Thursday, 24 November 2016

ကွန်ဖြူးရှပ် ပြောသောစကား

ကွန်ဖြူးရှပ် ပြောသောစကား
****************
တရုတ်တွေးခေါ်ပညာရှင်ကြီးကွန်ဖြူးရှပ်သည် တစ်ညနေ၌
လမ်းလျှောက်ထွက်လာလေသည်။လမ်းမှာလူနှစ်ယောက်နှင့်တွေ့သည့်အခါ
ပထမလူက ………
''ကွန်ဖြူးရှပ်...ခင်းဗျားဟာ အရမ်းတော်တဲ့သူပဲ။အရာရာမှာစဉ်းစားတွေး
ခေါ်တတ်တယ်။ကောင်းရာကို ညွန်ပြတတ်တယ်။လူတွေက ခင်းဗျားဆို လေးစားကြတယ်။ခင်းဗျားက သိပ်ကို အထင်းကြီးလေးစားဖို့ကောင်းတဲ့သူပဲ''
ဆိုပြီး ချီးကျူးတယ်တဲ့။အဲ့ဒီတော့ ကွန်ဖြူးရှပ်က ထိုလူကို ပြုံးပြီးကြည့်နေတယ်။
အဲ့ဒီအချိန်မှာ ဒုတိယလူက ဆက်ပြောပြန်တယ်………
''ကွန်ဖြူးရှပ်... ခင်းဗျားက အာပလာကောင်ကြီးပါဗျာ။လူတွေက
ခင်ဗျားကို စွတ်အထင်ကြီးနေကြတာပါ။တကယ်တော့ ခင်ဗျားဟာ သိတဲ့
တတ်တဲ့သူမဟုတ်ပါဘူး။အလကားပါဗျာ''လို့ ကဲ့ရဲ့တယ်။အဲ့ဒီလူကိုလည်း
ကွန်ဖြူးရှပ်က ပြုံးပြီးကြည့်နေပြန်တယ်။ပြီးတော့ သူလမ်းသူ ဆက်လျှောက်သွားတယ်။
အဲ့ဒီအဖြစ်အပျက်ကို အစအဆုံးမြင်တဲ့ ငါးမျှားရာမှ ပြန်လာတဲ့
တံငါသည်တစ်ယောက်က ကွန်ဖြူးရှပ်နား ကပ်သွားပြီးမေးတယ်။''ခင်းဗျားက
ခင်ဗျားကို ချီးမွမ်းတဲ့လူကိုရော ကဲ့ရဲ့တဲ့လူကိုရော ဘာမှပြန်မပြောပါလား
ဘာဖြစ်လို့လဲဗျ'' ဆိုတော့ ကွန်ဖြူးရှပ်က ပြုံးပြီး……
'' သူတို့တွေ ချီးမွမ်းသည်ဖြစ်စေ ကဲ့ရဲ့သည်ဖြစ်စေ ငါ့ရဲ့နဂိုမူလ
အရည်အချင်းကို ထိခိုက်မသွားဘူး။ချီးမွမ်းတာကို မြှောက်နေလို့လည်း
တိုးတက်လာမှာ မဟုတ်သလို ကဲ့ရဲ့တာကို ခံစားနေလို့လဲ ဘဝကနိမ့်ကျမသွား
ပါဘူး။နေတတ်ဖို့ပဲ လိုပါတယ်။တို့တွေ လောကမှာနေတဲ့ ရည်ရွယ်ချက်က
ချီးမွမ်းခံရဖို့ ကဲ့ရဲ့ခံရဖို့ အလုပ်လုပ်နေကြတာ မဟုတ်ပဲ။တခြားသူ အထင်
ကြီးသည်ဖြစ်စေ မထင်သည်ဖြစ်စေ ကိုယ်တတ်စွမ်းသလောက် ဘဝနဲ့လောက
အတွက် အကျိုးပြုနေဖို့သာ အဓိကပါပဲ'' ဟု တံငါသည်အား ဖြေကြားလိုက်လေသည်။
'' ကျော်ကြားသူတို့ စကား'' မှ
C.O.P.Y

No comments:

Post a Comment

ဆိတ်ကျောင်းသား၏ ပုံပြင်

ဆိတ်ကျောင်းသား၏ ပုံပြင် ++++++++++++++++++ ၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနြေ...