Thursday, 24 November 2016

တပ်မတော်(ရေ)အားဂုဏ်ပြုခြင်း

DHA BYET SEE
THE GUN THAT SAVED RANGOON
★ ★ ★ ★ ★ ★ ★ ★ ★
တပ်မတော်(ရေ)အားဂုဏ်ပြုခြင်း
မကြာခင်က တိုင်းပြည်ချောက်ထဲကျဖို့လက်တလုံးအလို ဟုသော ၁၉၄၉ခုနှစ်အင်းစိန်တိုက်ပွဲကြီးအကြောင်းကိုကျနော်ရှာဖွေတင်ပြခဲ့ပါသည်။ ရည်ရွယ်ချက်မှာ ယနေ့လူငယ်လူရွယ်များကို တပ်မတော်သည် နိင်ငံတော်ကာကွယ်ရေးတာဝန်များကိုအသက်သွေးချွေးများမည်မျှပေးဆပ်ရင်းနှီးခဲ့ရသည်ကိုသိမြင်စေလိုသောစေတနာဖြင့် တင်ပြခဲ့ခြင်းဖြစ်ပါသည်။
ယင်း Postကို ဖတ်မိသော မိတ်ဆွေအရာရှိတဦးမှ လက်ဖတင်နင်ကျော်သိန်းလွင် (KT)ကိုယ်တိုင်ရေးသားသော Dha Byet See The Gun That Saved Rangoon by MyomaLwin စာအုပ်ကလေးကို ပေးပို့လာသဖြင့်ဖတ်ရှူကြည့်ရာ လက်ကမချနိုင်အောင် ကြိုက်လွန်းလှသဖြင့် ရန်ကုန်မြို့ကိုကာကွယ်ခဲ့သော တံမြက်စည်းနှင့်လက်ဖတင်နင်ကျော်သိန်းလွင်အကြောင်းကို စာအုပ်တွင်ပါသည့်အတိုင်း(တပ်မတော်.ရေကိုဂုဏ်ပြုရင်း) သီးသန့်ရေးသားတင်ပြလိုက်ရပါသည်။
D.day minus one(ဒီဒေး အနှုတ် 1)
9.2.1949
★ ★ ★ ★ ★ ★ ★
ကွင်းပြင်ကိုဖြတ်ရင်းတိုက်ခတ်လာသောဆောင်းလေရဲ့အအေးဒဏ်ကိုကြံ့ကြံခံ အံတုရင်း
ကျနော်ဦးဆောင်သောတပ်မတော်(ရေ)မှအဖွဲ့ဝင်၁၄ဦးဟာ ဘိုဖာလို့ခေါ်တဲ့ စစ်ရေယာဉ်မှာတပ်ဆင်ပစ်ခတ်ရသော လက်နက်ကြီးနှင့်အတူ..
ရန်ကုန်ပြည်အဝေးပြေးလမ်းမကြီးပေါ်တင်ပြီးပြည်ဘက်ကိုချိန်ရွယ်ကာနေရာယူထားကြပါတယ်၊နေရာအတိအကျကတော့ မိုင်တိုင်အမှတ်.၁၂၃. အချိန်ကည.၉နာရီ..
ရန်သူဟာပြည်မြို့ကနေ ရန်ကုန်မြို့တေိာဆီကိုမော်တော်ယာဉ်းတနိးတွေနဲ့ ဒလကြမ်း ဆင်းလာပြီးရန်ကုန်ကိုသိမ်းပိုက်မည့် မြန်မာပြည်မှာအင်အားအတောင့်တင်းဆုံး အတွေ့အကြုံအရင့်ကျက်ဆုံး တိုက်ရည်ခိုက်ရည်အပြည့်ဝဆုံး နဲ့စစ်သည်အင်အားတထောင်လောက်ရှိတဲ့ အမှတ်.၂ ကရင်သေနတ်ကိုင်တပ်ရင်းကို စောင့်ကြိုတိုက်ခိုက်ဖို့ဘဲဖြစ်ပါတယ်၊ ဒီစစ်ကြောင်းကြီးသာ အင်းစိန်မှာရှိနေတဲ့ ကေအန်ဒီအိုတွေနဲ့ပေါင်းမိရင် ရန်ကုန်ရဲ့သမိုင်းကြောင်းဟာပြောင်းလွဲသွားစရာရှိပါတယ်၊ဒါကြောင့်ဒီစစ်ကြောင်းကြီးရပ်တန့်သွားအောင် အမှတ်.၃သေနတ်ကိုင်တပ်နဲ့ တပ်မတော်.(ရေ)ကဘော်ဖာတပ်ဖွဲ့တို့ပူးပေါင်းကာ ၀က်ကော်တံတားကနေဆီးကြိုတိုက်ခိုက်ဖို့ရောက်ရှိနေခြင်းဘဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ဆယ်ရက်လောက်ကအထိ စက်ကင်းကရင်တပ်ဟာ မြန်မာနိုင်ငံအစိုးရရဲ့ ယုံကြည်စိတ်အချရဆုံးအစိုးရစစ်တပ်ဖြစ်ခဲ့ပြီး အစိုးရကိုတိုက်ခိုက်မည့် ကွန်မြူနစ်သူပုန်တွေကိုတိုက်ခိုက်ချေမှူန်းဖို့ ပြည်မြို့မှာတာဝန်ပေးထားတဲ့တပ်ဖြစ်ခဲ့ပေမဲ့ သူတို့ဟာညီအကိုတပ်တွေဘ၀ကနေ ညတွင်းချင်းဆိုသလို သစ္စာခံမှုဟာဘက်ပြောင်းသွားခဲ့ပါတယ်၊ ခုတော့ပြည်ထောင်စုအစိုးရကိုပြိုကွဲအောင်ကြိုးပန်းလာကြပါပြီ
လွန်ခဲ့တဲ့ အပတ်တွေအတွင်းမှာ မြန်မာ့တပ်မတော်ရဲ့ အင်အားဟာသိသိသာသာချိနဲ့ခဲ့ပါတယ်။ ပါတီတွင်းအုပ်စုဖွဲ့မှု့တွေ တပ်မတော်အတွင်း ပါတီအရေး လူမျိုးအရေး တွေကြောင့် သစ္စာခံသူတွေတောခိုခဲ့တာကြောင့် တပ်မတော်ဟာအကြီးအကျယ်အင်အားလျှော့ကျသွားခဲ့ပါတယ်၊ တပ်ရင်းတပ်ဖွဲ့အသီးသီးဟာ မြန်မာပြည်တနံတလျားဆူပူသောင်းကျမ်းမှု့တွေကိုသွားရောက်နှိမ်နင်းနေရချိန်ဖြစ်တာကြောင့် အင်းစိနိကို စစ်ရဲနှင့်စစ်ဝန်ထမ်းတပ်တွေကသာကာကွယ်နေရချိန်လဲဖြစ်ပါတယ် အမှတ်.၃ဗမာ့သေနတ်ကိုင်တပ်ရင်းဟာလဲ မအူပင်ဘက်မှာ ဖြန့်ခွဲ ကာ အလံနီတွေကိုတိုက်နေရသလို၊ သနက.၅ဟာလဲရခိုင်မှာထကြွသောင်းကျမ်းနေတဲ့ မူဂျာဟစ်တွေကိုနှိမ်နင်းနေရချိန်ဖြစ်ပါတယ်၊ သနက.၃ရဲ့တပ်ရင်းမှူးဗိုလ်မှူးရဲထွဋ်(ရဲဘော်သုံးကျိပ်)နဲ့ အင်အား အချို့ဟာလဲကွန်မြူနစ်တွေနဲ့ပူးပေါင်းကာတောခိုသွားပါပြီ သနက.၃ဟာ လူအင်အားမပြည့်၊ တိုက်ခိုက်ရေးတပ်တွေအတွက်အကူပစ်လက်နက်တွေလဲမရှိချိန်မို့ တပ်မတော်ရေရဲ့ဘိုဖာ လက်နက်ကြီးအဖွဲ့ဟာ သနက.၃ရဲ့အကူပစ်အဖွဲ့အဖြစ်လိုက်ပါလာခြင်းဘဲဖြစ်ပါတယ်၊ စက်ကင်းကရင်တပ်ဟာအင်အားတောင့်တင်းပြီး လက်နက်ခဲယမ်းကလဲ တပ်မတခုစာလောက်များပြားတာကြောင့် ဒဏ္ဍာရီပုံပြင်နဲ့ခိုင်းနှိုင်းရရင် လူဘီလူးကြီး ဂိုလိုင်းလား.(GOLIATH)နဲ့ ကလေးငယ်ဒေးဗစ်(DAVID)နဲ့တူပြီး ဘိုဖာလက်နက်ကတော့ ဒေဗစ်ရဲ့လေးခွနဲ့တူတယ်လို့တင်စားရမှာပါ. ကျနော်ဟာအမေရိကန်လေတပ်ရဲ့ လေသူရဲများဝတ်ဆင်လေ့ရှိတဲ့အညိုရောင်လယ်သာဂျာကက်ကိုဝတ်ဆင်ထားပြီးဒီဂျာကက်ဟာကျနော့ကိုအမြဲတန်းဘဲကံကောင်းစေတယ်လို့ယုံကြည်ပါတယ်ဘာလို့လဲဆိုရင် ကျနော်လေးစားတဲ့ အဖေရဲ့လက်ဆောင်ဖြစ်သလို သိမ်ဖြူဆိပ်ကမ်းမှာကြိုးချည်ထားတဲ့ကျနော့စစ်ရေယာဉ်ကို ကွန်မြူနစ်တွေဝင်စီးသိမ်းပိုက်ပြီးကျနော့ကိုခရမ်းမှာဖမ်းဆီးထိမ်းသိမ်းထားစဉ်ကလဲဒီဂျာကက်ကလေးနဲ့ထွက်ပြေးလွတ်မြောက်လာလို့ဘဲဖြစ်ပါတယ်.ကျနော့မှာဂျာကက်ကြောင့်နွေးထွေးပေမဲ့ကျန်ရဲဘော်တွေဟာ တပ်မတော်ရေရဲ့အပြာရောင်အင်္ကျီဘဲဝတ်ထားတာမို့ချမ်းအေးကာခိုက်၂တုံနေကြတာမို့ဗြိတိသျှရေတပ်ထုံးစံအတိုင်း အချမိးဒဏ်ကကယ်တင်ပေးရပါတော့မယ်..
ဘိုဖာအဖွဲ့ရဲ့ ကျနော့လက်ထောက်ဖြစ်တဲ့တပ်ကြပ်ကြီးမျိုးမြင့်က ..
ဆရာ..ကျနော်တို့မှာရေတပိထောက်ပံ့ရေးရုံးက RUM(ဂျမေကာ)အရက်တွေပါလာတယ်ဆရာ အဲဒါကိုရဲဆေးအဖြစ်သုံးလိုက်ရင်ကောင်းမယ်ဟု အကြံပြုပါသည်။
ဟုတ်ကဲ့ ရဲဆေးဟာ ဗြိတိသျှတော်ဝင်ရေတပ်မတော်ရဲ့ရှေးရိုးအစဉ်အလာဖြစ်ပါတယ်.ဂုဏ်ထူးဆောင်သူရဲကောင်း ဗိုလ်ချုပ်ကြီး လော့ဒ် နယ်လ်ဆင်(Admiral Lord Nelson)လက်ထက်ကစလို့ နေ့စဉ်မနက်.၁၁နာရီမှာသင်္ဘောသားတိုင်းကို ပိုင့်တ၀က် ၈ျမေကာ ရမ်အရက်ကို သံပရာရည်နဲ့ရောပြီးတိုင်ပါတယ်၊ပင်လယ်ပြင်မှာရမ်ရဲ့ဂုဏ်သတ္တိက သောက်ရေကိုချွဲပစ်ခြင်းမှကာကွယ်ပေးပြီး သံပရာရည်နဲ့သကြားရေ ကရေကိုအရသာပိုရုံမျှမက ဗိုက်တာမင် စီရဲ့သတ္တိကြောင့် မမှီဝဲတဲ့သင်္ဘောသားများထက်ပိုပြီးကျန်းမာတာကိုနောက်ပိုင်းမှာတွေ့ခဲ့ရတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရတော့ ဒုတိယကမ္ဘာစစ်အတွင်းက၀န်ကြီးချုပ် ၀င်စတန်ချာချီရဲ့ခါးပိုက်ဆောင်ရေတပ်ဟာ မြန်မာ့တပ်မတော်(ရေ)အဖြစ်အသွင်ပြောင်းခဲ့ပါတယ်၊လွှဲပြောင်းပေးစဉ်မှာလဲရေတပ်အတွက်သိုလှောင်ထားတဲ့ ဂျမေကာရမ်အရက်တွေကိုပါလွှဲပေးခဲ့ပါတယ် ဒါကြောင့်မြန်မာ့တပ်မတော်ရေဟာ ဗြိတိသျှရေတပ်ကအသွင်ပြောင်းလာတာကြောင့်ရှေးအစဉ်အလာအတိုင်းကျင့်သုံးခဲ့ပါတယ်..
မျိုးမြင့်အကြံပြုလာတာကို ကျနော်က.
သိပ်ကောင်းတဲ့အကြံဘဲ.
ငါသနက.၃ရဲ့တပ်ရင်းမှူးနဲ့ခွဲမှူးတွေကိုအရင်သွားတိုက်လိုက်အုန်းမယ်..
မတ်ခွက်နဲ့ထည့်ထားတဲ့ဂျမေကာရမ်ကို တပ်ခွဲတွေလိုက်စစ်နေတဲ့ ဗိုလ်မှူးချစ်မြိုင်ကိုကမ်းပေးရင်းက..
ဗိုလ်မှူး..ဒီမှာ Nelson ရဲ့သွေး ဗိုလ်မှူးကိုအနွေးဓာတ်ပေးလိမ့်မယ် ဆိုကာမတ်ခွက်ကိုလှမ်းပေးပါတယ်.. ဗိုလ်မှူးချစ်မြိုင်ကအသောက်အစားနည်းသူမို့အရက်ခွက်ကိုယူဖို့ တုံ့ဆိုင်းနေတာကြောင့် သတင်းထောက်အဖြစ်လိုက်လာတဲ့ဦးမျိုးမြင့်က ခေါင်းငြိမ့်ပြပြီး သောက်လိုက်ပါ ခင်ဗျားသောက်မှကျန်တဲ့သူတွေသောက်မှာပေါ့ ဆိုသဖြင့်ဗိုလ်မှူးချစ်မြိုင် မတ်ခွကိကိုယူကာ တကြိုက်မော့လိုက်တယ်..
အေးဗျာ....သိပ်ကောင်းတာဘဲဗိုလ်ကြီး ကြည်းတပ်ကမန္တလေး ရမ်ထက်ကောင်းတယ် ဟု ဆိုပါသည်၊
ဗိုလ်မှူးချစ်မြိုင်ကိုကျနော်သိလိုက်တာလွန်ခဲ့တဲ့၂၄နာရီအတွင်းကဖြစ်ပေမဲ့ အရမ်းသဘောကျနေပါပြီ နှစ်ဦးနှစ်ဖက်အပြန်အလှန်လေးစားမှုရှိပြီး ရာထူးပိုကြီးမှု့ကိုအသုံးချပြီး ကိုယ်လိုရာကိုလုပ်တတ်တဲ့လူမျိုးမဟုတ်ပါဘူး အသေအချာနားထောင်ပြီး ခေါင်းအေးအေးနဲ့ ထောင့်ပေါင်းစုံကကြည့်လို့ အမျှော်အမြင်ကြီးစွာ ဆုံးဖြတ်ချက်ချတတ်တာဟာ သူ့ရဲံ့ထက်မြက်တဲ့အရည်အသွေးတခုဖြစ်ပါတယ် ဒါတင်မကပါဘူးရဲဘော်တွေနဲ့အတူ ဒုက္ခကိုခွဲဝေခံစားတတ်သူ ၊လူုအင်အားအပြည့်အ၀မရှိပေမဲ့ တိုက်ပွဲအတွေ့အကြုံရင့်ကျက်ကာ မြ၀်ဝကျွန်းပေါ်ဒေသမှာ ကျနော်တို့တပ်မတော်ရေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ဘူးတာကြောင့် တပ်မတော်ရေရဲ့လုပ်နိုင်စွမ်းကိုယုံကြည်စိတ်ချပြီးဖြစိပါတယ်။
တိုက်ပွဲဝင်ဖို့ နောက်ဆုံးအဓိဌာန်
★ ★ ★ ★ ★ ★ ★ ★ ★
မကြာခင်မှာဘဲ ဗိုလ်မှူးချစ်မြိုင်ဟာ သူ့ရဲ့ခွဲမှူး စုမှူးတွေအားလုံးကိုခေါ်ပြီးနောက်ဆုံးအကြိမ်စကားပြောပါတယ်၊ သူဟာ ဂျပန်ခေတ်ဗိုလ်သင်တန်းဆင်ဖြစ်ကာ BIAကလာသူဖြစ်လို့စစ်ပွဲတခုကိုသူ့ရဲ့ချဉ်းကပ်ပုံဟာဂျပန်နည်းဖြစ်ပါတယ်။ သူ့လူတွေကိုမကြာခင်ရင်ဆိုင်ရတော့မည့်တိုက်ပွဲရဲ့အန္တရာယ်ကြီးမားပုံကိုပြောပြနေပါတယ်..
ငါတို့အခုရင်ဆိုင်ရမည့်ရနိသူဟာ ဒို့ထက်အင်အားအများကြီးသာတယ်၊ဒါပေမဲ့ သူတို့ဟာအင်းစိန်မှာရှိတဲ့ကေအန်ဒီအိုတွေနဲ့ပေါင်းမိရင် ငါတို့တိုင်းပြည်ဘာဖြစ်သွားမယ်ဆိုတာမင်းတို့အားလုံးသိပြီးသားမို့အထွေအထူးမပြောချင်ဘူး ဒါကြောင့်ငါတို့နောက်မဆုတ်တန်းတိုက်ကြဖို့သစ္စာဆိုရလိမ့်မယ်၊ဘယ်သူထွက်ပြေးပြေးပစ်သတ်ရလိမ့်မယ်၊ အကယ်၍ငါထွက်ပြေးလဲငါ့ကိုပစ်သတ်။
သူလူအားလုံးက ကျနော်တို့နောက်မဆုတ်ဘဲတိုက်ပါ့မယ်၊
အားလုံးအဓိဌာန်ပြုကြသလား..လို့ထပ်မေးတယ်..
အားလုံးအဓိဌာန့်ပြုတယ်ဟုသံပြိုင်ဖြေကြသည်။
ကျနော်တို့ရေတပ်သားအားလုံးဟာမိမိဆန္ဒအရလိုက်လာသူတွေဖြစ်လို့သူတို့ကိုမေးသလိုကျနော်တို့ကိုမမေးနိုင်ပါ၊မေးဖို့လဲမလိုအပ်ပါ၊ကျနော်တို့ကဗြိတိသျှပုံစံအတိုင်းစစ်သင်တန်းတက်ခဲ့ကြသူတွေမို့ ကျနော်တို့အပေါ်အပြည့်အယုံကြည်မှု့ရှိသလိုကျနော်တို့လဲတက်ညီလက်ညီလှူပ်ရှားကြမယ်ဆိုတာယုံကြည်ထားပါတယ်၊မိမိရဲဘော်တွေနဲ့ တပ်မတော်ရေရဲ့ဂုဏ်သိက္ခာကျအောင်ဘယ်တော့မှမလုပ်ဖို့အချင်းချင်းသတိပေးထားပြီးဖြစ်လို့ပါဘဲ
တံမြက်စည်းနဲ့မိတ်ဆက်ခြင်း။
★ ★ ★ ★ ★ ★ ★ ★
တချို့က တံမြက်စီးဆိုတာကျနော်တို့တီထွင်ပြီးခေါ်တယ်လို့ထင်ကောင်းထင်ပါလိမ့်မယ်၊ဒါကြောင့်တံမြက်စီးရဲ့သမိုင်းကြောင်းလေးကိုရှင်းပြချင်တယ်၊
လေ့ကျင့်မှု့အပြည့်ရှိတဲ့တပ်ဖွဲ့ဝင်.၆ဦးနဲ့ဘော်ဖာလက်နက်ကြီးကိုပစ်ခတ်တာဟာ ယိန်းအက ကတာနဲ့တူတယ်၊ ဟန်ချက်ညီစွာလှူပ်ရှားရင်အလွန်ထိရောက်တဲ့လက်နက်လဲဖြစ်တယ်.
တစက္ကန့်မှာကျည်နှစ်တောင့်နှူန်း တမိနစ်မှာ၁၂၀တောင့်ပစ်ခတ်နိုင်တယ်၊
ဘိုဖာလက်နက်တွေကိုဗြိတိသျှ တော်ဝင်အရန်ရေတပ်မတော်ကို၁၉၄၄ခုနှစ်ကရောက်ရှိလာပါတယ်၊ရေယာဉ်တွေပေါ်မှာအစက သုံးပေါင်ဒါအမြောက်တွေ၊လူးဝစ်စက်သေနတ်တွေတပ်ဆင်ထားပေမဲ့ မကြာမှီမှာအရွယ်အစားပိုကြီးတဲ့ ဖဲလ်မိုင်း ရေယာဉ်.၆စီးနဲ့အစားထိုးခဲ့တယ်၊ဒီရေယာဉ်တွေဟာအင်္ဂလိပ်ရေလက်ကြားမှာ ဂျာမန် E.Boatတွေကိုတိုက်ခိုက်ခဲ့တဲ့သင်္ဘောတွေနဲ့အမျိုးအစားတူပြီး၃ပေါင်ဒါအမြောက်နဲ့ဆွစ်ဇာလန်ထုတ် 20mmအော်လီကွန်၂လက်တပ်ထားရာကနေ တလက်ကိုဖြုတ်ပစ်ပြီး ပိုမိပြစ်အားကောင်းတဲ့ ဆွီဒင်နိုင်ငံလုပ်40mm Bofors Automatic Cannonတွေကိုအစားထိုးခဲ့တာပါ။ကျည်ဖြည့်ရာမှာ ကျည်ဆံ၎တောင့်ဝင်ကျည်ကပ် ကိုလူကိုယ်တိုင်ဖြည့်ရပြီး ကျည်၎တောင့်ဟာလဲအမျိုးအစား၎မျိုးဖြစ်ပါတယ်အစီအစဉ်လိုက်ထည့်ရာမှာ
၁.သံချပ်ကိုဖောက်ထွင်းနိုင်တဲ့ကျည်ဆံ
၂.ပေါက်ကွဲယမ်းအားပြင်းတဲ့ကျည်
၃.မီးလောင်မှု့ဖြစ်စေတဲ့ကျည်
၎.ရန်သူရှိရာအတိအကျပြနိုင်တဲ့မီးပန်းကဲ့သို့ယမ်းမျိုးပါတဲ့ကျည် များဖြစ်ပြီးထိရောက်မှု့က.ကိုက်.၁၀၀၀ အတွင်းဖြစ်ပါတယ် တံမျက်စည်း(Broom)နာမည်နဲ့လိုက်ဖက်လှပါတယ်။ တကယ်ကသင်္ဘောပေါ်မှာတပ်ဆင်တဲ့ဘိုဖာလက်နက်ဟာ လေကြောင်းရန်ကာကွယ်ဖို့ရည်ရွယ်ပေမဲ့၊ကုန်းပေါ်ရောက်တဲ့မိချောင်းလိုဖြစ်နေပါပြီ ဘော်ဖာရဲ့အဆက်မပြတ်ပစ်လွှတ်တဲ့ကျည်ဆံရဲ့နောက်ပြန်အားကိုသင်္ဘောမှာတော့ရေထဲမှာပျောက်ကွယ်သွားပေမဲ့ကုန်းပေါ်မှာတော့ ခြေလေးချောင်းကိုမြေကြီးထဲတူးထည့်ပြီးကန်ထားဖို့လိုပါလိမ့်မယ်။
ပစ်ခတ်မှု့အနေနဲ့ကျည်ဖြည့်သုကကျည်လေးတောင့်ပါကျည်ကပ်ကိုချိန်ဘာမှာထည့်ပြီးတာနဲ့ပစ်ခတ်ရန်အသင့်ဖြစ်နေပါပြီ၊ဒုတိယကျည်ကဒ်ကိုကျည်ဖြည့်သူကအသင့်ကိုင်ထားရမှာဖြစ်ပြီးပစ်သူက၄တောင့်လုံးပစ်ပြီးတာနဲ့ကျည်ကပ်အသစ်ထည့်ပေးယုံပါဘဲကျန်အဖွဲ့ဝင်တွေကကျည်ဆံသေတ္တာကိုလိုသလောက်ထောက်ပံ့ပေးယုံပါဘဲ.
ဘိုဖာပစ်သူ၆ဦးပါပြီး
၁.တပ်ကြပ်ကြီးမျိုးမြင့်
၂.ဂျော့မက္ကန်း
၃.စိန်လှိုင်
၎.မောရစ်တောလ်ဘော့
၅.ရိုလာဟန်းဖရီးတေလာ
၆.သမိုင်း တို့ဖြစ်ကြပါတယ်၊ အတွေ့အကြုံရှိသူတွေဖြစ်ပြီးအင်းစိန်မှာလဲနွှဲခဲ့ဘူးသူတွေပါ.
ဘိုဖာလက်နင်ကြီးသင်တန်းကိုလွန်ခဲ့တဲ့.၅နှစ်ကကျနော်စက်သေနတ်တင်ရေယာဉ်ပေါ်မှာတာဝန်ထမ်းစဉ် ဗြိတိသျှကမ္ဘာ့အရှေ့ဖျားရေတပ်မှာတာဝန်ထမ်းစဉ်ကပို့ချခဲ့တာဖြစိပြီးသီဟိုဠ်နိုင်ငံတြိရင်ကိုမလိ(Trincomalee)မှာဖြစ်ပြီး ဘိုဖာလက်နက်သစ်ကိုကျနော့ရေယာဉ်မှာပြောင်းလဲတပ်ဆင်နေစဉ် ကမ္ဘာ့အရှေ့ဖျားမဟာမိတ်တပ်ပေါင်းစုရဲ့စစ်သေနာနပတိ ဗိုလ်ချုပ်ကြီး လော့မောင့်ဘက်တန်ကလာရောက်ကြည့်ရှူခဲ့ပြီး ဗိုလ်ချုပ်ကြီးက ငါ့သား မင်းဘယ်ကလဲလို့မေးလိုက်ပါတယ်၊ကျနော်က ရန်ကုန်ကပါဗိုလ်ချုပ်လို့ဖြေတော့.သူကပြုံးပြီးပုခုံးကိုပုတ်ကာ အောစိတ်မပူနဲ့ကောင်လေး.ငါမင်းကိုရန်ကုန့်ထိပြန်ခေါ်သွားမယ်.လို့ယုံကြည်မှု့အပြည့်နဲ့ပြောသွားခဲ့ဘူးတာကိုမှတ်မိနေပါသေးတယ်။ဂျပန်ကိုပြန်တိုက်ချိန်မှာဘိုဖာလက်နက်တွေတပ်ထားတဲ့ကျနော်တို့စစ်ရေယာဉ်တွေဟာရခိုင်ကမ်းရိုးတန်းမှာအဓိကပါဝင်ခဲ့ပြီး မဟာမိတ်အမှတ်.၁၄တပ်တွေကမ်းတက်ရာမှာ စစ်တွေကျောက်ဖြူ ရမ်းဗြဲနဲ့မလိကျွန်းတွေမှာပစ်ကူပေးခဲ့ရပြီး၁၉၄၅မှာရန်ကုန်ကိုသိမ်းရာမှာ၎င်း ဧရာဝတီမြစ်မြစ်ဝကျွန်းပေါ်မှာဆုတ်ပြေးတဲ့ဂျပန်တွေကိုလိုက်တိုက်ရာမှာဘိုဖာတွေကိုအဓိကအသုံးချခဲ့တယိ၊မြန်မာ့ရေတပ်အတွက်စုထားတဲ့လူသစ်တွေကိုကုန်းပေါ်မှာသင်တန်းပေးဖို့ ဗြိတိသျှကြည်းတပ်ရဲ့လက်နက်သိုလှောင်ရာဗဟိုဌာနကနေ ဘီးတပ်ထားတဲ့ဘိုဖာလက်နက်ကိုရလိုက်ပါတယ်၊ကျန်တာတွေက သင်္ဘောမှာတပ်ဆင်ထားတာပါ၊ ဂျစ်ကားနဲ့ဆွဲသွားလို့ရပြီး ကြည်းတပ်ရဲ့လိုအပ်ချက်နှင့်လိုက်ဖက်အောင်တည်ဆောက်ထားကာဒုတိယကမ္ဘ္ဘာစစ်အပြီး ရေတပ်သင်သားလေ့ကျင့်ရေးတာဝန်ကနေ၀က်ကော်ကိုရောက်လာရခြင်းဖြစ်ပါတယ်။ တံမြက်စီးဆိုတဲ့နာမည်ရဲ့သမိုင်းအစကလဲ မဟာမိတ်ဖက်ကရောဝင်ရိုးတန်းနိုင်ငံများကပါသုံးစွဲကြပြီးအောင်မြင်မှု့ရဲ့အထိမ်းအမှတ်ကိုဆိုလိုပါတယ် စစ်သင်္ဘောတွေ၊ရေငုတ်သင်္ဘောတွေဟာအချိန်ကြာမြင့်စွာပင်လယ်ပြင်မှာတာဝန်ထမ်းဆောင်ပြီးအခြေစိုက်စခန်းကိုပြန်လာစဉ်မှာ ရန်သူကြားဖြတ်တိုက်တာမခံရအောင် ဆက်သွယ်ရေးစက်တွေပိတ်ထားရပါတယ်၊ ကမ်းပေါ်ကနေစိုရိမ်စွာစောင့်နေတဲ့သင်္ဘောသားမိသားစုတွေ တာဝန်ရှိသူတွေအဝေးကမြင်နိုင်အောင် သင်္ဘောရဲ့အမြင့်ဆုံးဆက်သွယ်ရေးတိုင်မှာ တကယ့်တံမြက်စီးတချောင်းကိုကြိုးနဲ့ချည်ကာ ရန်အားလုံးကိုတံမြက်စည်းနဲ့ရှင်းသလိုရှင်းခဲ့ပြီလို့အောင်မြင်ခြင်သင်္ကေတကိုပြကြတာထုံးစံမို့ကျနော်တို့ရဲ့မိတ်ဆွေဘော်ဖာကိုလဲ တံမြက်စည်းလို့ပေးထားတာလိုက်ဖက်လှပေမဲ့ ခြေလျှင်ကညီနောင်တွေကမသိတော့ရယ်ချင်မှာပေါ့ဗျာသူတို့ရဲ့၆ပေါင်ဒါအမြောက်ကြီးကိုတော့ စစ်သွေးစစ်မာန်ပြည့်ဝစွာဝါးရင်းတုတ်လို့အမည်ပေးထားတယ်လေဗျာ၊ ကြည်းတပ်နဲ့ရေတပ်ကွားခြားမှု့လို့လဲပြောလို့ရနိုင်တာပေါ့။
ဘိုဖာလက်နက်ဟာ၁၉၃၀မှာဆွီဒင်ကထုတ်လုပ်ခဲ့တာဖြစ်ပြီးမဟာမိတ်ရေတက်သင်္ဘောကြီးတွေမှာဂျပန်ခါမီကာဇေတွေကိုကာကွယ်ဖို့ပြောင်း၎လုံးတွဲတပ်ဆင်ကာထိရောက်စွာကာကွယ်နိုင်ခဲ့ပြီး ယနေ့အထိနေတိုးအဖွဲ့တွေဟာဘိုဖာကိုရေဒါနဲ့ထိမ်းကြောင်းအဆင့်မြင့်နည်းပညာတွေနဲ့ပေါင်းစပ်ကာအနီးကပ်လက်နက်အဖြစ်အသုံးပြုနေကြဆဲဘဲဖြစ်တယ်။
ကရင်များပုံကန်ခြင်း
★ ★ ★ ★ ★ ★
လွတိလပ်ရေးရပြီးနောက်အင်းစိန်ဒေသကိုကရင်တွေအများအပြားဝင်ရောက်လာကြတယ် ကေအန်ဒီအိုတွေလဲပါဝင်ပါတယ်။ အင်းစိန်ရဲတွေကတရားဥပဒေစိုးမိုးရေးလုပ်မရတော့ ပြည်ထောင်စုစစ်ရဲ U.M.Pတွေဝင်လာတယ်၊လူကြီးတွေကနှစ်ဖက်လက်နက်ကိုင်တိုက်ပွဲတွေမဖြစ်အောင်ထိမ်းပေမဲ့ မအောင်မြင်ဘဲ ပေါက်ကွဲလုအနေအထားကိုရောက်လာတယ်၊၁၉၄၉ ဇန်န၀ါရီလမှာအင်းစိန်၊ကြို့ကုန်း၊သမိုင်းမှာရှိတဲ့ အစိုးရရဲတပ်ဖွဲ့ဝင်တွေရဲ့လက်နက်တွေကို ကေအမ်ဒီအိုကသိမ်းယူလိုက်တယ်၊ အစိုးရကငြိမ်းချမ်းရေးထိမ်းသိမ်းဖို့ ပြည်ထောင်စုစစ်ရဲနဲ့ စစ်ဝန်ထမ်းတပ်တွေကိုအင်းစိန်သို့စေလွှတ်ရတယိ။
၁၆.၁.၁၉၄၉မှာ မြန်မာ့တပ်မတော်ရေက ဗိုလ်ကြီးစောဂျက် (နောင်ဖြတ်လေးဖြတ်စစ်ဆင်ရေးမှာချောင်းသာကားလမ်းမှာကျဆုံး)ဟာမြစ်တွင်းသွားစစ်ရေယာဉ်နဲ့အတူ၊မြစ်ဝကျွန်းပေါ်မှာတာဝန်ထမ်းဆောင်နေရာကနေ၊အခြားရေယာဉ်တစီုး ဖြစ်တဲ့ရေယာဉ်မှူးစောထွန်းတောက်နဲ့အတူ KNDOများနဲ့ပူးပေါင်းသွားပြီးရေယာဉ်ကအမြောက်နဲ့ ပုသိမ်မြို့ကိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ဒီဂယက်ဟာတပ်မတော်ရေအတွက်၊အတော်လေးလှူပ်လှုပ်ရှားရှားဖြစ်စေခဲ့တယ်၊၁၇.၁.၁၉၄၉မှာတပ်မတော်ကအားထားရတဲ့တပ်တတပ်ဖြစ်တဲ့ အမှတ်၁ ကရင်သေနတ်ကိုင်တပ်ရင်းဟာကေအန်ဒီအိုတွေနဲ့အတိအလင်းပေါင်းပြီး တောင်ငူကိုသိမ်းပိုက်လိုက်တော့တယ်။ ကရင်သနကတွေကို ကရင်ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့လျှို့ဝှက်ပန်ကြားချက်ကြောင့်ဖြစ်ပါတယ်၊တောင်ငူကိုသိမ်းပြီး ဖြူးအထိ ဆင်းလာကာဖြူးကိုသိမ်းပြီး အင်စိန်အထိအဆင်းကာအင်းစိန်ရှိကေအန်ဒီအိုနဲ့ပေါင်းကာ ရန်ကုန်ကိုသိမ်းပိုက်ရန်ဖြစ်ပါတယ်၊ ၃၀.၁.၁၉၄၉ မှာတော့လဖဆပလအစိုးရဟာကေအန်ဒီအိုကို မတရားအသင်း အဖြစ်တရားဝင်ကြေငြာလိုက်ပါတော့တယ်။ လူမျိုးရေးပြသနာအဖြစ်အလုံဖက်နဲ့မြစ်ဝကျွန်းပေါ်မှာလဲ လူမျိုးရေးအထိကရုဏ်းတွေဖြစ်ခဲ့ပါတယ်။
၃၁.၁.၁၉၄၉ မှာတော့ဗြိတိသျှစစ်သင်တန်းကျောင်းဆင်းဖြစ်တဲ့ ဗိုလိမှူးချုပ်စမစ်ဒွန်း(စစ်ဦးစီးချုပ်)နဲ့တပ်မတော်လေကစစ်ဦးစီးမှူး စောရှီးရှို(Wing Commander Saw Shi Sho)နဲ့ တပ်မတော်မှာရှိနေတဲ့ကရင်အရာရှိတွေအားလုံးဟာခွင့်ရက်ရှည်အနားပေးခြင်းခံရပြီးဗိုလ်ချုပ်နေ၀င်းကစစ်ဦးစီးချုပ်ဖြစ်လာပါတယ်။
D.day- 9(ဒီဒေးအနူတ် ကိုး)
★ ★ ★ ★ :★ ★ ★
ဝက်ကော်တိုက်ပွဲမဖြစ်မှီ ကိုးရက်အလို. ၁.၂.၁၉၄၉ ရက်နေ့ ကရင်တွေပုန်ကန်ပြီးဒုတိယမြောက်နေ့.မှာအမြောက်တပ်ဖွဲ့က ခွဲထွက်လာတဲ့ကရင်စစ်သားအချို့နဲ့ကေအန်ဒီအိုတွေပေါင်းပြီး မင်္ဂလာဒုံတပ်နယ်မှာရှိတဲ့ တပ်မတော်(လေ)ရဲ့လက်နက်တိုက်ကိုဝင်ရောက်စီးနင်းပြီးရိုင်ဖယ်များ၊အော်တိုမစ်တစ်သေနတ်အငယ်စားများ၊စပစ်ဖားယားတိုက်လေယာဉ်တွေမှာသုံးတဲ့ ဘရောင်းနင်းသေနတ်အငယ်စားများ.၅စက်သေနတိများ၊ ၂၀မီလီမီတာ အော်လီကွန်စက်အမြောက်တွေကို ကုန်တင်ကားအပြည့်တင်ပြီဲး့ အင်းစိန်ကိုသယ်သွားခဲ့တယ် ကံကောင်းတာက အော်လီကွန်စက်အမြောက်ရဲ့ အော်တိုမစ်တစ်ပစ်နိုင်တဲ့အစိတ်အပိုင်းတွေပါမသွားတာကြောင့် ကေအန်ဒီအိုတွေဟာ အော်လီ့ကွန်စက်အမြောက်ကို တတောင့်ချင်းဘဲပစ်နိုင်တယ်။ သူတို့ရဲ့.၃၀၃ရိုင်ဖယ်နဲ့ဘရင်းဂန်းကျည်တွေအလုံအလောက်ရသွားတာဘဲဖြစ်တယ်။ ဒါကြောင့် စစ်ရဲတွေ စစ်ဝန်ထမ်းတပ်တွေဝိုင်းထားတဲ့အင်းစိန်ကနေ ခံစစ်အဖြစ်ကနေထိုးစစ်အဖြစ်တပ်မတော်ရဲ့အမြဲတန်းတပ်တွေမရောက်ခင်။
ရန်ကုန်ကိုသိမ်းနိုင်တော့မှာဖြစ်လို့ဘဲ။
D.day-8 (ဒီဒေး အနူတ် ၈ရက်)
★ ★ ★ ★ ★ ★ ★ ★
ဝက်ကော်တိုက်ပွဲမစမှီာ၈ရက်အလို...
၂.၂.၁၉၄၉ မှာတော့ကေအန်ဒီအိုတွေဟာအင်းစိန်ဘူတာ၊အင်းစိန်ရဲစခန်း၊ခရိုင်ရဲအုပ်ချုပ်ရေးရုံးတွေကိုသိမ်းပိုက်လိုက်တော့တယ်၊အကြီးဆုံးအင်းစိန်ထောင်ကြီးကိုဖွင့်ပြီးထောင်ခါလိုက်တော့တယ်၊အကျဉ်းသား၂၀၀၀ကျော်လွတ်မြောက်သွားပြီးနောက်အင်းစိန်ဘဏ်လဲလုယက်ခံရကာအစိုးရဘဏ္ဍာငွေတွေပါသွားတော့တယ်၊ကေအန်ဒီအိုဟာအင်းစိန်ရဲ့ ၁၀ စတုရန်းမိုင်ကိုသိမ်းထားလိုက်ကြပြီးဖြစ်တယ်၊ အစိုးရရဲ့ စစ်ရဲ စစ်ဝန်ထမ်းနဲ့အမှတ် ၄သနက(ဂေါ်ရခါးတပ်ကတော့မြို့ပြင်မှာဝိုင်းထားဆဲပါဘဲ၊ ကေအန်ဒီအိုအင်အားကောင်းနေပေမဲ့ ရှေ့ကိုဆက်လက်ချီတက်ဖို့ကတော့ အင်အားလိုနေဆဲဘဲဖြစ်တာမို့ တပ်မတော်ရဲ့ အကောင်းဆုံးလေ့ကျင့်ထားပြီး လက်နက်အင်အားကောင်းတဲ့အမှတ်.၁နဲ့အမှတ်၂ကရင်သေနတ်ကိုင်တပ်တွေကို သူတို့နဲ့လာရောက်ပူးပေါင်းဖို့အကူအညီတောင်းပါတယ်၊ဒီတပ်တွေဟာစစ်ရည်စစ်သွေးဝနေတဲ့တပ်တွေပါ။ ဒီတပ်တွေ အင်းစိန်ရှိတပ်တွေနဲ့သာပေါင်းမိသွားရင် မြန်မာပြည်ရဲ့ကံကြမ္မာဟာ တမျိုးတဖုံပြောင်းလွဲသွားမှာဘဲဖြစ်ပါတယ်။
အင်းစိန်မှာတော့နေစဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေဖြစ်နေပြီး စစ်ဝန်ထမ်းတပ်တွေက အစိုးရကိုစစ်ကုပေးဖို့တောင်းနေပါပြီဒါကြောင့်တပ်မတော်ရေက ဘော်ဖာလက်နက်ကြီးနဲ့ပစ်ကူပေးဖို့အမိန့်ပေးလိုက်တာဖြစ်ပြီး ကျနော်ဟာဖေဖေါ်ရီ.၂ရက်မှာတော့ သမိုင်းက မြန်မာကြွေထည်စက်ရုံ(ဦးသော်ပန်းကန်စက်)အတွင်အခိုင်အမာခြေကုန်ယူထားတဲ့ ကေအန်ဒီအိုတွေကို တိုက်ဖို့စစ်ဝန်ထမ်းတပ်က စက်ရုံဝန်းအုပ်ရိုးကိုဘိုဖာနဲ့ပစ်ပြီးဖြိုချပေးဖို့အစီအစဉ်အတိုင်း ကျနော်တို့ဘိုဖာအဖွဲ့ကအုပ်ရိုးကိုဘိုဖာနဲ့ပစ်ပြီးဖြိုချလိုက်ပါတယ်၊ ဖြိုချလိုက်တာနဲ့ စစ်ဝန်ထမ်းတက်တွေကအုပ်ရိုးကနေမ၀င်ခင် ကရင်တွေက အတင်းပြေးထွက်လာပြီးကျနော်တို့ဘိုဖာတပ်ဖွဲ့ကိုတိုက်ပါတယ်၊ ဘိုဖာအဖွဲ့ဝင်ဖြစ်တဲ့ ရိုလန်ဟမ်းဖရီးနဲ့၊ဂျော့မက္ကန်းခေါ်ကျော်ဝင်းတို့ဟာသူတို့ပစ်နေတဲ့နေရာကနေနောက်မဆုတ်ဘဲ ဘော်ဖာကိုဆက်တိုက်ပစ်ကာသူတို့ရဲ့သတ္တိအစစ်အမှန်ကိုပြခဲ့ပါတယ်၊ မနက်မိုးလင်းတာနဲ့ ဘိုဖာအဖွဲ့ဟာသံလျှက်စွန်းကနေအင်းစိန်ကိုသွားပစ် ညနေကြ ဌာနချုပ်ကိုပြန်၊ကြရတယ်၊အင်းစိန်မြို့ပြင်ရထားလမ်းကိုဖြတ်တာနဲ့ အရပ်သားတွေကလမ်းဘေးတလျှောက်တနိးစီကာလက်ခုပ်သြဘာပေးခြင်း ထမင်းထုပ်တွေကမ်းပေးကြတယ်၊သူတို့ကြည့်ရတာ အင်းစိန်မှာဖြစ်နေတဲ့စစ်ပွဲဟာဘယ်လောက်အရေးကြီးပြီးဘယ်လောက်ပြင်းထံမယ်မှန်းမသိကြဘူး ဘော်လုံးပွဲတပွဲလာကြည့်နေသလားလို့တောင်ထင်ရတယ်၊
တကယ်က တိုင်းပြည်အန္တရာယ်ဟာ မြို့တော်ရဲ့တံခါးဝကိုခေါက်နေပြီကိုသိဟန်မတူကြဘူးစစ်ပွဲဟာ ၁၁၂ရက်တောင်ဖြစ်ပွားခဲ့တာပါ။
ကရင်သေနတ်ကိုင်တပ်ရင်း၂(ပြည်မြို့)
★ ★ ★ ★ ★ ★ ★ ★ ★
D.day-7(၀က်ကော်မစမှီ.၇ရက်အလို).....
၃.၂.၁၉၄၉ခုနှစ်...
နေ့လည်စာထမင်းစားပြီးချိန်...
အမှတ်.၂ကရင်သေနတ်ကိုင်တပ်ရင်းရဲတြပ်ရင်းမှူးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး စောမြမောင်ဟာ သူ့တပ်ခွဲမှူးများကိုအစည်းအဝေးခေါ်လိုက်တယ်၊သူ့ရဲ့ထောက်လှန်းရေးအရာရှိကဖြစ်ပေါ်နေတဲ့အခြေအနေကိုခုလိုရှင်းပြတယ်..
တပ်ခွဲမှူးများ...
မင်္ဂလာဒုံမှာရှိတဲ့ဆက်သွယ်ရေးတပ်ကကျနော်တို့ညီအကိုကရင်စစ်သည်တွေဟာကျနော်တို့နဲု့အမြဲတန်းလျှို့ဝှက်အဆက်အသွယ်ရှိနေတယ်..
ခုဘဲထိပ်တန်းလျှို့ဝှက်သတင်းပို့ချက်ကိုလက်ခံရခဲ့တယ်..
အင်းစိန်မှာရှိတဲ့ကျနော်တို့ညီအကိုတွေနဲ့အစိုးရစစ်ရဲတွေနဲ့တိုက်ခိုက်မှု့ကတနေ့တခြားဆိုးဝါးလာပြီ..
တပ်ရင်းမှူးကဆက်ပြီး...
ငါတို့ကရင်ခေါင်းဆောင်တွေနဲ့အစိုးရစေ့စပ်ဆွေးနွေးမှုဟာလဲအချိန်မရွေးပေါက်ကွဲမည့်အေုခအနေဖြစ်တယ်၊ ခေါင်းဆောင်တွေကသူတို့ကိုအကူအညီပေးဖို့အင်းစိန်ကိုဆင်းလာဖို့တောင်းဆိုနေပြီဖြစ်တယ်.
ငါတို့ကရင်ပြည်သူတွေကိုကယ်တင်ဖို့ငါတို့အစိုးရအပေါ်သစ္စာဖောက်ရတော့မှာဖြစ်တယ်၊ငါတို့မှာရွေးချယ်စရာလမ်းမရှိတော့ဘူး..
တပ်ရင်းမှူးက ရှင်းလင်းပြီးတာနဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောထွန်းမောင်ဘက်သို့လှည့်ပြီး..
ကဲဗိုလ်မှူး ဒီတပ်ရင်းတခုလုံးအင်းစိန်ကိုအမြန်ဆုံးချီတက်နိုင်ဖို့စီစဉ်ပါ၊မော်တော်ယာဉ်ဘယ်နှစ်စီးလိုမလဲအမြန်စုစည်းပါ၊လိုအပ်ရင်အရပ်ကားတွေပါယူသုံးပါ၊ပြည်မြို့မှာရှိတဲ့အစိုးရရုံးတွေ၊ရဲစခန်းတွေကို ငါတို့ကိုမခုခံနိုင်မှီ အရင်ဝင်သိမ်းမယ်၊ ငါတို့နဲ့အတူမိသားစုဝင်တွေကိုပါအားလုံးခေါ်သွားမယ်၊သူတို့ချည်း ဒီမှာကျန်ခဲ့ရင် သူတို့မှာခုခံစရာဘာမှမရှိဘူး၊ငါတို့ရဲ့ရိက္ခာ၊ကျည်၊ခဲယမ်းအားလုံးကိုသယ်ဆောင်သွားမယ်၊ပစ္စည်းတွေအမြန်ဆုံးကားပေါ်တင်ပြီး၊ တပ်ဝင်းအပြင်ကိုဘယ်သူမှထွက်ခွင့်မပေးနဲ့ တပ်သားအားလုံးကိုမင်္ဂလာဒုံမှာရှိတဲ့စစ်တန်းလျှားကိုပြောင်းနေဖို့ စစ်ရုံးချုပ်ကအမိန့်လို့ ပြောပါ..
ကဲအလုပ်စလုပ်ကြတော့ ရခိုင်မှာရှိတဲ့တပ်ရင်း.၅ အင်းစိန်ကိုမရောက်ခင် ငါတို့ကဦးအောင် အင်းစိန်ကိုရောက်ဖို့လိုတယ်ဟုဆက်တိုက်အမိန့်ပေးလိုက်တော့သည်။
ဆက်ရန်
Star shinester

No comments:

Post a Comment

ဆိတ်ကျောင်းသား၏ ပုံပြင်

ဆိတ်ကျောင်းသား၏ ပုံပြင် ++++++++++++++++++ ၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနြေ...