Wednesday, 23 November 2016

ရှမ်းမြောက်ပိုင်းက မုန်းကိုး အခြေအနေ


Image may contain: 1 person , tree, outdoor and nature

မုန်းကိုး အခြေအနေ
-------------------------------
မုန်းကိုးကျသွားတယ် ဆိုပြီး ...
လာလာပြောနေလို့  ...
အခြေအနေ ရှင်းပြမယ် ...
မုန်းကိုးက နယ်စပ်မျဉ်းပေါ်ရှိတဲ့ မြို့  ...
ဘေးမှာ ဟေမိုးလုံ မန်ကန် ဖောင်းဆိုင်
စတဲ့နေရာတွေ ရှိတယ် ...
မုန်းကိုးဘေးက ကုန်းတွေက ...
ပေ ၁၅၀၀ နဲ့ ၂၀၀၀ လောက်မြင့်တယ် ...
မြို့ က အောက်ထဲမှာ ...
ရန်သူက အာ့ကုန်းတွေကို တက်ယူထားတယ် ...
၆ နေရာ ၇နေရာလောက် ရှိတယ် ...
အဲဒီကနေ မြို့ ထဲက တပ်က နေရာယူထားတဲ့ ...
ကုန်းနေရာတွေကို ဝိုင်းဆော်နေတာ ...
လက်နက်ကြီးလဲ တစ်ကမ်းမီတယ် ...
12.75 စက်သေနတ်ကြီးလဲ ပါတယ်ဆိုတယ် ...
မြို့ ထဲမှာ ဘယ်သူမှ မရှိတော့ဘူး ...
အားလုံး တရုတ်ပြည်ထဲ ဝင်ပြေးပြီ ....
တိုက်ပွဲတွေ စဖြစ်ကတည်းက ...
အခုက တပ်က မြို့ ကို ....
ကျမသွားအောင် ကာကွယ်နေတာ ...
ရန်သူတွေ မြို့ ထဲ ရောက်နေတယ် ...
ဘာညာရေးကြတယ် ...
အရင်ရက်တွေကတည်းက စိမ့်နေတာလေ...
ကာကင်းကို တက်လုံးတယ် ဘာညာတောင် ...
ရေးနေကြသေးတာပဲ ...
လေယာဉ်လဲ ပစ်တယ် ...
ရဟတ်ယာဉ်လဲ နေ့ တိုင်း အုပ်တယ် ...
ရန်သူလဲ ဒီကပစ်လို့ ကျတာ အများကြီးရယ် ...
လေကြောင်းကန့် သတ်ချက်က ...
နယ်စပ် နဲ့ သိပ်ကပ်နေတယ် ...
ဗုံးကြဲရခက်တယ် ...
ဒါကြောင့်လဲ ဒီကောင်တွေ ဒီပစ်မှတ်ကိုရွေးတာ ...
လက်ရှိအခြေအနေ ကာကင်းကုန်းလဲ မကျ ...
ဗျူဟာကုန်းလဲ ဘာမှမဖြစ် ...
အဲ ... မြို့ ထဲမှာ နေရာယူနေတဲ့ ငတိတွေတော့ ...
ပိုပြီး များလာတယ် ...
တပ်က အခုအချိန်အထိ ...
ခိုင်ခိုင်မာမာ ခံစစ်ဆင်ထိန်းထားနိုင်တယ် ...
ဘယ်စခန်းမှ ကျတာမရှိ ...
အခုအချိန်ဆိုတာ ည ၈နာရီ ၃၃မိနစ် ...
သတင်းအခုပဲ ထပ်အတည်ပြုထားတယ် ...
ဖုန်းလိုင်းမကောင်း ...
အင်တာနက်က စုတ်ပြတ်
စာက ဖုန်းနဲ့ ရိုက်နေရတယ် ...
အိပ်ပြီ ဒါဗြဲ :/ :/ :/

No comments:

Post a Comment

ဆိတ်ကျောင်းသား၏ ပုံပြင်

ဆိတ်ကျောင်းသား၏ ပုံပြင် ++++++++++++++++++ ၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနြေ...