလည်း တကယ့် Main Stream ပေါ် ရောက်သွားနိုင်တာပေါ့လေ။
ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်
ဟုတ်ကဲ့ပါ အဲတော့ Social Network, Social Media က စောစောကပြောသလို ကောင်းကျိုးနဲ့ ဆိုးပြစ်နဲ့ ဒွန်တွဲနေတဲ့ Network ကြီးတစ်ခုလို့ ကျွန်မတို့ ပြောမယ်ဆိုရင် ပြောလို့ရတယ်။ ဒါပေမယ့် အဲဒီမှာလည်း ကျွန်မတို့ လူငယ်နဲ့ ဆိုရှယ်မီဒီယာမှာ လူငယ်ပိုင်းကို ကျွန်မ ပြန်ပြီးတော့ ကောက်ချင်တယ်။
အခုခေတ်မှာဆိုရင် လူငယ်လေးတွေ တော်တော်များများပေါ့ ကျွန်မတို့ ကလေးတွေကအစ ဆယ်ကျော်သက်လေးတွေက တော်တော်များများကို Social Network, Social Media ကို သုံးလာကြတာ တွေ့ရတယ်။ တွေ့တဲ့အခါမှာ တချို့ တော်တော်စိုးရိမ်စရာကောင်းတဲ့ဟာတွေက ဥပမာဆိုရင် တစ်ရက်ကပဲ ကလေးတွေကို ဘယ်လို ထိန်းသိမ်းသင့်တယ်ဆိုတဲ့ ပညာပေး ဗီဒီယိုလေး ရိုက်ထားတဲ့အထဲမှာ နိုင်ငံခြားကပါပဲ Social Media ကနေ ဆွဲဆောင်ပြီးတော့ မိန်းကလေးတွေကို အပြင်ထွက်ဖို့ခေါ်တာကို လွယ်လွယ်ကူကူပဲ မိဘတွေမသိပဲနဲ့ ထွက်လာတဲ့ဟာမျိုးပေါ့။ အဲဒါတွေကို ပညာပေးဖို့ရာ မိဘတွေ အကူအညီနဲ့ မိန်းကလေးတွေကို Try လုပ်ပြီးတော့ အပြင်ထုတ်တာမျိုး အဲဒါလေးတွေကို ပြခဲ့တယ်။ ဆိုတော့ အန္တရာယ် သိပ်များတယ်ဆိုတဲ့ဟာကို မိဘတွေ သိစေချင်တာပေါ့နော်။
အဲတော့ Social Media ကနေတစ်ဆင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ဘယ်လိုမျိုး ကျွန်မတို့တွေ ထိန်းချုပ်ကြမလဲ။ အထူးသဖြင့်တော့ ဆယ်ကျော်သက်ကလေးတွေအတွက် သူ့ရဲ့အန္တရာယ်နဲ့ ဒီအပေါ်မှာ သုံးတတ်ရင် သုံးတတ်သလို ကောင်းကျိုးလေးတွေလည်း ရှိလာနိုင်မယ်ဆိုတာမျိုးပေါ့ အဲဒါလေးကိုလည်း ဦးနေဘုန်းလတ်အနေနဲ့ နည်းနည်းလေး ဆွေးနွေးပေးပါဦး။
ဦးနေဘုန်းလတ်
ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ်
အဓိကကတော့ Social Network ထဲမှာ လူအရမ်းအစုံတွေကနေ တင်ချင်တာတွေ တင်နေတဲ့အခါကျတော့ ရောယှက်နေတာပေါ့နော်။ အဟာရလည်းရှိတယ်။ အဆိပ်အတောက်လည်း ရှိတယ်ပေါ့နော်။ အဆိပ်အတောက်တွေကလည်း ခုနကပြောသလို မထိန်းရင် အတော်ကို အန္တရာယ်ကြီးပါတယ်။ အမျိုးသမီးတွေအတွက်ရော ကလေးသူငယ်တွေအတွက်ရော အဲတော့ ဘယ်လိုထိန်းမလဲဆိုတာက ပြောမယ်ဆိုရင်တော့ အသက်အရွယ် အပိုင်းအခြားလိုက် ပြောရမယ်ထင်တယ်။
ကျွန်တော်တို့ဒီ ကလေးအရွယ်လေးတွေဆိုရင်တော့ ကျွန်တော်နားလည်သလောက်တော့ နိုင်ငံတကာမှာဆိုရင်တော့ မိဘတွေကနေပြီးတော့ လုံးဝ မသုံးနဲ့ဆိုပြီးတော့ ကန့်သတ်တာမျိုး မဟုတ်ပဲနဲ့ ကလေးတွေကို ပေးသုံးတယ်။ ဒါပေမယ့် ဘာသုံးလဲဆိုတာကို ကိုယ်က သိနေရတယ် သိအောင်ကြိုးစားနေရတယ်ဆိုတာမျိုးပေါ့နော်။ ပေးမသုံးရင် ဆိုတာမျိုးကတော့ ကျွန်တော်တို့လည်း လက်မခံဘူးပေါ့လေ။ ဒါပေမယ့် ကိုယ့်ကလေးက ဘာသုံးနေတယ် ဘယ်သူနဲ့ စကားပြေနေတယ် ဒါတွေကိုတော့ ကျွန်တော်တို သိအောင် ကြိုးစားရတဲ့ အနေအထားမျိုးတွေ လုပ်သင့်ပါတယ်။ ကျွန်တော် အင်တာနက်ဆိုင်ဖွင့်တုန်းက အသက် ၆၀ အရွယ်လောက် အန်တီကြီးတစ်ယောက် ဒီ G Talk တို့ G Mail တို့ လာသင်တယ်ဗျ။ အန်တီ ဘယ်လိုဖြစ်လို့ ဒီအချိန် ဒီအရွယ်မှ သင်ရတာလဲပေါ့ မဟုတ်ဘူးတဲ့ သမီးက အိမ်မှာ သုံးနေပြီတဲ့ ဆိုလိုတာက လူကြီးတွေလည်း ဒါ နည်းပညာနဲ့ပတ်သက်ပြီး သိပြီးတော့ ကလေးတွေ ဘာတွေသုံးနေတယ် ဘာတွေလုပ်နေတယ်ဆိုတာကို သိပြီးတော့ သိအောင် ကျွန်တော်တို့ ကြိုးစားသင့်တယ်။
နောက်တစ်ခုကတော့ ကျင့်ဝတ်တွေလည်း ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ ကောင်းလာမယ် ကောင်သောကျင့်ဝတ်တွေ ဒီ အွန်လိုင်းလောကမှာ နည်းပညာလောကမှာ ကျွန်တော်တို့ ကောင်းသောကျင့်ဝတ်တွေ ဖွံ့ဖြိုးလာအောင် အားလုံး ပေါင်းပြီးတော့ ကြိုးစားကြသင့်တယ်။ မဟုတ်ရင်တော့ ကျွန်တော်တို့ ခုနက အဟာရနဲ့ အဆိပ်အတောက်မှာ အဆိပ်မိတဲသူများပြီးတော့ အဟာရဖြစ်တဲ့သူ နည်းမယ်ဆိုရင်တော့ ကျွန်တော်တို့ အဆင်မပြေဘူးပေါ့။
ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်
ဟုတ်ကဲ့ပါ။ အဲတော့ ဖေ့ဘုတ်မှာဆိုလို့ရှိရင် ကျွန်မဖက်မိသလောက် ၁၃ နှစ်ဆိုရင် စပြီးတော့ သုံးလို့ရပြီ။ ဒါကြောင့်မို့ ဒီဖေ့ဘုတ်သုံးတဲ့ ကလေးတော်တော်များများက ဆယ်ကျော်သက်လေးတွေ သုံးကြတယ်။ ဒါပေမယ့် ကျွန်မ သွားပြီးတော့ သတိထားမိတာက သူတို့က နာမည်အမျိုးမျိုးပေါ့နော် သူ့ရဲ့ နာမည်အရင်းမဟုတ်ပဲနဲ့ အမအဖေတွေ မသိတဲ့နာမည်နဲ့ အမေအဖေတွေနဲ့ သူငယ်ချင်းမလုပ်ပဲနဲ့ သူတို့တွေ သုံးနေကြတာတွေ ရှိမယ်။ မိန်းကလေးသူငယ်ချင်းတွေရှာမယ်။ ယောက်ျားလေးသူငယ်ချင်းတွေ ရှာမယ်။ အဲလိုမျိုးပေါ့နော်။ ပြီးတော့အခါကျတော့ Password တွေအမျိုးမျိုးနဲ့ သူတို့ကလည်း အမျိုးမျိုး ဖွင့်လို့ရတဲ့အခါကျတော့ ထိန်ချန်ထားတာမျိုးလည်း ရှိမယ်ပေါ့နော်။ ဆိုတော့ အဲဒီမှာ Social Media သုံးတဲ့ ကလေးတွေရဲ့ မိဘတွေကို Control လုပ်ဖို့ပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ မတူးသာကရော သားလေးလည်းရှိတဲ့အတွက် အဲဒီအတွေ့အကြုံလေးရှိရင်လည်း ဆွေးနွေးပေးပါဦးလို့။
မတူးတူးသာ (အယ်ဒီတာချုပ်)
သန်လျင်ပို့စ် ဂျာနယ်
အတွေ့အကြုံအရ ဆွေးနွေးရမယ်ဆိုရင်တော့ ကျွန်မသားက ဆယ်ကျော်သက်ပေါ့ ၁၆ နှစ် ပြည့်ပြီးသွားပါပြီ။ အပွင့်လင်းဆုံးပြောရရင် ကျွန်မသားရယ်မှမဟုတ်ဘူး သူတို့ ရွယ်တူ တန်းတူ အဲဒီအရွယ်လေးတွေက သူတို့က နည်းပညာကို တတ်တာ အရမ်းလွယ်တယ်။ သိကြတဲ့အတိုင်းပဲ ကျွန်မတို့လိုအရွယ် အထက်ပေါ့ လေးဆယ်ကျော်ပေါ့ အဲဒီအရွယ်တွေရဲ့ အထက်တွေကကျတော့ ဒီ နည်းပညာနောက်ကို လိုက်ဖို့ တချို့ဆိုလို့ရှိရင် ကျွန်မတွေ့ဖူးတယ် ကျွန်မသူငယ်ချင်း စာရေးဆရာတွေဘာတွေဆို ကွန်ပျူတာနဲ့တောင် စာမရေးဘူး။ အဲတော့ကျတော့ ခုနက မွန်မွန်မြတ်ပြောတဲ့ မိဘတွေကလည်း ဒီဟာကို Contro လုပ်သင့်တယ်ဆိုရင် မိဘတွေက ဒီနည်းပညာကို ကလေးတွေထက် ပိုပြီးတော့ သိမှဖြစ်မယ်လို့ ထင်တယ်။ အထူးသဖြင့် ကျွန်မထင်တာကတော့ မြန်မာပြည်မှာပေါ့။ အခြားနိုင်ငံတွေမှာတော့ မပြောတတ်ဘူး။ မိဘတွေကတော့ ကလေးတွေထက် သာရင်လည်းသာမယ်ပေါ့။ အခုကျတော့ တချို့ဆိုရင် တစ်ခါတစ်လေမှာ ကျွန်မကိစ္စတောင်မှ သားကိုလုပ်ခိုင်းရတယ်။ သားရယ် လုပ်ပါဦး ဒီဥစ္စာကဘာလဲ ဒီ Application က ဘာလဲဆိုရင် သူက ခပ်မြန်မြန်ပဲ လုပ်သွားလိုက်တာပေါ့နော်။ ဆိုတော့ သူတို့တွေက ကျွန်မတို့ထက်ကို အရမ်းကို ရှေ့ရောက်နေတယ်။ နည်းပညာပိုင်းမှာ ကျွန်မတို့ Level က မနည်းကို လိုက်နေရတဲ့အခါကျတော့ ကျွန်မတို့ထက်ကြီးတဲ့ Level တွေဆိုလို့ရှိရင် အခုမှ ဖေ့ဘုတ် ဘယ်လိုသုံးရလဲဆိုတာတို့ ပုံတောင်မတင်တက်တာတို့ နောက်ပြီးတော့ မှားတင်မိတာတို့ မှားပြီးတော့ Share မိတာတို့ ဖြစ်တာတို့ကတော့ ကျွန်မသိသလောက်ကတော့ လူကြီးတွေက မှားတာ လူကြီးတွေက ပိုဖြစ်တယ်။ ဒါပေမယ့် ကလေးတွေကျတော့ ဆင်ခြင်တုံတရားပေါ့နော်။ ဆင်ချင်တုံတရားကျတော့ သူတို့က နည်းပညာပိုင်း ကျွမ်းကျင်တယ်။ ဒါပေမယ့် ဆင်ခြင်တုံတရားကျတော့ သူတို့ရဲ့အရွယ်အားဖြင့် သူတို့မှာ အားနည်းသေးတယ်။ အားနည်းတဲ့အခါမှာ သူတို့ကို မိဘကတော့ နည်းပညာမကျွမ်းကျင်ရင်တောင်မှ တခြားနည်းနဲ့ စည်းရုံးပြီးတော့ လုံးဝကြီးပိတ်တာ မဟုတ်ပဲနဲ့ သူတို့ကို တခြားနည်းနဲ့ စည်းရုံးပြီးတော့ ကိုယ့်သားသမီး ဘာလုပ်နေလဲ ဥပမာ အထူးသဖြင့် မိန်းကလေးပေါ့ မိန်းကလေးတွေဆိုရင် သူဘယ်သူနဲ့ ချိန်းနေလဲ။ ဘယ်သူနဲ့ပြောနေလဲဆိုတာကို အနည်းဆုံး ကလေးရဲ့ ဖုန်း Password ကို တောင်းတာပဲဖြစ်ဖြစ် အဲလိုမျိုးလုပ်ပြီးတော့ စည်းရုံးရင်တော့ ပိုပြီးတော့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။
ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်
အဲတော့ ကျွန်မကတော့ ငယ်ရာကနေ ကြီးလာတာဆိုတော့ အမြဲတမ်း မိဘတွေကို ဒီလိုမျိုး မိဘတွေမသိအောင် ခိုးလုပ်တဲ့ကိစ္စတွေက ပိုကျွမ်းကျင်တယ်ဆိုတော့ ဘယ်လိုပဲ သိအောင်လုပ်လုပ် သူတို့မှာ နည်းလမ်းတစ်ခုခုတော့ ရှိနေမှာပဲပေါ့နော်။ ဆိုတော့ အမြဲတမ်းစောင့်ကြည့်ဖို့ကတော့ မိဘရဲ့တာဝန်ပါပဲ။ ဒီ ဆယ်ကျော်သက်တွေကို စောင့်ကြည့်ရမှာတော့ မိဘတွေမှာ တာဝန်ရှိပါတယ်။ အနည်းနဲ့အများ ဒါပေမယ့် အခုခေတ်ကလည်း သိတဲ့အတိုင်းပဲ မိဘတွေတော်တော်များများက လုပ်ငန်းခွင်မှာ အချိန်ပြည့် နေရတဲ့သဘောရှိတော့ အထူးသဖြင့်တော့ ဒီ မြို့ပေါ်က ကလေးတွေတင်မကဘူး ကျေးလက်က ကလေးတွေမှာပါ Social Media က တော်တော်ကြီးကို ပြန့်နှံ့လာတာလေ။ ကောင်းတာလည်းရှိ ဆိုးတာလည်းရှိဆိုတာမျိုးပေါ့။ အဲဒီမှာ အမျိုးသမီးတွေအတွက်က တော်တော်ကြီးကို ဘယ်လိုပြောမလဲ အရမ်းကို အန္တရာယ်ရှိတယ် အမျိုးသမီးငယ်တွေအတွက်ပေါ့နော်။ အဲဒီသဘောမျိုး တွေ့နေရတယ်။ အဲတော့ ကိုစိုပြေ အတွေ့အကြုံအရ ဆိုရင်ရော အဲလိုမျိုး အခုဆိုရင် မှုခင်းပြဿနာတွေက အင်တာနက်မှာက အများကြီးဖြစ်လာတယ်။ အင်တာနက်ပေါ်မှာ ဖေ့ဘုတ်ပေါ်မှာ ဖြစ်လာတဲ့ကိစ္စတွေ အများကြီး ဖြစ်လာတယ်ပေါ့နော်။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ကိုစိုပြေအနေနဲ့ ဘယ်လိုမျိုး သတိထားသင့်သလဲ လူငယ်နဲ့ Social Media မှာ လူငယ်တွေအနေနဲ့ ဆိုရှယ်မီဒီယာရဲ့ ထောင်ချောက်တွေကို ဘယ်လိုရှောင်ကြမလဲပေါ့နော် အဲဒါလေးလည်း နည်းနည်းဆွေးနွေးပေးပါဦး။
ကိုစိုပြေ (စာရေးဆရာ)
ကျွန်တော်အနေနဲ့ မြင်တာကတော့လေ ကိုနေဘုန်းလတ်တို့ပြောသလို ပေးသုံးသင့်တယ်ပေါ့နော်။ အမတို့ပြောသလို ဖေ့ဘုတ်စ်မှာကလည်း ၁၃ နှစ်ဆိုတာက ရှိတယ်လေ။ ၁၃ နှစ်မတိုင်ခင်ကတော့ ကျွန်တော်တို့ ပေးမသုံးသင့်ဘူးလေ။ တကယ်တမ်းကျတော့ ကျွန်တော်စိတ်ထင်ပေါ့။ အနည်းဆုံး ၁၅ နှစ် ၁၆ နှစ်လောက်ထိတော့ ပေးမသုံးသင့်ဘူးလို့ ထင်ပါတယ်။ နောက်ပိုင်းကျမှ သူတို့ ဒါကို သင်မယ်ဆိုရင်လည်း သူတို့က အတတ်မြန်ပါတယ်။ ကြားထဲမှာ ကျွန်တော်တို့က နောက်ပိုင်းကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ မိဘတွေကျတော့ ကလေးနဲ့ ဆက်သွယ်ဖို့ ကျောင်းသွားရင် ဆက်သွယ်ဖို့ ဖုန်းတွေ ပေးထားတာတို့ အဲဒါတွေနဲ့ပတ်သက်ပြီး ကြားထဲမှာ ကလေးတွေအနေနဲ့ သုံးဖြစ်သွားတာတွေလည်း ရှိတယ်ပေါနော်။ အဲတော့ မိဘတွေအနေနဲ့ကတော့ ကျွန်တော် အမြင်ကိုပြောရရင်တော့ ကလေးတွေကို ဒီဟာက ဘယ်လိုဆိုးကျိုးတွေရှိတယ်ဆိုတာကို ကျွန်တော်တို့ သေချာနားလည်အောင်လို့ ပြောပြထားရမယ်။ ပြီးတော့ သူတို့တွေကိုလည်း စောင့်ကြည့်တာကလည်း စောင့်ကြည့်တာပေါ့လေ ဒါပေမယ့် အမပြောသလိုပဲ စောင့်ကြည့်ဖို့ဆိုတာကတော့ တော်တော်ကိုမလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်လည်းပဲ ကျွန်တော်တို့လည်း ငယ်ရာကနေ ကြီးလာတာဆိုတော့ ကျွန်တော်တို့လည်းသိတယ်။ ကိုယ့်အမေက ဒီအကောင့်ထဲမှာ ရှိတယ်ဆိုရင်တောင်မှ ကိုယ်က ဒီအကောင့်ကို မသုံးဘူး အခြားအကောင့်ကို သုံးပြီးတော့ လုပ်တာတွေလည်း ရှိပါတယ်။ အဲဒါကြောင့်မို့ သူ့ကို အဓိက နားလည်အောင်လို့ ပြောပြရမှာပေါ့လေ။

ငွေကြေးဖျက်သိမ်းလိုက်သည့် အကျပ်အတည်းကြောင့် အိန္ဒိယအတိုက်အခံများက တစ်နိုင်ငံလုံး သပိတ်မှောက်ရန် နှိုးဆော်


ငွေကြေးဖျက်သိမ်းလိုက်သည့် အကျပ်အတည်းကြောင့် အိန္ဒိယအတိုက်အခံများက တစ်နိုင်ငံလုံး သပိတ်မှောက်ရန် နှိုးဆော်


နယူးဒေလီ၊ နိုဝင်ဘာ ၂၅ ။             ။ အိန္ဒိယအစိုးရက အဓိကငွေစက္ကူနှစ်ခုအား ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းကို ဆန့်ကျင်ပြီး အတိုက်အခံပါတီများက တစ်နိုင်ငံလုံးသပိတ်ဆင်နွှဲရန် နှိုးဆော်လျက်ရှိသည်။
ယခုလအစောပိုင်းက အကျင့်ပျက်အဂတိလိုက်စားမှုများအား နှိမ်နင်းရန်အတွက် ရူပီး ၅၀၀ တန်နှင့် ၁၀၀၀ တန် ငွေစက္ကူများ ဖျက်သိမ်းကြောင်း ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက ကြေညာခဲ့ခြင်းဖြစ်သည်။
အစားထိုးလဲလှယ်ပေးသည့် ငွေကြေးရှားပါးမှုကြောင့် အိန္ဒိယ၏ အဓိကငွေကြေးစီးပွားရေးက ရပ်တန့်လုနီးပါး ဖြစ်လာခဲ့သည်။
အတိုက်အခံအမတ်များက ယင်းပြဿနာကို လွှတ်တော်တွင် လာရောက်ရှင်းလင်းရန် ဝန်ကြီးချုပ် မိုဒီအား အတိအလင်း တိုက်တွန်းထားသော်လည်း ၎င်းက လက်ရှိအထိ လာရောက်ခြင်း မရှိပေ။
အဆိုပါ ငွေစက္ကူများ ဖျက်သိမ်းမှုကို အတိုက်အခံ အမတ် ၂၀၀ ကျော်ထက်မနည်းက နိုဝင်ဘာ ၂၂ ရက်တွင် လွှတ်တော်အဆောက်အအုံပြင်ဖက်၌ စုရုံးရပ်တန့်ကာ ဆန္ဒပြခဲ့ကြသည်။
“ဒီငွေစက္ကူတွေ ဖျက်သိမ်းလိုက်တဲ့ ဆုံးဖြတ်ချက်နောက်မှာ လော်မာဖောက်ပြန်မှုရှိနေတယ်လို့ ကျွန်တော်တို့ ထင်တယ်။ ဝန်ကြီးချုပ်နဲ့ သူ့ပါတီဥက္ကဌက ဒီဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်မယ်လို့ သူတို့ လူတွေကို ပြောထားတယ်။ အတိုက်အခံဖက်က အင်အားက စည်းလုံးမှုရှိပြီးသားဖြစ်တယ်။။” ဟု အတိုက်အခံ ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးလ်ဂန္ဓီက ပြောသည်။
ပြီးခဲ့သည့် သီတင်းနှစ်ပတ်အကြာက အဆိုပါ ငွေစက္ကူများ ဖျက်သိမ်းကြောင်း ကြေညာပြီးနောက်ပိုင်း ဝရုန်းသုန်းကား ဖြစ်မှုများလည်း ရှိထားသည်။ ဖျက်သိမ်းငွေစက္ကူများနှင့် လဲလှယ်ရန် ဘဏ်များတွင် လူအများ နာရီများစွာ စီတန်းနေရခြင်းနှင့် ငွေထုတ်စက်များတွင် အလုအ

အမှန် နဲ့ အမှား

အမှန် နဲ့ အမှား
________________
ဘာသာအပြန်မှားတဲ့
ရိုးသားမှု့နောက်လိုက်ဟာ
မျက်ကန်းဘဲ
သီးခံခြင်းဆိုတာ
အရာရာရဲ့အမှန်အမှားကို
ခေါင်းငုံ့နာခံနေဖို့မဟုတ်ဖူး
စိတ်ရှည်ရင်းသီးခံမှန်တဲ့အရာဆို
ပြန်တင်ပြဖို့ဆိုတာ
မေ့ထားစရာမှမဟုတ်တာ
သိထားဖို့လိုတယ်
ဟုတ်………ဟုတ်
အခုတော့
အကန်းဘဝနဲ့
အရာရာကိုမေ့ဖို့
ကြိုးစားနေတယ်
အမှန် နဲ့ အမှား
လာမပြောပါနဲ့
အေးချမ်းခြင်းဆိုတဲ့အနက်မှာ
အမှန်အမှားဆိုတာ
မရှိဘူး……
လွန်မြောက်ပြီး………လို့
နားလည်ထားလို့ပါ ။
(တွေးမိတွေးရာရေးတာ…ဆက်တွေးချင်လည်းတွေးဗျာ)
-မှတ်စုကြမ်း #AungOo

တပ်မတော်(ရေ)အားဂုဏ်ပြုခြင်း

DHA BYET SEE
THE GUN THAT SAVED RANGOON
★ ★ ★ ★ ★ ★ ★ ★ ★
တပ်မတော်(ရေ)အားဂုဏ်ပြုခြင်း
မကြာခင်က တိုင်းပြည်ချောက်ထဲကျဖို့လက်တလုံးအလို ဟုသော ၁၉၄၉ခုနှစ်အင်းစိန်တိုက်ပွဲကြီးအကြောင်းကိုကျနော်ရှာဖွေတင်ပြခဲ့ပါသည်။ ရည်ရွယ်ချက်မှာ ယနေ့လူငယ်လူရွယ်များကို တပ်မတော်သည် နိင်ငံတော်ကာကွယ်ရေးတာဝန်များကိုအသက်သွေးချွေးများမည်မျှပေးဆပ်ရင်းနှီးခဲ့ရသည်ကိုသိမြင်စေလိုသောစေတနာဖြင့် တင်ပြခဲ့ခြင်းဖြစ်ပါသည်။
ယင်း Postကို ဖတ်မိသော မိတ်ဆွေအရာရှိတဦးမှ လက်ဖတင်နင်ကျော်သိန်းလွင် (KT)ကိုယ်တိုင်ရေးသားသော Dha Byet See The Gun That Saved Rangoon by MyomaLwin စာအုပ်ကလေးကို ပေးပို့လာသဖြင့်ဖတ်ရှူကြည့်ရာ လက်ကမချနိုင်အောင် ကြိုက်လွန်းလှသဖြင့် ရန်ကုန်မြို့ကိုကာကွယ်ခဲ့သော တံမြက်စည်းနှင့်လက်ဖတင်နင်ကျော်သိန်းလွင်အကြောင်းကို စာအုပ်တွင်ပါသည့်အတိုင်း(တပ်မတော်.ရေကိုဂုဏ်ပြုရင်း) သီးသန့်ရေးသားတင်ပြလိုက်ရပါသည်။
D.day minus one(ဒီဒေး အနှုတ် 1)
9.2.1949
★ ★ ★ ★ ★ ★ ★
ကွင်းပြင်ကိုဖြတ်ရင်းတိုက်ခတ်လာသောဆောင်းလေရဲ့အအေးဒဏ်ကိုကြံ့ကြံခံ အံတုရင်း
ကျနော်ဦးဆောင်သောတပ်မတော်(ရေ)မှအဖွဲ့ဝင်၁၄ဦးဟာ ဘိုဖာလို့ခေါ်တဲ့ စစ်ရေယာဉ်မှာတပ်ဆင်ပစ်ခတ်ရသော လက်နက်ကြီးနှင့်အတူ..
ရန်ကုန်ပြည်အဝေးပြေးလမ်းမကြီးပေါ်တင်ပြီးပြည်ဘက်ကိုချိန်ရွယ်ကာနေရာယူထားကြပါတယ်၊နေရာအတိအကျကတော့ မိုင်တိုင်အမှတ်.၁၂၃. အချိန်ကည.၉နာရီ..
ရန်သူဟာပြည်မြို့ကနေ ရန်ကုန်မြို့တေိာဆီကိုမော်တော်ယာဉ်းတနိးတွေနဲ့ ဒလကြမ်း ဆင်းလာပြီးရန်ကုန်ကိုသိမ်းပိုက်မည့် မြန်မာပြည်မှာအင်အားအတောင့်တင်းဆုံး အတွေ့အကြုံအရင့်ကျက်ဆုံး တိုက်ရည်ခိုက်ရည်အပြည့်ဝဆုံး နဲ့စစ်သည်အင်အားတထောင်လောက်ရှိတဲ့ အမှတ်.၂ ကရင်သေနတ်ကိုင်တပ်ရင်းကို စောင့်ကြိုတိုက်ခိုက်ဖို့ဘဲဖြစ်ပါတယ်၊ ဒီစစ်ကြောင်းကြီးသာ အင်းစိန်မှာရှိနေတဲ့ ကေအန်ဒီအိုတွေနဲ့ပေါင်းမိရင် ရန်ကုန်ရဲ့သမိုင်းကြောင်းဟာပြောင်းလွဲသွားစရာရှိပါတယ်၊ဒါကြောင့်ဒီစစ်ကြောင်းကြီးရပ်တန့်သွားအောင် အမှတ်.၃သေနတ်ကိုင်တပ်နဲ့ တပ်မတော်.(ရေ)ကဘော်ဖာတပ်ဖွဲ့တို့ပူးပေါင်းကာ ၀က်ကော်တံတားကနေဆီးကြိုတိုက်ခိုက်ဖို့ရောက်ရှိနေခြင်းဘဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ဆယ်ရက်လောက်ကအထိ စက်ကင်းကရင်တပ်ဟာ မြန်မာနိုင်ငံအစိုးရရဲ့ ယုံကြည်စိတ်အချရဆုံးအစိုးရစစ်တပ်ဖြစ်ခဲ့ပြီး အစိုးရကိုတိုက်ခိုက်မည့် ကွန်မြူနစ်သူပုန်တွေကိုတိုက်ခိုက်ချေမှူန်းဖို့ ပြည်မြို့မှာတာဝန်ပေးထားတဲ့တပ်ဖြစ်ခဲ့ပေမဲ့ သူတို့ဟာညီအကိုတပ်တွေဘ၀ကနေ ညတွင်းချင်းဆိုသလို သစ္စာခံမှုဟာဘက်ပြောင်းသွားခဲ့ပါတယ်၊ ခုတော့ပြည်ထောင်စုအစိုးရကိုပြိုကွဲအောင်ကြိုးပန်းလာကြပါပြီ
လွန်ခဲ့တဲ့ အပတ်တွေအတွင်းမှာ မြန်မာ့တပ်မတော်ရဲ့ အင်အားဟာသိသိသာသာချိနဲ့ခဲ့ပါတယ်။ ပါတီတွင်းအုပ်စုဖွဲ့မှု့တွေ တပ်မတော်အတွင်း ပါတီအရေး လူမျိုးအရေး တွေကြောင့် သစ္စာခံသူတွေတောခိုခဲ့တာကြောင့် တပ်မတော်ဟာအကြီးအကျယ်အင်အားလျှော့ကျသွားခဲ့ပါတယ်၊ တပ်ရင်းတပ်ဖွဲ့အသီးသီးဟာ မြန်မာပြည်တနံတလျားဆူပူသောင်းကျမ်းမှု့တွေကိုသွားရောက်နှိမ်နင်းနေရချိန်ဖြစ်တာကြောင့် အင်းစိနိကို စစ်ရဲနှင့်စစ်ဝန်ထမ်းတပ်တွေကသာကာကွယ်နေရချိန်လဲဖြစ်ပါတယ် အမှတ်.၃ဗမာ့သေနတ်ကိုင်တပ်ရင်းဟာလဲ မအူပင်ဘက်မှာ ဖြန့်ခွဲ ကာ အလံနီတွေကိုတိုက်နေရသလို၊ သနက.၅ဟာလဲရခိုင်မှာထကြွသောင်းကျမ်းနေတဲ့ မူဂျာဟစ်တွေကိုနှိမ်နင်းနေရချိန်ဖြစ်ပါတယ်၊ သနက.၃ရဲ့တပ်ရင်းမှူးဗိုလ်မှူးရဲထွဋ်(ရဲဘော်သုံးကျိပ်)နဲ့ အင်အား အချို့ဟာလဲကွန်မြူနစ်တွေနဲ့ပူးပေါင်းကာတောခိုသွားပါပြီ သနက.၃ဟာ လူအင်အားမပြည့်၊ တိုက်ခိုက်ရေးတပ်တွေအတွက်အကူပစ်လက်နက်တွေလဲမရှိချိန်မို့ တပ်မတော်ရေရဲ့ဘိုဖာ လက်နက်ကြီးအဖွဲ့ဟာ သနက.၃ရဲ့အကူပစ်အဖွဲ့အဖြစ်လိုက်ပါလာခြင်းဘဲဖြစ်ပါတယ်၊ စက်ကင်းကရင်တပ်ဟာအင်အားတောင့်တင်းပြီး လက်နက်ခဲယမ်းကလဲ တပ်မတခုစာလောက်များပြားတာကြောင့် ဒဏ္ဍာရီပုံပြင်နဲ့ခိုင်းနှိုင်းရရင် လူဘီလူးကြီး ဂိုလိုင်းလား.(GOLIATH)နဲ့ ကလေးငယ်ဒေးဗစ်(DAVID)နဲ့တူပြီး ဘိုဖာလက်နက်ကတော့ ဒေဗစ်ရဲ့လေးခွနဲ့တူတယ်လို့တင်စားရမှာပါ. ကျနော်ဟာအမေရိကန်လေတပ်ရဲ့ လေသူရဲများဝတ်ဆင်လေ့ရှိတဲ့အညိုရောင်လယ်သာဂျာကက်ကိုဝတ်ဆင်ထားပြီးဒီဂျာကက်ဟာကျနော့ကိုအမြဲတန်းဘဲကံကောင်းစေတယ်လို့ယုံကြည်ပါတယ်ဘာလို့လဲဆိုရင် ကျနော်လေးစားတဲ့ အဖေရဲ့လက်ဆောင်ဖြစ်သလို သိမ်ဖြူဆိပ်ကမ်းမှာကြိုးချည်ထားတဲ့ကျနော့စစ်ရေယာဉ်ကို ကွန်မြူနစ်တွေဝင်စီးသိမ်းပိုက်ပြီးကျနော့ကိုခရမ်းမှာဖမ်းဆီးထိမ်းသိမ်းထားစဉ်ကလဲဒီဂျာကက်ကလေးနဲ့ထွက်ပြေးလွတ်မြောက်လာလို့ဘဲဖြစ်ပါတယ်.ကျနော့မှာဂျာကက်ကြောင့်နွေးထွေးပေမဲ့ကျန်ရဲဘော်တွေဟာ တပ်မတော်ရေရဲ့အပြာရောင်အင်္ကျီဘဲဝတ်ထားတာမို့ချမ်းအေးကာခိုက်၂တုံနေကြတာမို့ဗြိတိသျှရေတပ်ထုံးစံအတိုင်း အချမိးဒဏ်ကကယ်တင်ပေးရပါတော့မယ်..
ဘိုဖာအဖွဲ့ရဲ့ ကျနော့လက်ထောက်ဖြစ်တဲ့တပ်ကြပ်ကြီးမျိုးမြင့်က ..
ဆရာ..ကျနော်တို့မှာရေတပိထောက်ပံ့ရေးရုံးက RUM(ဂျမေကာ)အရက်တွေပါလာတယ်ဆရာ အဲဒါကိုရဲဆေးအဖြစ်သုံးလိုက်ရင်ကောင်းမယ်ဟု အကြံပြုပါသည်။
ဟုတ်ကဲ့ ရဲဆေးဟာ ဗြိတိသျှတော်ဝင်ရေတပ်မတော်ရဲ့ရှေးရိုးအစဉ်အလာဖြစ်ပါတယ်.ဂုဏ်ထူးဆောင်သူရဲကောင်း ဗိုလ်ချုပ်ကြီး လော့ဒ် နယ်လ်ဆင်(Admiral Lord Nelson)လက်ထက်ကစလို့ နေ့စဉ်မနက်.၁၁နာရီမှာသင်္ဘောသားတိုင်းကို ပိုင့်တ၀က် ၈ျမေကာ ရမ်အရက်ကို သံပရာရည်နဲ့ရောပြီးတိုင်ပါတယ်၊ပင်လယ်ပြင်မှာရမ်ရဲ့ဂုဏ်သတ္တိက သောက်ရေကိုချွဲပစ်ခြင်းမှကာကွယ်ပေးပြီး သံပရာရည်နဲ့သကြားရေ ကရေကိုအရသာပိုရုံမျှမက ဗိုက်တာမင် စီရဲ့သတ္တိကြောင့် မမှီဝဲတဲ့သင်္ဘောသားများထက်ပိုပြီးကျန်းမာတာကိုနောက်ပိုင်းမှာတွေ့ခဲ့ရတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရတော့ ဒုတိယကမ္ဘာစစ်အတွင်းက၀န်ကြီးချုပ် ၀င်စတန်ချာချီရဲ့ခါးပိုက်ဆောင်ရေတပ်ဟာ မြန်မာ့တပ်မတော်(ရေ)အဖြစ်အသွင်ပြောင်းခဲ့ပါတယ်၊လွှဲပြောင်းပေးစဉ်မှာလဲရေတပ်အတွက်သိုလှောင်ထားတဲ့ ဂျမေကာရမ်အရက်တွေကိုပါလွှဲပေးခဲ့ပါတယ် ဒါကြောင့်မြန်မာ့တပ်မတော်ရေဟာ ဗြိတိသျှရေတပ်ကအသွင်ပြောင်းလာတာကြောင့်ရှေးအစဉ်အလာအတိုင်းကျင့်သုံးခဲ့ပါတယ်..
မျိုးမြင့်အကြံပြုလာတာကို ကျနော်က.
သိပ်ကောင်းတဲ့အကြံဘဲ.
ငါသနက.၃ရဲ့တပ်ရင်းမှူးနဲ့ခွဲမှူးတွေကိုအရင်သွားတိုက်လိုက်အုန်းမယ်..
မတ်ခွက်နဲ့ထည့်ထားတဲ့ဂျမေကာရမ်ကို တပ်ခွဲတွေလိုက်စစ်နေတဲ့ ဗိုလ်မှူးချစ်မြိုင်ကိုကမ်းပေးရင်းက..
ဗိုလ်မှူး..ဒီမှာ Nelson ရဲ့သွေး ဗိုလ်မှူးကိုအနွေးဓာတ်ပေးလိမ့်မယ် ဆိုကာမတ်ခွက်ကိုလှမ်းပေးပါတယ်.. ဗိုလ်မှူးချစ်မြိုင်ကအသောက်အစားနည်းသူမို့အရက်ခွက်ကိုယူဖို့ တုံ့ဆိုင်းနေတာကြောင့် သတင်းထောက်အဖြစ်လိုက်လာတဲ့ဦးမျိုးမြင့်က ခေါင်းငြိမ့်ပြပြီး သောက်လိုက်ပါ ခင်ဗျားသောက်မှကျန်တဲ့သူတွေသောက်မှာပေါ့ ဆိုသဖြင့်ဗိုလ်မှူးချစ်မြိုင် မတ်ခွကိကိုယူကာ တကြိုက်မော့လိုက်တယ်..
အေးဗျာ....သိပ်ကောင်းတာဘဲဗိုလ်ကြီး ကြည်းတပ်ကမန္တလေး ရမ်ထက်ကောင်းတယ် ဟု ဆိုပါသည်၊
ဗိုလ်မှူးချစ်မြိုင်ကိုကျနော်သိလိုက်တာလွန်ခဲ့တဲ့၂၄နာရီအတွင်းကဖြစ်ပေမဲ့ အရမ်းသဘောကျနေပါပြီ နှစ်ဦးနှစ်ဖက်အပြန်အလှန်လေးစားမှုရှိပြီး ရာထူးပိုကြီးမှု့ကိုအသုံးချပြီး ကိုယ်လိုရာကိုလုပ်တတ်တဲ့လူမျိုးမဟုတ်ပါဘူး အသေအချာနားထောင်ပြီး ခေါင်းအေးအေးနဲ့ ထောင့်ပေါင်းစုံကကြည့်လို့ အမျှော်အမြင်ကြီးစွာ ဆုံးဖြတ်ချက်ချတတ်တာဟာ သူ့ရဲံ့ထက်မြက်တဲ့အရည်အသွေးတခုဖြစ်ပါတယ် ဒါတင်မကပါဘူးရဲဘော်တွေနဲ့အတူ ဒုက္ခကိုခွဲဝေခံစားတတ်သူ ၊လူုအင်အားအပြည့်အ၀မရှိပေမဲ့ တိုက်ပွဲအတွေ့အကြုံရင့်ကျက်ကာ မြ၀်ဝကျွန်းပေါ်ဒေသမှာ ကျနော်တို့တပ်မတော်ရေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ဘူးတာကြောင့် တပ်မတော်ရေရဲ့လုပ်နိုင်စွမ်းကိုယုံကြည်စိတ်ချပြီးဖြစိပါတယ်။
တိုက်ပွဲဝင်ဖို့ နောက်ဆုံးအဓိဌာန်
★ ★ ★ ★ ★ ★ ★ ★ ★
မကြာခင်မှာဘဲ ဗိုလ်မှူးချစ်မြိုင်ဟာ သူ့ရဲ့ခွဲမှူး စုမှူးတွေအားလုံးကိုခေါ်ပြီးနောက်ဆုံးအကြိမ်စကားပြောပါတယ်၊ သူဟာ ဂျပန်ခေတ်ဗိုလ်သင်တန်းဆင်ဖြစ်ကာ BIAကလာသူဖြစ်လို့စစ်ပွဲတခုကိုသူ့ရဲ့ချဉ်းကပ်ပုံဟာဂျပန်နည်းဖြစ်ပါတယ်။ သူ့လူတွေကိုမကြာခင်ရင်ဆိုင်ရတော့မည့်တိုက်ပွဲရဲ့အန္တရာယ်ကြီးမားပုံကိုပြောပြနေပါတယ်..
ငါတို့အခုရင်ဆိုင်ရမည့်ရနိသူဟာ ဒို့ထက်အင်အားအများကြီးသာတယ်၊ဒါပေမဲ့ သူတို့ဟာအင်းစိန်မှာရှိတဲ့ကေအန်ဒီအိုတွေနဲ့ပေါင်းမိရင် ငါတို့တိုင်းပြည်ဘာဖြစ်သွားမယ်ဆိုတာမင်းတို့အားလုံးသိပြီးသားမို့အထွေအထူးမပြောချင်ဘူး ဒါကြောင့်ငါတို့နောက်မဆုတ်တန်းတိုက်ကြဖို့သစ္စာဆိုရလိမ့်မယ်၊ဘယ်သူထွက်ပြေးပြေးပစ်သတ်ရလိမ့်မယ်၊ အကယ်၍ငါထွက်ပြေးလဲငါ့ကိုပစ်သတ်။
သူလူအားလုံးက ကျနော်တို့နောက်မဆုတ်ဘဲတိုက်ပါ့မယ်၊
အားလုံးအဓိဌာန်ပြုကြသလား..လို့ထပ်မေးတယ်..
အားလုံးအဓိဌာန့်ပြုတယ်ဟုသံပြိုင်ဖြေကြသည်။
ကျနော်တို့ရေတပ်သားအားလုံးဟာမိမိဆန္ဒအရလိုက်လာသူတွေဖြစ်လို့သူတို့ကိုမေးသလိုကျနော်တို့ကိုမမေးနိုင်ပါ၊မေးဖို့လဲမလိုအပ်ပါ၊ကျနော်တို့ကဗြိတိသျှပုံစံအတိုင်းစစ်သင်တန်းတက်ခဲ့ကြသူတွေမို့ ကျနော်တို့အပေါ်အပြည့်အယုံကြည်မှု့ရှိသလိုကျနော်တို့လဲတက်ညီလက်ညီလှူပ်ရှားကြမယ်ဆိုတာယုံကြည်ထားပါတယ်၊မိမိရဲဘော်တွေနဲ့ တပ်မတော်ရေရဲ့ဂုဏ်သိက္ခာကျအောင်ဘယ်တော့မှမလုပ်ဖို့အချင်းချင်းသတိပေးထားပြီးဖြစ်လို့ပါဘဲ
တံမြက်စည်းနဲ့မိတ်ဆက်ခြင်း။
★ ★ ★ ★ ★ ★ ★ ★
တချို့က တံမြက်စီးဆိုတာကျနော်တို့တီထွင်ပြီးခေါ်တယ်လို့ထင်ကောင်းထင်ပါလိမ့်မယ်၊ဒါကြောင့်တံမြက်စီးရဲ့သမိုင်းကြောင်းလေးကိုရှင်းပြချင်တယ်၊
လေ့ကျင့်မှု့အပြည့်ရှိတဲ့တပ်ဖွဲ့ဝင်.၆ဦးနဲ့ဘော်ဖာလက်နက်ကြီးကိုပစ်ခတ်တာဟာ ယိန်းအက ကတာနဲ့တူတယ်၊ ဟန်ချက်ညီစွာလှူပ်ရှားရင်အလွန်ထိရောက်တဲ့လက်နက်လဲဖြစ်တယ်.
တစက္ကန့်မှာကျည်နှစ်တောင့်နှူန်း တမိနစ်မှာ၁၂၀တောင့်ပစ်ခတ်နိုင်တယ်၊
ဘိုဖာလက်နက်တွေကိုဗြိတိသျှ တော်ဝင်အရန်ရေတပ်မတော်ကို၁၉၄၄ခုနှစ်ကရောက်ရှိလာပါတယ်၊ရေယာဉ်တွေပေါ်မှာအစက သုံးပေါင်ဒါအမြောက်တွေ၊လူးဝစ်စက်သေနတ်တွေတပ်ဆင်ထားပေမဲ့ မကြာမှီမှာအရွယ်အစားပိုကြီးတဲ့ ဖဲလ်မိုင်း ရေယာဉ်.၆စီးနဲ့အစားထိုးခဲ့တယ်၊ဒီရေယာဉ်တွေဟာအင်္ဂလိပ်ရေလက်ကြားမှာ ဂျာမန် E.Boatတွေကိုတိုက်ခိုက်ခဲ့တဲ့သင်္ဘောတွေနဲ့အမျိုးအစားတူပြီး၃ပေါင်ဒါအမြောက်နဲ့ဆွစ်ဇာလန်ထုတ် 20mmအော်လီကွန်၂လက်တပ်ထားရာကနေ တလက်ကိုဖြုတ်ပစ်ပြီး ပိုမိပြစ်အားကောင်းတဲ့ ဆွီဒင်နိုင်ငံလုပ်40mm Bofors Automatic Cannonတွေကိုအစားထိုးခဲ့တာပါ။ကျည်ဖြည့်ရာမှာ ကျည်ဆံ၎တောင့်ဝင်ကျည်ကပ် ကိုလူကိုယ်တိုင်ဖြည့်ရပြီး ကျည်၎တောင့်ဟာလဲအမျိုးအစား၎မျိုးဖြစ်ပါတယ်အစီအစဉ်လိုက်ထည့်ရာမှာ
၁.သံချပ်ကိုဖောက်ထွင်းနိုင်တဲ့ကျည်ဆံ
၂.ပေါက်ကွဲယမ်းအားပြင်းတဲ့ကျည်
၃.မီးလောင်မှု့ဖြစ်စေတဲ့ကျည်
၎.ရန်သူရှိရာအတိအကျပြနိုင်တဲ့မီးပန်းကဲ့သို့ယမ်းမျိုးပါတဲ့ကျည် များဖြစ်ပြီးထိရောက်မှု့က.ကိုက်.၁၀၀၀ အတွင်းဖြစ်ပါတယ် တံမျက်စည်း(Broom)နာမည်နဲ့လိုက်ဖက်လှပါတယ်။ တကယ်ကသင်္ဘောပေါ်မှာတပ်ဆင်တဲ့ဘိုဖာလက်နက်ဟာ လေကြောင်းရန်ကာကွယ်ဖို့ရည်ရွယ်ပေမဲ့၊ကုန်းပေါ်ရောက်တဲ့မိချောင်းလိုဖြစ်နေပါပြီ ဘော်ဖာရဲ့အဆက်မပြတ်ပစ်လွှတ်တဲ့ကျည်ဆံရဲ့နောက်ပြန်အားကိုသင်္ဘောမှာတော့ရေထဲမှာပျောက်ကွယ်သွားပေမဲ့ကုန်းပေါ်မှာတော့ ခြေလေးချောင်းကိုမြေကြီးထဲတူးထည့်ပြီးကန်ထားဖို့လိုပါလိမ့်မယ်။
ပစ်ခတ်မှု့အနေနဲ့ကျည်ဖြည့်သုကကျည်လေးတောင့်ပါကျည်ကပ်ကိုချိန်ဘာမှာထည့်ပြီးတာနဲ့ပစ်ခတ်ရန်အသင့်ဖြစ်နေပါပြီ၊ဒုတိယကျည်ကဒ်ကိုကျည်ဖြည့်သူကအသင့်ကိုင်ထားရမှာဖြစ်ပြီးပစ်သူက၄တောင့်လုံးပစ်ပြီးတာနဲ့ကျည်ကပ်အသစ်ထည့်ပေးယုံပါဘဲကျန်အဖွဲ့ဝင်တွေကကျည်ဆံသေတ္တာကိုလိုသလောက်ထောက်ပံ့ပေးယုံပါဘဲ.
ဘိုဖာပစ်သူ၆ဦးပါပြီး
၁.တပ်ကြပ်ကြီးမျိုးမြင့်
၂.ဂျော့မက္ကန်း
၃.စိန်လှိုင်
၎.မောရစ်တောလ်ဘော့
၅.ရိုလာဟန်းဖရီးတေလာ
၆.သမိုင်း တို့ဖြစ်ကြပါတယ်၊ အတွေ့အကြုံရှိသူတွေဖြစ်ပြီးအင်းစိန်မှာလဲနွှဲခဲ့ဘူးသူတွေပါ.
ဘိုဖာလက်နင်ကြီးသင်တန်းကိုလွန်ခဲ့တဲ့.၅နှစ်ကကျနော်စက်သေနတ်တင်ရေယာဉ်ပေါ်မှာတာဝန်ထမ်းစဉ် ဗြိတိသျှကမ္ဘာ့အရှေ့ဖျားရေတပ်မှာတာဝန်ထမ်းစဉ်ကပို့ချခဲ့တာဖြစိပြီးသီဟိုဠ်နိုင်ငံတြိရင်ကိုမလိ(Trincomalee)မှာဖြစ်ပြီး ဘိုဖာလက်နက်သစ်ကိုကျနော့ရေယာဉ်မှာပြောင်းလဲတပ်ဆင်နေစဉ် ကမ္ဘာ့အရှေ့ဖျားမဟာမိတ်တပ်ပေါင်းစုရဲ့စစ်သေနာနပတိ ဗိုလ်ချုပ်ကြီး လော့မောင့်ဘက်တန်ကလာရောက်ကြည့်ရှူခဲ့ပြီး ဗိုလ်ချုပ်ကြီးက ငါ့သား မင်းဘယ်ကလဲလို့မေးလိုက်ပါတယ်၊ကျနော်က ရန်ကုန်ကပါဗိုလ်ချုပ်လို့ဖြေတော့.သူကပြုံးပြီးပုခုံးကိုပုတ်ကာ အောစိတ်မပူနဲ့ကောင်လေး.ငါမင်းကိုရန်ကုန့်ထိပြန်ခေါ်သွားမယ်.လို့ယုံကြည်မှု့အပြည့်နဲ့ပြောသွားခဲ့ဘူးတာကိုမှတ်မိနေပါသေးတယ်။ဂျပန်ကိုပြန်တိုက်ချိန်မှာဘိုဖာလက်နက်တွေတပ်ထားတဲ့ကျနော်တို့စစ်ရေယာဉ်တွေဟာရခိုင်ကမ်းရိုးတန်းမှာအဓိကပါဝင်ခဲ့ပြီး မဟာမိတ်အမှတ်.၁၄တပ်တွေကမ်းတက်ရာမှာ စစ်တွေကျောက်ဖြူ ရမ်းဗြဲနဲ့မလိကျွန်းတွေမှာပစ်ကူပေးခဲ့ရပြီး၁၉၄၅မှာရန်ကုန်ကိုသိမ်းရာမှာ၎င်း ဧရာဝတီမြစ်မြစ်ဝကျွန်းပေါ်မှာဆုတ်ပြေးတဲ့ဂျပန်တွေကိုလိုက်တိုက်ရာမှာဘိုဖာတွေကိုအဓိကအသုံးချခဲ့တယိ၊မြန်မာ့ရေတပ်အတွက်စုထားတဲ့လူသစ်တွေကိုကုန်းပေါ်မှာသင်တန်းပေးဖို့ ဗြိတိသျှကြည်းတပ်ရဲ့လက်နက်သိုလှောင်ရာဗဟိုဌာနကနေ ဘီးတပ်ထားတဲ့ဘိုဖာလက်နက်ကိုရလိုက်ပါတယ်၊ကျန်တာတွေက သင်္ဘောမှာတပ်ဆင်ထားတာပါ၊ ဂျစ်ကားနဲ့ဆွဲသွားလို့ရပြီး ကြည်းတပ်ရဲ့လိုအပ်ချက်နှင့်လိုက်ဖက်အောင်တည်ဆောက်ထားကာဒုတိယကမ္ဘ္ဘာစစ်အပြီး ရေတပ်သင်သားလေ့ကျင့်ရေးတာဝန်ကနေ၀က်ကော်ကိုရောက်လာရခြင်းဖြစ်ပါတယ်။ တံမြက်စီးဆိုတဲ့နာမည်ရဲ့သမိုင်းအစကလဲ မဟာမိတ်ဖက်ကရောဝင်ရိုးတန်းနိုင်ငံများကပါသုံးစွဲကြပြီးအောင်မြင်မှု့ရဲ့အထိမ်းအမှတ်ကိုဆိုလိုပါတယ် စစ်သင်္ဘောတွေ၊ရေငုတ်သင်္ဘောတွေဟာအချိန်ကြာမြင့်စွာပင်လယ်ပြင်မှာတာဝန်ထမ်းဆောင်ပြီးအခြေစိုက်စခန်းကိုပြန်လာစဉ်မှာ ရန်သူကြားဖြတ်တိုက်တာမခံရအောင် ဆက်သွယ်ရေးစက်တွေပိတ်ထားရပါတယ်၊ ကမ်းပေါ်ကနေစိုရိမ်စွာစောင့်နေတဲ့သင်္ဘောသားမိသားစုတွေ တာဝန်ရှိသူတွေအဝေးကမြင်နိုင်အောင် သင်္ဘောရဲ့အမြင့်ဆုံးဆက်သွယ်ရေးတိုင်မှာ တကယ့်တံမြက်စီးတချောင်းကိုကြိုးနဲ့ချည်ကာ ရန်အားလုံးကိုတံမြက်စည်းနဲ့ရှင်းသလိုရှင်းခဲ့ပြီလို့အောင်မြင်ခြင်သင်္ကေတကိုပြကြတာထုံးစံမို့ကျနော်တို့ရဲ့မိတ်ဆွေဘော်ဖာကိုလဲ တံမြက်စည်းလို့ပေးထားတာလိုက်ဖက်လှပေမဲ့ ခြေလျှင်ကညီနောင်တွေကမသိတော့ရယ်ချင်မှာပေါ့ဗျာသူတို့ရဲ့၆ပေါင်ဒါအမြောက်ကြီးကိုတော့ စစ်သွေးစစ်မာန်ပြည့်ဝစွာဝါးရင်းတုတ်လို့အမည်ပေးထားတယ်လေဗျာ၊ ကြည်းတပ်နဲ့ရေတပ်ကွားခြားမှု့လို့လဲပြောလို့ရနိုင်တာပေါ့။
ဘိုဖာလက်နက်ဟာ၁၉၃၀မှာဆွီဒင်ကထုတ်လုပ်ခဲ့တာဖြစ်ပြီးမဟာမိတ်ရေတက်သင်္ဘောကြီးတွေမှာဂျပန်ခါမီကာဇေတွေကိုကာကွယ်ဖို့ပြောင်း၎လုံးတွဲတပ်ဆင်ကာထိရောက်စွာကာကွယ်နိုင်ခဲ့ပြီး ယနေ့အထိနေတိုးအဖွဲ့တွေဟာဘိုဖာကိုရေဒါနဲ့ထိမ်းကြောင်းအဆင့်မြင့်နည်းပညာတွေနဲ့ပေါင်းစပ်ကာအနီးကပ်လက်နက်အဖြစ်အသုံးပြုနေကြဆဲဘဲဖြစ်တယ်။
ကရင်များပုံကန်ခြင်း
★ ★ ★ ★ ★ ★
လွတိလပ်ရေးရပြီးနောက်အင်းစိန်ဒေသကိုကရင်တွေအများအပြားဝင်ရောက်လာကြတယ် ကေအန်ဒီအိုတွေလဲပါဝင်ပါတယ်။ အင်းစိန်ရဲတွေကတရားဥပဒေစိုးမိုးရေးလုပ်မရတော့ ပြည်ထောင်စုစစ်ရဲ U.M.Pတွေဝင်လာတယ်၊လူကြီးတွေကနှစ်ဖက်လက်နက်ကိုင်တိုက်ပွဲတွေမဖြစ်အောင်ထိမ်းပေမဲ့ မအောင်မြင်ဘဲ ပေါက်ကွဲလုအနေအထားကိုရောက်လာတယ်၊၁၉၄၉ ဇန်န၀ါရီလမှာအင်းစိန်၊ကြို့ကုန်း၊သမိုင်းမှာရှိတဲ့ အစိုးရရဲတပ်ဖွဲ့ဝင်တွေရဲ့လက်နက်တွေကို ကေအမ်ဒီအိုကသိမ်းယူလိုက်တယ်၊ အစိုးရကငြိမ်းချမ်းရေးထိမ်းသိမ်းဖို့ ပြည်ထောင်စုစစ်ရဲနဲ့ စစ်ဝန်ထမ်းတပ်တွေကိုအင်းစိန်သို့စေလွှတ်ရတယိ။
၁၆.၁.၁၉၄၉မှာ မြန်မာ့တပ်မတော်ရေက ဗိုလ်ကြီးစောဂျက် (နောင်ဖြတ်လေးဖြတ်စစ်ဆင်ရေးမှာချောင်းသာကားလမ်းမှာကျဆုံး)ဟာမြစ်တွင်းသွားစစ်ရေယာဉ်နဲ့အတူ၊မြစ်ဝကျွန်းပေါ်မှာတာဝန်ထမ်းဆောင်နေရာကနေ၊အခြားရေယာဉ်တစီုး ဖြစ်တဲ့ရေယာဉ်မှူးစောထွန်းတောက်နဲ့အတူ KNDOများနဲ့ပူးပေါင်းသွားပြီးရေယာဉ်ကအမြောက်နဲ့ ပုသိမ်မြို့ကိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ဒီဂယက်ဟာတပ်မတော်ရေအတွက်၊အတော်လေးလှူပ်လှုပ်ရှားရှားဖြစ်စေခဲ့တယ်၊၁၇.၁.၁၉၄၉မှာတပ်မတော်ကအားထားရတဲ့တပ်တတပ်ဖြစ်တဲ့ အမှတ်၁ ကရင်သေနတ်ကိုင်တပ်ရင်းဟာကေအန်ဒီအိုတွေနဲ့အတိအလင်းပေါင်းပြီး တောင်ငူကိုသိမ်းပိုက်လိုက်တော့တယ်။ ကရင်သနကတွေကို ကရင်ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့လျှို့ဝှက်ပန်ကြားချက်ကြောင့်ဖြစ်ပါတယ်၊တောင်ငူကိုသိမ်းပြီး ဖြူးအထိ ဆင်းလာကာဖြူးကိုသိမ်းပြီး အင်စိန်အထိအဆင်းကာအင်းစိန်ရှိကေအန်ဒီအိုနဲ့ပေါင်းကာ ရန်ကုန်ကိုသိမ်းပိုက်ရန်ဖြစ်ပါတယ်၊ ၃၀.၁.၁၉၄၉ မှာတော့လဖဆပလအစိုးရဟာကေအန်ဒီအိုကို မတရားအသင်း အဖြစ်တရားဝင်ကြေငြာလိုက်ပါတော့တယ်။ လူမျိုးရေးပြသနာအဖြစ်အလုံဖက်နဲ့မြစ်ဝကျွန်းပေါ်မှာလဲ လူမျိုးရေးအထိကရုဏ်းတွေဖြစ်ခဲ့ပါတယ်။
၃၁.၁.၁၉၄၉ မှာတော့ဗြိတိသျှစစ်သင်တန်းကျောင်းဆင်းဖြစ်တဲ့ ဗိုလိမှူးချုပ်စမစ်ဒွန်း(စစ်ဦးစီးချုပ်)နဲ့တပ်မတော်လေကစစ်ဦးစီးမှူး စောရှီးရှို(Wing Commander Saw Shi Sho)နဲ့ တပ်မတော်မှာရှိနေတဲ့ကရင်အရာရှိတွေအားလုံးဟာခွင့်ရက်ရှည်အနားပေးခြင်းခံရပြီးဗိုလ်ချုပ်နေ၀င်းကစစ်ဦးစီးချုပ်ဖြစ်လာပါတယ်။
D.day- 9(ဒီဒေးအနူတ် ကိုး)
★ ★ ★ ★ :★ ★ ★
ဝက်ကော်တိုက်ပွဲမဖြစ်မှီ ကိုးရက်အလို. ၁.၂.၁၉၄၉ ရက်နေ့ ကရင်တွေပုန်ကန်ပြီးဒုတိယမြောက်နေ့.မှာအမြောက်တပ်ဖွဲ့က ခွဲထွက်လာတဲ့ကရင်စစ်သားအချို့နဲ့ကေအန်ဒီအိုတွေပေါင်းပြီး မင်္ဂလာဒုံတပ်နယ်မှာရှိတဲ့ တပ်မတော်(လေ)ရဲ့လက်နက်တိုက်ကိုဝင်ရောက်စီးနင်းပြီးရိုင်ဖယ်များ၊အော်တိုမစ်တစ်သေနတ်အငယ်စားများ၊စပစ်ဖားယားတိုက်လေယာဉ်တွေမှာသုံးတဲ့ ဘရောင်းနင်းသေနတ်အငယ်စားများ.၅စက်သေနတိများ၊ ၂၀မီလီမီတာ အော်လီကွန်စက်အမြောက်တွေကို ကုန်တင်ကားအပြည့်တင်ပြီဲး့ အင်းစိန်ကိုသယ်သွားခဲ့တယ် ကံကောင်းတာက အော်လီကွန်စက်အမြောက်ရဲ့ အော်တိုမစ်တစ်ပစ်နိုင်တဲ့အစိတ်အပိုင်းတွေပါမသွားတာကြောင့် ကေအန်ဒီအိုတွေဟာ အော်လီ့ကွန်စက်အမြောက်ကို တတောင့်ချင်းဘဲပစ်နိုင်တယ်။ သူတို့ရဲ့.၃၀၃ရိုင်ဖယ်နဲ့ဘရင်းဂန်းကျည်တွေအလုံအလောက်ရသွားတာဘဲဖြစ်တယ်။ ဒါကြောင့် စစ်ရဲတွေ စစ်ဝန်ထမ်းတပ်တွေဝိုင်းထားတဲ့အင်းစိန်ကနေ ခံစစ်အဖြစ်ကနေထိုးစစ်အဖြစ်တပ်မတော်ရဲ့အမြဲတန်းတပ်တွေမရောက်ခင်။
ရန်ကုန်ကိုသိမ်းနိုင်တော့မှာဖြစ်လို့ဘဲ။
D.day-8 (ဒီဒေး အနူတ် ၈ရက်)
★ ★ ★ ★ ★ ★ ★ ★
ဝက်ကော်တိုက်ပွဲမစမှီာ၈ရက်အလို...
၂.၂.၁၉၄၉ မှာတော့ကေအန်ဒီအိုတွေဟာအင်းစိန်ဘူတာ၊အင်းစိန်ရဲစခန်း၊ခရိုင်ရဲအုပ်ချုပ်ရေးရုံးတွေကိုသိမ်းပိုက်လိုက်တော့တယ်၊အကြီးဆုံးအင်းစိန်ထောင်ကြီးကိုဖွင့်ပြီးထောင်ခါလိုက်တော့တယ်၊အကျဉ်းသား၂၀၀၀ကျော်လွတ်မြောက်သွားပြီးနောက်အင်းစိန်ဘဏ်လဲလုယက်ခံရကာအစိုးရဘဏ္ဍာငွေတွေပါသွားတော့တယ်၊ကေအန်ဒီအိုဟာအင်းစိန်ရဲ့ ၁၀ စတုရန်းမိုင်ကိုသိမ်းထားလိုက်ကြပြီးဖြစ်တယ်၊ အစိုးရရဲ့ စစ်ရဲ စစ်ဝန်ထမ်းနဲ့အမှတ် ၄သနက(ဂေါ်ရခါးတပ်ကတော့မြို့ပြင်မှာဝိုင်းထားဆဲပါဘဲ၊ ကေအန်ဒီအိုအင်အားကောင်းနေပေမဲ့ ရှေ့ကိုဆက်လက်ချီတက်ဖို့ကတော့ အင်အားလိုနေဆဲဘဲဖြစ်တာမို့ တပ်မတော်ရဲ့ အကောင်းဆုံးလေ့ကျင့်ထားပြီး လက်နက်အင်အားကောင်းတဲ့အမှတ်.၁နဲ့အမှတ်၂ကရင်သေနတ်ကိုင်တပ်တွေကို သူတို့နဲ့လာရောက်ပူးပေါင်းဖို့အကူအညီတောင်းပါတယ်၊ဒီတပ်တွေဟာစစ်ရည်စစ်သွေးဝနေတဲ့တပ်တွေပါ။ ဒီတပ်တွေ အင်းစိန်ရှိတပ်တွေနဲ့သာပေါင်းမိသွားရင် မြန်မာပြည်ရဲ့ကံကြမ္မာဟာ တမျိုးတဖုံပြောင်းလွဲသွားမှာဘဲဖြစ်ပါတယ်။
အင်းစိန်မှာတော့နေစဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေဖြစ်နေပြီး စစ်ဝန်ထမ်းတပ်တွေက အစိုးရကိုစစ်ကုပေးဖို့တောင်းနေပါပြီဒါကြောင့်တပ်မတော်ရေက ဘော်ဖာလက်နက်ကြီးနဲ့ပစ်ကူပေးဖို့အမိန့်ပေးလိုက်တာဖြစ်ပြီး ကျနော်ဟာဖေဖေါ်ရီ.၂ရက်မှာတော့ သမိုင်းက မြန်မာကြွေထည်စက်ရုံ(ဦးသော်ပန်းကန်စက်)အတွင်အခိုင်အမာခြေကုန်ယူထားတဲ့ ကေအန်ဒီအိုတွေကို တိုက်ဖို့စစ်ဝန်ထမ်းတပ်က စက်ရုံဝန်းအုပ်ရိုးကိုဘိုဖာနဲ့ပစ်ပြီးဖြိုချပေးဖို့အစီအစဉ်အတိုင်း ကျနော်တို့ဘိုဖာအဖွဲ့ကအုပ်ရိုးကိုဘိုဖာနဲ့ပစ်ပြီးဖြိုချလိုက်ပါတယ်၊ ဖြိုချလိုက်တာနဲ့ စစ်ဝန်ထမ်းတက်တွေကအုပ်ရိုးကနေမ၀င်ခင် ကရင်တွေက အတင်းပြေးထွက်လာပြီးကျနော်တို့ဘိုဖာတပ်ဖွဲ့ကိုတိုက်ပါတယ်၊ ဘိုဖာအဖွဲ့ဝင်ဖြစ်တဲ့ ရိုလန်ဟမ်းဖရီးနဲ့၊ဂျော့မက္ကန်းခေါ်ကျော်ဝင်းတို့ဟာသူတို့ပစ်နေတဲ့နေရာကနေနောက်မဆုတ်ဘဲ ဘော်ဖာကိုဆက်တိုက်ပစ်ကာသူတို့ရဲ့သတ္တိအစစ်အမှန်ကိုပြခဲ့ပါတယ်၊ မနက်မိုးလင်းတာနဲ့ ဘိုဖာအဖွဲ့ဟာသံလျှက်စွန်းကနေအင်းစိန်ကိုသွားပစ် ညနေကြ ဌာနချုပ်ကိုပြန်၊ကြရတယ်၊အင်းစိန်မြို့ပြင်ရထားလမ်းကိုဖြတ်တာနဲ့ အရပ်သားတွေကလမ်းဘေးတလျှောက်တနိးစီကာလက်ခုပ်သြဘာပေးခြင်း ထမင်းထုပ်တွေကမ်းပေးကြတယ်၊သူတို့ကြည့်ရတာ အင်းစိန်မှာဖြစ်နေတဲ့စစ်ပွဲဟာဘယ်လောက်အရေးကြီးပြီးဘယ်လောက်ပြင်းထံမယ်မှန်းမသိကြဘူး ဘော်လုံးပွဲတပွဲလာကြည့်နေသလားလို့တောင်ထင်ရတယ်၊
တကယ်က တိုင်းပြည်အန္တရာယ်ဟာ မြို့တော်ရဲ့တံခါးဝကိုခေါက်နေပြီကိုသိဟန်မတူကြဘူးစစ်ပွဲဟာ ၁၁၂ရက်တောင်ဖြစ်ပွားခဲ့တာပါ။
ကရင်သေနတ်ကိုင်တပ်ရင်း၂(ပြည်မြို့)
★ ★ ★ ★ ★ ★ ★ ★ ★
D.day-7(၀က်ကော်မစမှီ.၇ရက်အလို).....
၃.၂.၁၉၄၉ခုနှစ်...
နေ့လည်စာထမင်းစားပြီးချိန်...
အမှတ်.၂ကရင်သေနတ်ကိုင်တပ်ရင်းရဲတြပ်ရင်းမှူးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး စောမြမောင်ဟာ သူ့တပ်ခွဲမှူးများကိုအစည်းအဝေးခေါ်လိုက်တယ်၊သူ့ရဲ့ထောက်လှန်းရေးအရာရှိကဖြစ်ပေါ်နေတဲ့အခြေအနေကိုခုလိုရှင်းပြတယ်..
တပ်ခွဲမှူးများ...
မင်္ဂလာဒုံမှာရှိတဲ့ဆက်သွယ်ရေးတပ်ကကျနော်တို့ညီအကိုကရင်စစ်သည်တွေဟာကျနော်တို့နဲု့အမြဲတန်းလျှို့ဝှက်အဆက်အသွယ်ရှိနေတယ်..
ခုဘဲထိပ်တန်းလျှို့ဝှက်သတင်းပို့ချက်ကိုလက်ခံရခဲ့တယ်..
အင်းစိန်မှာရှိတဲ့ကျနော်တို့ညီအကိုတွေနဲ့အစိုးရစစ်ရဲတွေနဲ့တိုက်ခိုက်မှု့ကတနေ့တခြားဆိုးဝါးလာပြီ..
တပ်ရင်းမှူးကဆက်ပြီး...
ငါတို့ကရင်ခေါင်းဆောင်တွေနဲ့အစိုးရစေ့စပ်ဆွေးနွေးမှုဟာလဲအချိန်မရွေးပေါက်ကွဲမည့်အေုခအနေဖြစ်တယ်၊ ခေါင်းဆောင်တွေကသူတို့ကိုအကူအညီပေးဖို့အင်းစိန်ကိုဆင်းလာဖို့တောင်းဆိုနေပြီဖြစ်တယ်.
ငါတို့ကရင်ပြည်သူတွေကိုကယ်တင်ဖို့ငါတို့အစိုးရအပေါ်သစ္စာဖောက်ရတော့မှာဖြစ်တယ်၊ငါတို့မှာရွေးချယ်စရာလမ်းမရှိတော့ဘူး..
တပ်ရင်းမှူးက ရှင်းလင်းပြီးတာနဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောထွန်းမောင်ဘက်သို့လှည့်ပြီး..
ကဲဗိုလ်မှူး ဒီတပ်ရင်းတခုလုံးအင်းစိန်ကိုအမြန်ဆုံးချီတက်နိုင်ဖို့စီစဉ်ပါ၊မော်တော်ယာဉ်ဘယ်နှစ်စီးလိုမလဲအမြန်စုစည်းပါ၊လိုအပ်ရင်အရပ်ကားတွေပါယူသုံးပါ၊ပြည်မြို့မှာရှိတဲ့အစိုးရရုံးတွေ၊ရဲစခန်းတွေကို ငါတို့ကိုမခုခံနိုင်မှီ အရင်ဝင်သိမ်းမယ်၊ ငါတို့နဲ့အတူမိသားစုဝင်တွေကိုပါအားလုံးခေါ်သွားမယ်၊သူတို့ချည်း ဒီမှာကျန်ခဲ့ရင် သူတို့မှာခုခံစရာဘာမှမရှိဘူး၊ငါတို့ရဲ့ရိက္ခာ၊ကျည်၊ခဲယမ်းအားလုံးကိုသယ်ဆောင်သွားမယ်၊ပစ္စည်းတွေအမြန်ဆုံးကားပေါ်တင်ပြီး၊ တပ်ဝင်းအပြင်ကိုဘယ်သူမှထွက်ခွင့်မပေးနဲ့ တပ်သားအားလုံးကိုမင်္ဂလာဒုံမှာရှိတဲ့စစ်တန်းလျှားကိုပြောင်းနေဖို့ စစ်ရုံးချုပ်ကအမိန့်လို့ ပြောပါ..
ကဲအလုပ်စလုပ်ကြတော့ ရခိုင်မှာရှိတဲ့တပ်ရင်း.၅ အင်းစိန်ကိုမရောက်ခင် ငါတို့ကဦးအောင် အင်းစိန်ကိုရောက်ဖို့လိုတယ်ဟုဆက်တိုက်အမိန့်ပေးလိုက်တော့သည်။
ဆက်ရန်
Star shinester

ဘသိန်းတင်ပြန်လာပါ ၊ဗကပ ပြန်လာပါ

Thaung Myint added 3 new photos.Follow
ဘသိန်းတင်ပြန်လာပါ ၊ဗကပ ပြန်လာပါ
★ ★ ★ ★ ★ ★ ★ ★ ★ ★
၁၉၄၈ ခုနှစ်တွင် ရရှိခဲ့သောလွတ်လပ်ရေးကြီးသည် အတုအယောင်သာဖြစ်ကြောင်း၊လွတ်လပ်ရေးသည်တိုက်ယူမှရကြောင်းအကြောင်းပြခါ ၁၉၄၈ခုနှစ် မတ်လ၂၈ ရက်တွင် ၊သခင်သန်းထွန်း ၊ ရဲဘော်ဌေး ၊ဂို ရှယ် စသည့်ကွန်မြုနစ်များတောခိုကြရာ တပ်မတော်တွင်းရှိကွန်မြူနစ်များလဲလိုက်ပါတောခိုကြ၏ ။ လက်နက်ကိုင်တို့ကို တပ်မကြီး၎ခုဖွဲ့စည်းကာ သခင်သန်းထွန်းက စစ်သေနာပတိ အဖြစ်တာဝနိယူသည်။ တပ်မတော်၏ထိုးစစ်များဒဏ်ကြောင့် အကြပ်အတည်းများကြုံလာသည့်အခါ နယ်စပ်တွင်အခြေခံစခန်းတည်ဆောက်ရေး အောင်ဇေယျစစ်ဆင်ရေး ကို စီစဉ်တော့သည်၊ တဖက်နိုင်ငံတွင် ကွနိမြူနစ်များအာဏာရလာသည့်အခါ အာရှတွင် ကွနိမြူနစ်ဝါဒ လွှမ်းမိုးအောင်ဆောင်ရွက်ရန် နိုင်ငံခြားကွန်မြူနစ်ပါတီများကို ခိုလှူံခွင့်ပေးရေးအစီအစဉ်များကြောင့် ဗကပသည် တရုပ်ကွံန်မြူနစ်ပါတီ နှင့်ပိုမိုကျယ်ပြန့်စွာ ဆက်သွယ်ခဲ့တော့သည်။ ၁၉၄၅.၄၆ တွင် ရဲဘော် ၀ူမင်ခေါ် မြနိမာပြည်ပေါက်တရုပ်တဦးကို စေလွှတ်ရာ မူဆယ်နမ့်ခမ်းမှတဆင့် ယူနန်သို့ဝင်ရောက်ခဲ့သော်လည်းအခက်အခဲများနှင့်ကြုံသဖြင့် ကျူရှင်ဆရာအဖြစ် ဇာတ်မြှူတ်နေထိုင်ခဲ့ရသည်။ ၁၉၅၀.၅၁ တွင် အခြားအဆက်အသွယ်ရသဖြင့် သခင်ဘသိနိးတင်နှင့်အင်အား၄၀ ၊ သခင်သန်းမြိုင်၊သခင်ပုနှင့် အင်အား ၂၄ယောက့် တို့ ပီကင်းသိုရောက်လာပြီး ဥက္ကဌကြီးမော်က နိုင်ငံတကာညီနောင်များအဖြစ်အသိအမှတ်ပြု ကာ ၊မြန်မာပြည်ကိုဖျက်ဆီးမည့် အဝေးရောက်ဗမာပြည်ကွန်မြူနစ်ပါတီကို သခင်ဘသိန်းတင်၊သခင်သန်းမြိုင်တို့ ဦးဆောင်ဖွဲ့စည်းခြင်းကား မြန်မာသမိုင်း၏ အမှောင်ညများအဖြစ်စတင်သန္ဓေ တည်ခြင်းပင်ဖြစ်တော့သည်။ ၁၉၆၆ တွင် တဖက်နိုင်ငံ၏အကူအညီဖြင့် ဗမာတပြည်လုံး သိမ်းပိုက်ရေး မိုးဟိန်း ငါးနှစ်စီမံကိန်းကိုရေးဆွဲကာ ၁၉၆၈ ဇန်န၀ါရီလ တရက်နေ့မှစတင်ကာ အရှေ့မြှောက်ဒေသ ဗကပ စစ်ရေးလှူပ်ရှားမှု့ကြီးကိုစတင်ခဲ့တော့သည်၊ ရှမ်းလူမျိုး အင်အား၃၀၀ကျော် ပအို့ဝ်အင်အား၂၀၀ ကျော်ကိုစည်းရုံးကာ တဖက်နိုင်ငံတွင်သင်တန်းတက်စေ၍ တဖက်နိုင်ငံမှပေးသောလက်နက်များတပ်ဆင်ကာ ရှမ်းပြည်မှ တဆင့် ဗမာတပြည်လုံးသိမ်းပိုက်ရေးကို စတင်ဆောင်ရွက်ရာ ရှမ်းပြည်မြောက်ပိုင်းခရိုင်ကို ဗိုလ်ကျင်မောင်၊ အလယ်ပိုင်းခရိုင်ကို ဗိုလ်စိုးမောင်၊ တောင်ပိုင်းကိုဗိုလ်ပုက တာဝန်ယူကာ အရှေ့မြောက်ဒေသ ထိုးဖောက့်ရေးကို စီစဉ်ခဲ့သည်။ ၁၉၆၇ တွင်ပေါ်ပေါက်သော တရုပ်မြန်မာကျောင်းသားအရေးအခင်းကြောင့် စစ်လက်နက်များပုံအောရရှိသော ဘသိနိးတင်သည် ၊စစ်ရေးခေါင်းဆောင်အဖြစ် ကချင်စစ်ဗိုလ် နော်ဆိုင်းအားခေါင်းဆောင်တင်ကာကချင်တို့ကိုစည်းရုံးသိမ်းသွင်းပြီး စစ်ရေးအတွက် နော်ဆိုင်းနှင့်အတူ တရုပ် PLAတပ်မှ ဗိုလ်ချုပ်တဦးတို့က အနီးကပ် ကြီုးကြပ်သည်။ ဗကပ တပ်ရင်းကြီး ၃၀၃ကို ဖွဲ့စည်းကာ ၁၉၆၈ ဇန်န၀ါရီလတရက်နေ့တွင် တပ်မတော်၏ မုံးကိုးစခမ်းကိုဝင်ရောက်သိမ်းပိုက်သည်။ နော်ဆိုင်းသည်ကချင်KIAများကိုစည်းရုံးနေစဉ် တပ်မတော်တပ်စခန်းများရှိရာ ဖောင်းဆိုင် ပန်စုတိုင် ဖေါ်ကျုံး ကြူကုတ်ပန်ဆိုင်း ကောင်းလုံ ၊လုံထန် နမ့်ပေါ် တံတားများကိုတိုက်ခိုက်သိမ်းပိုက်ရာ အများစုမှာ တဖက်နိုင်ငံ PLAတပ်သားများဖြစ်ကြသည်။ KIAမှခွဲထွက်သော စခုံတိန့်ယိမ်း ၊လယောက်ဇေလွမ် တို့နှင့် မရှူခေါ်လောင်ဝေါ်။ လရှီခေါ်လချိတ် အင်အားများဖြင့် ဗကပတပ်ရင်းကြီး၊၁၀၁ကိုဖွဲ့သည်။ ဗကပတပ်ရင်းကြီး(၁၀၇)ကိုရှမ်းတို့ကိုအခြေခံဖွဲ့ပြီး ကချင်ကိုအခြေခံ၍ (၃၀၃)ကိုဖွဲ့သည်။ဖုန်ကြားရှင်၏ ကိုးကန့်ကိုအခြေခံ၍ တပ်ရင်းကြီး(၄၀၄)ကိုဖွဲ့သည်။ ဆုံကရာမနိနှင့် ပန်ဝိုင်ဒေသမှ ၀လူမျိုးများကိုအခြေခံ၍ တပ်ရင်းကြီး(၂၀၂) ကိုဖွဲ့သည်။
၁၉၆၂ တွင်တက်လာသော တော်လှန်ရေးကောင်စီသည် ဘသိန်းတင်နှင့်ဆွေးနွေးသော်လည်းအဆင်မပြေသဖြင့် ဗသိန်းတင်သည် တရုပ်သို့ပြနိလည်ထွက်ခွာကာ ပန်ဆန်းကိုအခြေပြုလှုပ်ရှားသည်။ ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော်(SSIA) အိုက်မြင့် အဖွဲ့ကိုအခြေခံကာ ဗကပတပ်မဟာ(၇၆၈) ကိုဖွဲ့သည်။
နယ်စပ်ဒေသ တိုင်းရင်းသားအားလုံးကိုစည်းရုံးကာ ဗကပ တပ်ရင်းကြီးများအဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပြီးအင်အားကြီးထွားလာသည့်ဗကပတပ်များကို တရုပ်နိုင်ငံမှသီးခြားလက်နက်စက်ရုံတရုံတည်ဆောက်ကာ လက်နက်ခဲယမ်းများအကူအညီပေးယုံမျှမက. တရုပ် PLA အမှတ်၁၄ တပ်တော်မှ ဒုတပ်မှူးကြီး ထင်တာပနိ ဦးစီးသော အမှတ်(၈၀၈)စစ်အကြံပေးအဖွဲ့ ၊ လက်နက်ကြီးအဖွဲ့များကိုကူညီပေးသည် စစ်အကြံပေး၁၆၀ ဦးသည် မုန်းကိုးမှတဆင့်မိုင်မောထိဝင်ရောက်ခဲ့သည်။
အရှေ့မြောက်ကိုတိုက်ခိုက်ခြင်း။
★ ★ ★ ★ ★ ★ ★ ★
တဖက်နိုင်ငံ၏ စစ်ရေးအကူအညီရနေသောဗကပတို့သည် မြန်မာ့တပ်မတော်နှင့် နှစ်ပေါင်းများစွာ သူသေကိုယ်သေတိုက်ကြတော့သည် ။ ထိုတပ်များကိုတိုင်းရင်းသားများက တဖက်နိုင်ငံတပ်များဟုခေါ်ဝေါ်ခဲ့ကြပြီး မိုင်းမောအားတိုက်စဉ် PLA တပ်သား ၇၀၀ အထိပါဝင်တိုက်ခိုက်ပေးပြီး လက်နက်ကြီးအဖွဲ့များမှာ တရုပ်နိုင်ငံသားများသာဖြစ်သလို ကြားဖြတ်အသံဖမ်းစက်ကိုင်သူများမှာ တရုပ်အမျိုးသမီးများပါပါဝင်ခဲ့ကြသည်။ ကျူးကျော်စစ်အတွက် တနိုင်ငံလုံးက မြန်မာ့တပ်မတော်ကို အားပေးကာ ကူညီခဲ့ကြသည်။
၁၉၈၈ နောက်ပိုင်း ဗကပကိုအာဏာသိမ်းပြီး နောက် ပြိုကွဲသည့်အခါ တပ်မတော်အစိုးရသည် ဗကပချုပ်ငြိမ်းစေရန် ထိုတပ်များနှင့် အလျှင်အမြန်ငြိမ်းချမ်းရေးယူခဲ့သည်။ တည်ငြိမ်အေးချမ်းရေးအတွက် နေရာသတ်မှတ်ပေးခဲ့ကြသည် ။ ဒီမိုကရေစီအစိုးရတက်လာလျှင်လက်နက်စွန့်ရမည်ဟု သဘောတူညီခဲ့ကြသည်။
တချိနိက ဗကပ တဖြစ်လဲ တိုင်းရင်းသားလက်နက်ကိုင်များသည် ခုတော့ တိုင်းရင်းသားမျိုး ချစ် တပ်တွေ ဒီမိုကရေစီ တပ်တွေ ဟု အမည်ခံကြကုန်သည်။ နောက်ကွယ်တွင်မူ ဘီန်း ။မူးယစ်ဆေးလုပ်ငန်း သစ်နှင့်သယံဇာတ ခိုးထုတ်သုများဖြစ်လာပြီး လုမျိုးရေး နှင့်တိုင်းရင်းသား အရေးခေါင်စဉ်အောက်ရောက်လာပြီး တပ်မတော်ကိုမုန်းသူများ၏ ဒဏ္ဏာရီထဲက လူစွမ်းကောင်းတွေဖြစ်လာကြသည်၊ တပ်မတော်က တိုက်လျှင်တိုင်းရင်းသားတွေက်ု သတ်နေပြီဟုအော်၍ လွမ်းသူ့ပန်းခွေချမည့်သူများပေါ်လာကြသည်။ Stop War တွေ Peace တွေ ၀ိုင်းအော်ကြပြန်သည် ။တိုင်းရင်းသားအချင်းချင်း မတိုက်ကြဖို့ အစိုးရနှင့် တပ်မတော်ကို လက်မှတ်ထိုးတင်မည့် သူရဲကောင်းတွေပေါ်လာသည်။
စစ်ပွဲကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း
★ ★ ★ ★ ★ ★ ★
စစ်ဟူသည် အခြားနည်းဖြင့်ဖြေရှင်းမရသောအခါ သုံးစွဲ သည့်နည်းလမ်းဟုအဓိပ္ပါယ်ဖွင့်ဆိုသည်။ အစိုးရနှင့်တပ်မတော်က အခြားနည်းလမ်းဖြင့် ဖြေရှင်းရန် အကြိမ်ကြိမ်ကြိုးပန်းခဲ့ပြီးဖြစ်သည်။ တချိန်က ဗကပ ခေါင်းစဉ်အောက်မှ တရုပ်အကူအညီယူ၍ ငြိမ်းချမ်းရေးစကားမပြောဘဲ တပ်မတော်ကိုအသေအကြေ တိုက်ခဲ့ကြသူများမှာထိုအဖွဲ့များပင်ဖြစ်သည်။ ယခုလဲ တရုပ်အကူအညီယူ၍ တပ်ပေါင်းစု အသွင်ဖြင့် အစိုးရ နှင့်တပ်မတော်ကိုတိုက်နေသူများသည်လည်း ထိုအဖွဲ့များသာဖြစ်သည်။
တပ်မတော်က တိုက်ခိုက်နှိမ်နင်း၍ ဌာနချုပ်စခမိးသိမ်းတော့မည်ဆိုလျှင် ငါတို့ တိုင်းရင်းသားတွေပါ ၊ Peace ပါ၊ Stop War အော်၍ ဆက်လက်သက်ဆိုးရှည်မည်။
တိုင်းရင်းသားမှနိလျှင် အစိုးရနှင့် စေ့စပ်ညှိနိုင်း၍ အေးအေးချမ်းချမ်း နေပါ ၊ တိုက်ချင်လျှင် လဲ ဗကပလို အသေအကြေတိုက်ပါ
ငါတို့သည် တိုင်းရင်းသား အမည်ခံ သူပုန်ကို မလို။ ဗကပလိုသူသေကိုယ်သေတိုက်မည့် ယောက်ကျားကောင်းကိုသာလိုသည်။
ထိုကြောင့် တိုက်ချင်လျှင်...
ဗကပပြန်လာခဲ့ပါ......
ဘသိန်းတင် ပြန်လာခဲ့ပါဟု သာပြောချင်သည်။
Starshinester

တပ်မတော်ရေအားဂုဏ်ပြုခြင်း(အပိုင်း.၂)

Thaung Myint added 3 new photos.Follow
1 hr
DHA BYRT SEE
THE GUN THAT SAVED RANGOON
★ ★ ★ ★ ★ ★ ★ ★ ★
တပ်မတော်ရေအားဂုဏ်ပြုခြင်း(အပိုင်း.၂)
D.day_6(ဒီဒေး အနုတ်.၆)
★ ★ ★ ★ ★ ★ ★
အပိုင်း၁ အထိ ပြ ည်မြို့ရှိကရင်သေနတ်ကိုင်တပ်ရင်း.၂ ၏ခေါင်းဆောင်တပ်ရင်းမှူး ကာနယ်စောမြမောင်သည်ရန်ကုန်သို့ချီတက်ရန်ပြင်ဆင်ပြီး တပ်သားအားလုံးအားမင်္ဂလာဒုံစစ်တန်းလျှားသို့ပြောင်းရွှေ့ရမည်ဟုအမိန့်ထုတ်ပြန်လိုက်တော့သည်၊ သိသူအချို့ကတော့သိနေကြသည်၊ ဘာကြောင့်လဲဆိုတော့၊(၄.၂.၄၉)နေ့မှာ ပြည်မြို့ရှိ အစိုးရရုံးများနဲဘဏ်တိုက်ကို၎င်းရဲစခန်းကို၎င်းအလစ်ဝင်ရောက်စီးနင်းသိမ်းပိုက်လိုက်သလို အရပ်ဖက်နဲ့အစိုးရမော်တော်ယာဉ်အားလုံးကိုသိမ်းယူလိုက်တာကြောင့်ဖြစ်တယ်၊
နောက်တနေ့မှာတော့ အစိုးရတပ်ကမလှူပ်ရှားနိုင်ခင် လက်ဦးမှုရအောင် ပြည်မှရန်ကုန်သို့ ကားအစီး.၁၂၀ နဲ့ချီတက်ခဲ့တော့တယ် ရှေ့ဆုံးကနေ အပေါ့စားတင့်ကားတစီး သံချပ်ကာကား၂စီးကဦးဆောင်ပြီး အမြောက်နဲ့စိန်ပြောင်းတွေ ဒီဝီဇံတပ်တတပ်စာလောက်ရှိတဲ့ ခဲယမ်းတွေအပြည့်အစုံပါလာခဲ့တယ်။
ပြည်မြို့ရဲ့တောင်ဖက်.၅၅မိုင်အကွာ ဇီးကုန်းအထိ ထိထိရောက်ရောက်ခုခံမှူ ဘာမှမရှိခဲ့ဘူး။ သူတို့နောက် ခပ်ခွာခွာက ကွန်မြူနစ်တွေကနောက်ယောင်ခံလိုက်ခဲ့တာကိုတော့သူတို့မသိကြဘူး အစိုးရနဲ့တိုက်ပွဲဖြစ်ရင် လက်နက်လုဖို့ဘဲဖြစ်တယ်၊အလွန်ကြီးကျယ်တဲ့စီမံချက်ပါဘဲ. တပ်မတော်လေက ဒုဦးစီးချုပ် တော်မီကလစ်(Tommy Clift)က စပစ်ဖိုင်းယားလေယာဉ်တစီးနဲ့ကြားဖြတ်တိုက်ခိုက်ပေမဲ့ထိရောက်မှု့မရှိဘူး( ဒုဦးစီးချုပ်ကိုယ်တိုင် တိုက်ပွဲဝင်ခဲ့တဲ့တပ်မတော်လေရဲ့အခြေအနေကိုလေ့လာကြည့်နိုင်တာပေါ့).
တပ်မတော်ကြည်းရဲ့ ဆက်သွယ်ရေးတပ်အများစုဟာဗြိတိသျှသင်တန်းဆင်း ကရင်တွေဖြစ်လို့ အစိုးရတပ်အရွှေ့အပြောင်းတွေကိုသိနေကြတယ်၊ရခိုင်မှာမူဂျာဟစ်တွေကိုတိုက်ပြီးအောင်ပွဲရ တပ်ရင်း.၅ ကို ပြန်ခေါ်ထားတာလဲသူတို့သိနေတယ်၊ မင်္ဂလာဒုံလေယာဉ်ကွင်းကိုသာသိမ်းပိုက်နိုင်ခဲ့ရင် ရန်ကုန်ကာကွယ်ဖို့ဟာသဲထဲရေသွန်ဖြစ်မှာပါဘဲ၊ဒါပေမဲ့မသိမ်းနိုင်ခဲ့တာဟာလဲသမိုင်းကိုပြောင်းလဲစေခဲ့တဲ့အချက်တခုပေါ့၊ တွံတေးတူးမြောင်းကို ကေအန်ဒီအိုတွေပိတ်ဆို့ထားပြီးဖြစ်လို့ မြစ်ဝကျွန်းပေါ်ကတပ်ရင်း၃ ကိုပြန်ခေါ်ဖို့အခက်အခဲဖြစ်နေတာကိုလဲသူတို့သိနေတာပါဘဲ။ သူတို့မသိလိုက်တာက တပ်ရင်း.၃ ရန်ကုန်ရောက်ဖို့ ရေတပ်က ဘယ်လိုစီစဉ်ခဲ့သလဲဆိုတဲ့အချက်ပါဘဲ၊ဒါဟာသမိုင်းမှာအဆက်ပြတ်နေတဲ့ကွင်းဆက်ပါဘဲ အငိးစိန်သမိုင်းရေးသူတွေက တပ်ရင်း.၃ကို ပင်လယ်ဘက်ကပြန်ခေါ်ရသည်လို့ဘဲလွယ်လွယ်ရေးခဲ့ကြတယ်၊ မြစ်တွင်းသွားသင်္ဘောလေးတွေနဲ့ ပင်လယ်ကိုဘယ်လိုဖြတ်ခဲ့ကြသလဲ..
ဒါဟာမေးသင့်တဲ့မေးခွန်းတရပ်၊ ဒါကတပ်မတော်ရေရဲ့ အစီအစဉ်ဆိုတာကို ခုသမိုင်းမှာထပ်မံဖြည့်စွက်ရင်းတပ်မတော်ရေကိုဂုဏ်ပြုချင်တယ်။
ရန်ကုန်စစ်ဌာနချုပ်ရုံး
★ ★ ★ ★ ★ ★
ကျနော်(လက်ဖတင်နင်ကျော်သိန်းလွင်)ဟာစစ်ရုံးမှာ တပ်မတော်ရေရဲ့ ဦးစီးအရာဂှိလုပ်ခဲ့တာကြောင့် တပ်မတော်ကြည်းရဲ့ထိပ်ပိုင်းအရာရှိတွေနဲ့သိခွင့်ရခဲ့တယ်၊ တပ်မတော်ရေ ဦးစီးအရာဂှိတာဝန်ဟာတကယ်တော့ ဗိုလ်မှူး(Naval Lieutenant Commander တဦးထမ်းဆောင်ရမဲ့တာဝန်ဖြစ်ပြီးကျနော့်ရာထူးဟာအဲအချိန်က ဗိုလ်(Sub Lieuten )အဆင့်ဘဲရှိပါသေးတယ်၊ဗိုလ်မှူးချုပ် စမစ်ဒွန်းနဲ့ သူရဲ့ကိုယ်ရေးအရာရှိ ဗိုလ်ကြီးလွှိုက်ခိုင်(Lloyd Khaing)တို့ဟာကရင်အမျိုးသားများဖြစ်ကြသလို ထိပ်တန်းအရာရှိတော်၂များ၂ဟာကရင်အမျိုးသားများဖြစ်ကြတယ်၊ အခြေအနေအရ ကရင်အမျိုးသားအရာရှိတော်တော်များများကို ခွင့်ရက်ရှည် အနားပေးလိုက်ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ်ဗိုလ်ချုပ်နေ၀င်း၊ တပ်မတော်လေဦးစီးချုပ် နေရာမှာ ဗိုလ်မှူးကြီး အက်စ်ခင်(Wing Commander S.Khin)ပြောင်းသွားပြီးတပ်မတော်ရေကအပြောင်းအလွဲမရှိပေမဲ့ အရေးကြီးတာဝန်ယူထားသူကရင်အမျိုးသားအားလုံးကိုလက်နက်များပြန်အပ်ပြီး ခွင့်ရက်ရှည်ပေးကာ ကန်တော်ကြီးနားကစခန်းသစ်မှာသွားနေကြဖို့အမိန့်ထုတ်ထားပါတယ်။
၅.၂.၄၉ မှာတော့ မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးကြီးကျော်ဇောကိုဗိုလ်မှူးချုပ်အောင်သင်းနေရာမှာအစားထိုးခံအပ်ပြီး တောင်ပိုင်းတိုင်းမှူး အဖြစ်တာဝန်ပေးလိုက်ပါတယ်၊ ဗိုလ်ကျော်ဇောဟာတိုက်ရည်ခိုက်ရည်ကောင်းသုအဖြစ်နာမည်ကြီးပါတယ်။
အင်းစိန်တိုက်ပွဲဖြစ်ချိန်မှာ ကျနော်ကသံလျှင်မှာရှိတဲ့ရတနာပုံရေတပ်စခန်းဌာနချုပ်မှာ ဦးစီးအရာရှိလုပ်စဘဲရှိပါသေးတယ်၊ရတနာပုံရေတပ်စခန်းဌာနချုပ်မှူးဗိုလ်မှူး ပက်ထရစ် ဘရိုနီ(Lieutenant Commander Patrick Baroni)က. ကျနော်ကို သူ့ကားနဲ့ အလံပြဘုရားလမ်းစစ်ရုံးချုပ်မှာရုံးထိုင်တဲမြန်မာ့တပ်မတော်ရေ ဦးစီးချုပ် ဗိုလ်မှူးကြီးခင်မောင်ဘို ဆီကို သူဂျစ်ကားနဲ့အရေးတကြီးလိုက်ပို့ပါတယ်၊ အမြန်ဆုံးသတင်းပို့ရမယ်လို့ဘဲသိပြီးဘာကိစ္စမှန်းတော့မသိပါဘူး.လွတ်လပ်ရေးရပြီးစမှာဒီစစ်ရုံးချုပ်မှာ တပ်မတော်ရေ ရဲ့ဦးစီးအရာရှိ(စစ်ရေး)(Navy ´s Staff Officer Operations. S.O.O)လုပ်ခဲ့ဘူးတာကြောင့် ဒီရုံးကြီးကစိမ်းမနေခဲ့ပါဘူး။
မျက်နှာထားတင်းတင်းထားတတ်တဲ့ ရေတပ်ဦးစီးချုပ် ဗိုလ်မှူးကြီးခင်မောင်ဘိုကို သူ့လက်ထောက် ဒုဗိုလ်မှူးကြီးသန်းဖေ နဲ့အတူသူ့ရုံးခန်းမှာတွေ့ရပါတယ်။
သင်္ဘေားသားဘ၀ကိုသာနှစ်ချိုက်တဲ့ ဗိုလ်မှူးကြီးခင်မောင်ဘိုဟာ အခွင့်အရေးရတာနဲ့ ရုံးထိုင်အလုပ်တွေကိုပစ်ပြီးသင်္ဘောပေါ်ခုန်တက်မယ်ဆိုတာလူတိုင်းသိနေကြပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ဝင်လာတော့အင်္ဂလိပ်ရေတပ်ဟာရခိုင်ကိုဆုတ်ခဲ့ရတယ်၊အဲဒီအချိန်မှာ သူဦးစီးတဲ့ရေယာဉ်ကို ဂျပန်ဇီးရိုးဖိုက်တာတွေက၀ိုင်းတိုက်ခြင်းခံရတယ်၊ဗိုလ်မှူးကြီးခင်မောင်ဘိုဟာရန်သူလေယာဉ်တွေကို စွမ်းစွမ်းတမံခုခံတိုက်ခိုက်ပြီးသူ့ရေယာဉ်နစ်မြုတ်သွားချိန်မှာ သင်္ဘောသားအားလုံးကိုကမ်းချေရောက်အောင်ဘေးကင်းစွာ ခေါင်းဆောင်ပီပီ ခေါ်ဆောင်လာနိုင်ခဲ့တယ်၊စစ်ကြီးပြီးလို့၁၉၄၇ခုနှစ်မှာ ဗြိတိသျှအစိုးရက လွတ်လပ်ရေးအထိမ်းအမှတ်လက်ဆောင်အဖြစ် ဖရီဂိတ်အမျိုးအစား HMS.FALကို ပေးတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လက်ခံယူခဲ့ပြီး မေယု လို့အမည်ပေးကာ ဗိုလ်မှူးကြီးခင်မောင်ဘိုရဲ့ ပြောင်မြောက်တဲ့စွမ်းဆောင်ချက်တွေကြောင့် ပထမဆုံး မြန်မာစစ်ရေယာဉ်မှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ရတာအရည်အချင်းနဲ့ ထိုက်တန်လှပါတယ်၊ ဒါပေမဲ့ ၁၉၄၈ခုနှစ်လွတ်လပ်ရေးရချိနိမှာတော့ သူအလွန်ချစ်တဲ့ စစ်ရေယာဉ်မေယုကိုရေထဲမှာထားခဲ့ရပြီး မလုပိချင်ဆုံး ဖြစ်တဲ့ကုန်းပေါ်တက်ကာ ရုံးထိုင်ရတဲ့ ရေတပ်ဦးစီးချုပ်တာဝန်ကိုထမ်းဆောင်ရပါတော့တယ်၊ဗိုလ်မှူးကြီးခင်မောင်ဘိုဟာကျနော့်ရဲ့ဆရာအရင်းခေါက်ခေါက်ဖြစ်ပေမဲ့သူ့ဆီက လွယ်ကူတဲ့အပြုံးမျိုးကိုမရတတ်ပါဘူး..
ဗိုလ်မှူးကြီးခင်မောင်ဘိုနဲ့ ဒုဗိုလ်မှုးကြီးသန်းဖေတို့က ကရင်အရာရှိတွေကိုအနားပေးလိုက်ရတဲ့အကြောင်းကို ရှင်းပြပြီး ဗိုလ်မှူးကြီးကဆက်ပြောပါတယ်..
ကောင်လေး....မင်းရုံးအလုပ်တွေငြီးငွေ့ပြီး သင်္ဘောပေါ်ပြန်တက်ချင်နေတာငါသိတယ်(ခုခေတ် စစ်ရုံးကအရာရှိကြီးတွေအနား ကပ်နေချင်သူတွေနဲ့တော့ဆီနဲ့ရေပေါ့..စာရေးသူ)၊ဒါပေမဲ့ခုလောလောဆယ် ဒီစစ်ရုံးက တပ်မတော်(ရေ)ရဲ့ဦးစီးအရာရှိစစ်ရေးမှာ မင်းကလွဲပြီးအတွေ့အကြုံရှိသူရှာမတွေ့သေးဘူး ဗိုလ်ကြီးစောမက်သီးရပ် ရွှေသီး(ကရင်အရာရှိ)ကခွင့်ရက်ရှည်ယူရလိမ့်မယ်ဒါကြောင့်မင်းခုချက်ချင်းသူ့ဆကတာဝန်တွေလွှဲယူပါ ဟုဆိုပါတော့သည်။
ဆက်လက်၍ ဗိုလ်စောဂျက်နဲ့ စောထွန်းတောက်တို့ ငါတို့စစ်ရေယာဉ်၂စီးနဲ့အတူ ဘက်ပြောင်းသွားတဲ့ကိစ္စဟာ မြစ်ဝကျွန်းပေါ်မှာ အတော်ရှူပ်၂ထွေး၂ဖြစ်သွားတယ်၊ ခုတပ်မတော်ကြည်းက မေယုစစ်သင်္ဘောနဲ့ အင်းစိန်အပြင်ဖက်မှာကျောက်ချပြီး ကေအန်ဒီအိုကို ချောက်လှန့်ပေးဖို့တောင်းဆိုလာတယ်၊ခုစစ်ရုံးမှာကြည်းတပ်ကအရာရှိတွေနဲ့တွဲလုပ်ဖို့ အတွေ့အကြုံရှိတဲ့သူမရှိဘူးဒါကြောင့်ရွှေသီးနေရာကိုခနအစားဝင်ပြီး မင်းအင်္ဂလန်ကိုသင်တန်းမသွားခင်မင်းနဲ့တွဲဖို့တယောက်ပို့ပြီး မင်းအလုပ်တွေကိုလေ့လာခိုင်းမယ်ဟုပြောရာ ကျနော်မှာပျင်းစရာကောင်းသောရုံးအလုပ်တွေမလုပ်ချင်လို့ချက်ခြင်းပြန်မဖြေမိပါ..
ကာနယ်သန်းဖေက..
ကဲချာတိတ်သွားတော့.ခုချက်ချင်းရွှေသီးနေရာဝင်လိုက် မင်းစဉ်းစားတာစောင့်ဖို့ ငါတို့မှာအချိန်မရှိဘူးဟုဘုကြည့်ကြည့်ကာပြောလိုက်ပါသည်၊ ဒုဗိုလ်မှူးသန်းဖေဟာစိတ်မြန်ပြီးဘုကျကျပြောတတ်ပေမဲ့ စိတ်ရင်းကောင်းသူဖြစ်ပြီးကျနော့ကိုအမြဲချာတိတ်လိုခေါ်တတ်တယ် အိန္ဒိယနိုင်ငံမှာရေတပ်လူငယ်သင်တနိးတက်စဉ်ကတဲကရင်းနှီးခဲ့သူဖြစ်ပြီး ဗိုလ်မှူးကြီးခင်မောင်ဘိုရဲ့လက်စွဲဖြစ်တဲ့ကျနော့်ကို စီအိုရဲ့ စွယ်စုံကျမ်းလေးလို့ ပြောလေ့ရှိသူပါ၊
ကျနော်ပေးတဲ့အမိန့်ကိုလက်ခံပြီး ရေတပ်ဦးစီးချုပ်ရဲ့ဦးစီးအရာရှိ (စစ်ရေး)
S.O.Oတာဝန်(STAFF OFFICER OPERATIONS)တာဝန်ကိုယူကာဗိုလ်ကြီးစောမက်သီးရပ်စ်ရွှေသီးဆီကတာဝန်တွေလွှဲယူရပါတယ်။ ဗိုလ်ကြီး ရွှေသီးဟာရေတပ်ရဲ့ဆက်သွယ်ရေးပါရဂူတဦးဖြစ်ကာစစ်အတွင်းကအိန္ဒိယရေတပ်မှာဗိုလ်အဖြစ်တာဝန်ယူခဲ့ဘူးသူပါ၊(သစ္စာရှိကရင်အမျိုးသားတွေလဲ အခြေအနေအရ အနားပေးခံခဲ့ရတဲ့အထဲပါခဲ့ပါတယ်)သူကကျနော်ကို ဒီမှာKT စောဂျက်ရဲ့. စဘေး နဲ့ စောထွန်းတောက် သင်္ဘော၂စီးပုန်ကန်သွားကတဲက အခြေအနေတွေကရှူပ်ထွေးကုန်ပြီလို့ပြောရှာပါတယ်။ လက်ဆွဲနှူတ်ဆက်ပြီးတာနဲ့ ကံကောင်းခြင်းဟာမင်းတို့အားလုံးအတွက်ဖြစ်ပါစေ၊စပင်ဆာကိုလဲပြောလိုက်ပါဟုသာပြောနိုင်ပါတော့တယ်။ စပင်ဆာဆိုတာကျနော်နဲ့အခင်ဆုံးကရင်သူငယ်ချင်း၊သင်္ဘောတစီးထဲအတူလုပ်ခဲ့သူပါ သူလဲ ခု အနားပေးပြီးကန်တော်ကြီးစခန်းမှာရောက်နေသူပါ။
ကရင်အရေးအခင်းအပြီးကျနော်အင်္ဂလန်မှာ ရေတပ်နဲ့ပါတ်သက်တဲ့သင်တနိးတက်နေစဉ် နိုင်ငံရေးကျားကစားတတ်တဲ့ ရေတပ်အရာရှိကြီးတဦးက ဗိုလ်ချုပ်နေ၀င်းနားကပ်ပြီး သူက ကရင်တွေကိုထောက်ခံတဲ့သူလို့ တီးတိုးပြောခဲ့လို့. ကျနော်ဝက်ကော်နဲ့အင်းစိန်တိုက်ပွဲမှာပါခဲ့တာကိုတောင်မထောက်ဘဲ ဗိုလ်ချုပ်ကြီးနေ၀င်းက သင်တနိးမပြီးခင်မြန်မာပြည်ကိုပြန်ခေါ်ခဲ့ပါတယ်.
အဲဒီကတဲက ငါ့ရဲ့ရှေ့ရေးဟာရေတပ်မှာဆက်လုပ်လို့ဘာမှတိုးတက်မှာမဟုတ်ဘူး ငယ်တုန်း.ကုန်သွယ်ရေကြောင်းမှာဝင်လုပ်ရင် ငါ့အတွက်ရောတိုင်းပြည်အတွက်ပါ ပိုပြီးအကျိုးရှိနိုင်တယ်လို့ဆုံးဖြတ်ကာနောက်၂နှစ်အကြာမှာချစ်တဲ့ရေတပ်ကိုကျောခိုင်းခဲ့တယ်( ဒီလိုနဲ့  သိပ်တော်တဲ့ ကျနော်တို့နိုင်ငံက လူငယ်လူတော်တွေဆုံးရှူံးရဘူးတယ်.ဒါကြောင့်ရာထူးကြီးလာလေ ဆုံးဖြတ်ချက်မမှားအောင်ပိုဂရုစိုက်ဖို့လိုတယ်လို့သင်္ခန်းစာယူမိတယ)်(စာရေးသူ)။
စစ်ရုံးက အစည်းအဝေး
:★ ★ ★ ★ ★ ★ ★
၁၉၄၈ခုနှစ်ဇန်န၀ါရီလက စစ်ရုံးမှာလုပ်တဲ့အစည်းအဝေးမှာကျနော် ရေတပ်ဦးစီးအရာရှိ S.S.Oအဖြစ်တက်ရောက်ခဲ့ပါတယ်၊အစည်းအဝေးမှာဗြိတိသျှစစ်အကြံပေးတွေနဲ့ဒုတိယဗိုလ်မှူးကြီးတွေ၊ဗိုလ်မှူးတွေ စစ်ဝတ်စုံအစိမ်းရောင်နဲ့တက်ကြပါတယ်၊ ကျနော်တယောက်ဘဲရေတပ်အဖြူရောင်ဝတ်စုံနဲ့ဗိုလ်အဆင့်ရာထူးတံဆိပ်တပ်ပြီးအစည်းအဝေးတက်ပါတယ်၊(ရေတပ်ရဲ့ Sub.Lieutenant ဟာကြည်းတပ်ရဲ့ ဗိုလ်နဲ့အဆင့်တူုသလို ရေတပ်က Lieutenantက ကြည်းတပ်ကဗိုလ်ကြီးနဲ့အဆင့်တူပါတယ်၊ ကျနော်ကိုတွေ့တော့ ဆင်းဟတ်စစ်တက္ကသိုလ်ဆင်း ကရင်အမျိုးသားစစ်ဦးစီးဗိုလ်မှူးကြီးဟာ(ယင်းအချိန်က ကရင်အရာရှိများ အနားမပေးသေး)ဗိုလ်မှူးကြီးခင်မောင်ဘိုဆီကိုဖုန်းဆက်ပြီး ခင်ဗျားမှာသူ့ထက်ပိုအဆင့်မြင့်တဲ့ရေတပ်ကိုယ်စားလှယ်မရှိဘူးလားလို့မေးပါတော့တယ်၊ ဗိုလ်မှူးကြီးခင်မောင်ဘိုကလဲ လေသံမာမာနဲ့ ဒီမှာဗိုလ်မှူးကြီး...အဲဒီဗိုလ်ကျော်သိန်းလွင်ဟာရေတပ်ရဲ့ S.S.O တာဝန်တွေအပြင် ကျနော်ရုံးကိုလဲသူဘဲကိုယ်စားပြုလိမ့်မယ်လို့ခပ်မာမာပြောပြီးဖုံးကိုဂွပ်ကနဲဆောင့်ချခဲ့ဘူးတယ်။(ဒီအတွေ့အကြုံမျိုးကတခါတရကြုံရဘူးပါတယ်.၊ဒါပေမဲ့တခါတရံအဲလိုရာထူးငယ်သူတွေကအကောင်းဆုံးအကြံဥာဏ်တွေနဲ့အကောင်းဆုံးအလုပ်တွေကိုလုပ်ပြဘူးပါတယ်။...စာရေးသူ)။
တပ်ရင်း.၃ကိုရန်ကုန်ခေါ်ယူရေး
★ ★ ★ ★ ★ ★ ★ ★ ★ ★
D.day _6(၀က်ကော်တိုက်ပွဲမစမှီ.၆ရက်အလို)
★ ★ ★ ★ ★ ★
၎.၂.၁၉၄၉ခုနှစ်၊စစ်ရုံးအစည်းအဝေး...
ကရင်အရေးက အဆိုးဆုံးဖြစ်နေပြီမို့ဘယ်သုမှမျက်နှာမကောင်းကြဘူး
စစ်ဦးစီးမှူး.ပထမတန်း(G.1)ကြီးက
ပြည်နဲ့တောင်ငူကကရင်တပ်တွေ ဘက်ပြောင်းတဲ့ကိစ္စ၊အင်းစိန်ကိုဝိုင်းထားတဲ့ကိစ္စ၊စစ်ဝန်ထမ်းနဲ့စစ်ရဲတွေကို စစ်ကူပေးဖို့အမြဲတန်းတပ်တွေလိုနေတဲ့ကိစ္စနဲ့ ပြည်ကဆင်းလာတဲ့စက်ကင်းကရင်တပ်ကို တားဆီးဖို့မြစ်ဝကျွန်းပေါ်က တပ်ရင်း၃ကိုပြန်ခေါ်ဖို့အခက်တွေ့နေတဲ့ကိစ္စတွေရှင်းပြပြီးသာမာန်အချိန်မှာ တပ်ရင်း၃ကိုမြစ်တွင်သွားနှစ်ထပ်သင်္ဘောတွေနဲ့ ၂၁မိုင်ရှည်တဲ့တွံတေးတူးမြောင်းကိုဖြတ်ပြီးခေါ်ယူရင်၁၂နာရီဘဲကြာမှာဖြစ်ပြီး ခုအချိန်မှာကေအန်ဒီအိုတွေက တွံတေးတူးမြောင်းအပြင် ရန်ကုန်ဝင်မဲ့မြစ်ကြောင်းတွေကိုပိတ်ဆို့ထားတာကြောင့်၊အခက်တွေ့နေပြီး ပြည်ကဆင်းလာမဲ့တပ်တွေကိုသာမတားနိုင်ရင်တော့၊ရန်ကုန်ဟာမျှော်လင့်ချက်မရှိနိုင်ကြောင်း၊ဆွေးနွေးပြီး ဘယ်တပ်မှူးကမှလဲ ထိထိရောက်ရောက်အကြံမပေးနိုင်ဘဲလက်မှိုင်ချနေစဉ်မှာ..
ကျနော်စိတ်ကူးတချက်လင်းလက်သွားတယ်၊၁၈၈၀ တွံတေးတူးမြောင်းမဖောက်ခင်ကဧရာဝတီနဲ့ရန်ကုန်ဆက်သွယ်သောရေကြောင်းလမ်းတခုရှိခဲ့တယ်၊ရေစူးတိမ်တယ်၊ကွေ့ကောက်ပြီးတဖက်မှာ ဧရာဝတီမြစ်ထဲစီးဝင်တဲ့ ပုသိမ်ချောင်းဆိုတာရှိတယ်၊တူးမြောင်းဖောက်ပြီးတော့ဒီလမ်းကိုဘယ်သုမှမသုံးကြတော့ဘူး၊ ကျနော်စစ်ရေယာဉ်.HDML.1456မှာ စစ်ရေယာဉ်မှူးတာဝန်ယူစဉ်ကဒီလမ်းဟောင်းကိုသုံးခဲ့ဘူးတယ်၊အဲဒီလိုတွေးပြီးလက်ကိုမြှောက်လိုက်တယ်၊ G.1ကြီးက ရာထူးနဲ့ နာမည်ခေါ်ဖိုသိမ်ငယ်လွန်းတာကြောင့်၊ ကဲပြောပါအုန်းရေတပ်ကိုယ်စားလှယ်ဟုမေးလိုက်ရာ..
ကျနော်ကတွံတေးတူးမြောင်းမပေါက်ခင်ပုသိမ်မန္တလေးစာပို့မီးသင်္ဘောတွေသုံးခဲ့ဘူးတဲ့ရေလမ်းကြောင်းတခုရှိပါတယ်၊ရေစူးနဲတဲ့အတွက် ညဘကဒ်ီရေတက်ချိန်မှာသုံးလို့ရပါတယ်ဒီလမ်းကြောင်းကိုသုံးဖို့ ပင်လယ်ဘက်ကိုအရင်ထွက်ရမယ်၊ပင်လယ်ခရီးတိုလေးသွားပြီးရင်ဒီချောင်းဝရောက်ရင် ချောင်ထဲပြန်ဝင်ရုံပါဘဲ၊မြစ်တွင်းသွားသင်္ဘောတွေမို့ပင်လယ်ထွက်ရင်နဲနဲတော့လူးမယ်၊ဒါပေမဲ့ဒီရာသီကပင်လယ်ဟာငြိမ်သက်နေတတ်တဲ့နွေဦးရာသီ ဒီရေတက်ချိန်ဖြစ်လို့ အခြေအနေက ကျနော်တို့ဘက်မှာအကောင်းဆုံးဖြစ်တယ်၊သနက.၃တပ်ရင်းမှုးက ဒီလမ်းကျွမ်းတဲ့ လမ်းပြရှာနိုင်မှာပါဟုပြောရင်းနံရံကမြေပုံကိုထောက်ပြရင်း ဒီချောင်းကျဉ်းကလေးက ရန်ကုန်မြစ်ပေါ်ရှိဓနုတ်ဘုရားနားကထွက်လာပြီးနောက်ထပ်၁၀မိုင်လောက်လာလိုက်ရင်ရန်ကုန်ဆိပ်ကမ်းရောက်ပြီ ကျနော်တို့ရေတပ်ကအဲဒီကစောင့်ပြီး ဆိပ်ကမ်းအထိအစောင့်လိုက်ပေးမယ်၊
G.1ကြီးက ကောင်းပြီရေတပ် မင်းအကြံကောင်းတယ်၊အဲဒီအတိုင်းလပ်ြကြတာပေါ့ဟုပြောရင်း တပ်ရေးဗိုလ်ကြီးကို သနက.၃ကိုအကြောင်းကြားဖို့အမိန့်ပေးလိုက်တော့မှ အားလုံးပြုံးနိုင်ရယ်နိုင်ကြတော့တယ်။
ဒီအကြံဟာ သမိုင်းကိုအကြီးအကျယ်ပြောင်းလဲစေခဲ့ပြီး၊ ပြည်ကဆင်းလာတဲ့စက်ကင်းကရင်တပ်ဟာလဲ အမြဲတနိးတပ်တွေမရှိဘူးအထင်နဲ့ ၀က်ကော်မှာ အငိုက်ဖမ်းတိုက်ခိုက်ခံလိုက်ရတော့တယ်။
ဗိုလ်မှူးကြီးခင်မောင်ဘိုရဲ့ ဝေးဝေးသွားစမ်း။
★ ★ ★ ★ ★ ★
ဒီအကြောင်းကိုအစည်းအဝေးအပြီးမှာ ဗိုလ်မှူးကြီးခင်မောင်ဘိုဆီဝင်သတင်းပို့လိုက်တော့...
မင်းပြောသလိုလုပ်နိုင်မှာလားကောင်လေး..တဲ့
ကျနော်က...
ကျနော်ပထမဆုံးရေယာဉ်မှူးHDML.1456 မှာဗိုလ်မှူးတာဝန်ပေးတုန်းကမှတ်မိလား၊ဗိုလ်မှူးက ပင်လယ်ထဲရောက်မှဖွင့်ရမဲ့သင်္ဘောခရီးစဉ်ကို ချိတ်ပိတ်ပြီးပေးလိုက်တယ်၊ပင်လယ်ဝက ရေကြောင်းလမ်းပြစခန်းရောက်မှဖွင့်ကြည့်လိုက်တော့ဗိုလ်မှူးလက်ရေးနဲ့ခပ်ကြမ်းကြမ်းရေးထားတဲ့( Get Lost For Five Days) ငါးရက်လောက်ဝေးဝေးသွားနေစမ်းဆိုတဲ့အမိန့်စာရတော့ ပုသိမ်းချောင်းအတိုင်းမြစ်ဝကျွန်းပေါ်ဖက်ထွက်ပြီး ရေကြောင်းဖြတ်လမ်းတွေ၊ရေစူးအနက်တွေရှာခဲ့တယ်။ ဒါကြောင့်ဗိုလ်မှူးမေးတဲ့မေးခွန်းကိုဖြေရရင်ကျနော်ဒီကိစ္စကို
သေချာပေါက်လုပ်နိုင်ပါတယ်၊ခုဘဲ ဖျာပုံမှာရှိတဲ့ကျနော်တို့ရဲ့စစ်ရေယာဉ်.၁၃၆၉.ကို တပ်ရင်း၃ ကသင်္ဘောတွေကိုအစောင့်အရှောက်ပေးပြီးရန်ကုန်ကိုခေါ်လာဖို့အကြောင်းကြားလိုက်ပါ့မယ်ဟုပြောလိုက်ရာ ဗိုလ်မှူးကြီးခင်မောင်ဘို၏ တင်းနေသောမျက်နှာမှာပြော့သွားပြီးကြည်းတပ်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့်အပြင် သမိုင်းကြောင်းပြောင်းသွားစေမဲ့အလှည့်အပြောင်းတခုကို တပ်မတော်ရေက အောင်မြင်စွာလုပ်ကိုင်နိုင်တော့မှာမို့ကြေနပ်သွားပြီး..
ကောင်းပြီ.KT. သတင်းနဲ့အခြေအနေတွေကို ငါ့ဆီမပြတ်သတင်းပို့ပါဟုမှာကြားသည်။
ကျနော်ဒီရေလမ်းကြောင်းအသစ်တွေရှာဖွေစဉ်က ဗြိတိသျှရေတပ်ကထုတ်ထားတဲ့ ဘင်္ဂလားပင်လယ်အော်ရေကြောင်းလမ်းပြ၊ Bay Of Bengal Pilotစာအုပ်နဲ့ ဒေသခံတံငါတွေအကူအညီယူခဲ့ပြီး ဒီပုသိမ်ချောင်းဟာ တွံတေးတူးမြောင်းမတိုင်ခင် ၁၉၄၅ မဟာမိတ်တွေရန်ကုန်ပြန်မသိမ်းခင်သုံးခဲ့ကြပြီး၊ဂျပန်တွေကိုတိုက်စဉ် ချောင်းကြိုချောင်းကြားကနေ ထောင်ချောက်ဆင်နိုင်ခဲ့သလိုစာတွေ့သာမက
ိုရေအတိန်အနက်ကို သင်္ဘောကခပ်ထုတ်လိုက်တဲ့ရေလှိုင်းဂယက်တွေနဲ့ ရေရဲ့အရောင်ကိုမှတ်သားပြီး အပြောင်းအလဲရှိရင်ရေအနက်ကို ကြိုးနဲ့တိုင်းတာမှတ်သားခဲ့ရတယ်၊တနေ့မှာရေအတက်၂ကြိမ်ရှိပြီး ဒါကိုကောင်း၂အသုံးချနိုင်ရင်တပ်ရင်း.၃ဟာ ကေအန်ဒီအိုတွေရဲ့ခြုံခိုတိုက်ခိုက်မှု့မခံရဘဲရန်ကုန်ကိုရောက်မှာဖြစ်တယ်၊ကျနော်မှန်းဆထားတဲ့အတိုင်းဘဲရန်ကုန်ကိုချောမောစွာရောက်ရှိခဲ့ကာ လျှို့ဝှက်ထားနိုင်ခဲ့တယ်။
ဒါ့အပြင် ရေတပ်က တပ်ရင်း.၃နဲ့အတူ ၀က်ကော်သမိုင်းဝင်တိုက်ပွဲကြီးမှာပါဝင်တိုက်ခိုက်ဖို့အကြောင်းဖန်တည်းလာပုံကဖြင့်....
ဆက်လက်ဖေါ်ပြပါမည်

True စမတ်ဖုန်းများကို Pattern / Pin / Password lock များဖြုတ်နည်း



True စမတ်ဖုန်းများကို Screen lock ( Pattern / Pin ) ကျသွားခဲ့ရင်
ပြန်လည်ဖြေရှင်းနည်းလေးကို တင်ပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးမှာ
အသုံးပြုရန်လိုအပ်တဲ့ Shuame software လေးကိုအရင် Download ရယူပါ။


------- Shuame software Download Link -------












ဒါဆိုရင်တော့ အဆင်ပြေပါပြီ။

ဆိတ်ကျောင်းသား၏ ပုံပြင်

ဆိတ်ကျောင်းသား၏ ပုံပြင် ++++++++++++++++++ ၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနြေ...