Thursday, 24 November 2016

စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိ မန်ယူကို နည်းပြသွားလိုကြောင်း မော်ရင်ဟိုပြောကြား



စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိ မန်ယူကို နည်းပြသွားလိုကြောင်း မော်ရင်ဟိုပြောကြား



နိုဝင်ဘာ ၂၄၊ အင်္ဂလန် ။                  ။ မန်ယူအသင်းနှင့် ၃ နှစ်သက်တမ်းစာချုပ် ချုပ်ဆိုထားသည့် မော်ရင်ဟိုက စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ အိုးထရက်ဖို့ဒ်ကလပ်တွင် နည်းပြသွားလိုကြောင်း   ပြောဆိုလိုက်သည်။
နည်းပြကြီးဖာဂူဆန် မန်ယူအသင်းမှ ထွက်ခွာသွားပြီးနောက် ဒေးဗစ်မိုရက်စ်နှင့် လူးဝစ္စဗန်ဟားလ်တို့ ရုန်းကန်ခဲ့ရသလို မော်ရင်ဟိုသည်လည်း လက်ရှိတွင် အသင်းကိုတည်ငြိမ်အောင် ကြိုးပမ်းရလျက် ရှိနေသည်။
မော်ရင်ဟိုက မန်ယူအသင်းကို ကိုင်တွယ်ရသည်မှာ အစသာ ရှိသေးကြောင်း ပြောဆိုခဲ့သည်။ ‘ကျွန်တော်နဲ့မန်ယူတို့ ချုပ်ဆိုထားတဲ့ စာချုပ်ရဲ့ အစပိုင်းပဲ ရှိပါသေးတယ်။ လုပ်ငန်းစဉ်တွေကလည်း အစပိုင်းသာ ရှိသေးတာပါ။ ကျွန်တော်တို့ တစ်ဆင့်ချင်းသွားကြပါမယ်။
ဒီသုံးနှစ်အတွင်းမှာ အောင်မြင်ချင်သလားလို့ မေးလာရင်တော့။ ရက်စ်..အောင်မြင်ချင်ပါတယ်။ မန်ယူမှာ ဒီထက်နှစ်တွေအကြာကြီး ထပ်နေသွားချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအသင်းနဲ့အတူ ဒီလိဂ်ပြိုင်ပွဲမှာ ရှိနေချင်လို့ပါ။ ဒါကို ကျွန်တော်နှစ်သက်ပါတယ်။ ကျွန်တော်က ဒီရာထူးနဲ့ ထိုက်တန်တယ်ဆိုရင် တစ်ဆင့်ချင်းဆက်သွားပါမယ်။
တစ်နေ့မှာ အသင်းက ဒီရာထူးနဲ့ ကျွန်တော်ထိုက်တန်တယ်လို့ ယူဆရင် ဂုဏ်ယူမိမှာပါ။ အခုကတော့ အစပဲရှိပါသေးတယ်’ ဟု မော်ရင်ဟိုက ပြောဆိုခဲ့သည်။

No comments:

Post a Comment

ဆိတ်ကျောင်းသား၏ ပုံပြင်

ဆိတ်ကျောင်းသား၏ ပုံပြင် ++++++++++++++++++ ၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနြေ...