၂၄ နာရီ LIFE HACK
--------------------
--------------------
ညဥ့်နက်သန်းခေါင်ဟာ ကိုယ်ဝန်သည် မိန်းမတစ်ယောက် ရေမွှာပေါက်ချိန် ဖြစ်တယ်။ မနက် ၆ နာရီ ဟာ မျိုးအောင်ချိန် ဖြစ်တယ်။ ည ၇ နာရီ မှာ စားတဲ့ ထမင်း အရသာ အရှိဆုံးဖြစ်တယ်။ မနက် ၉ နာရီ မှာ ဝိတ်ချသူတွေ ကြိုက်တာစားလို့ရတယ်။ အရက် ဆေးဖက်ဝင်ချိန်ဟာ ည ၈ နာရီ ဖြစ်တယ်။ ညနေ ၆ နာရီမှာ လေချဉ်တက် တတ်တယ်။ ညနေ ၄ နာရီဟာ ဆံပင်နဲ့ လက်သည်း ရှည်လာချိန် ဖြစ်တယ်။ ညနေ ၅ နာရီက လက်ငါးချောင်း ညှစ်အားအသန်ဆုံး အချိန် ဖြစ်တယ်။ နေ့လည် ၁ နာရီဟာ ဆီးရွှင် ချိန် ဖြစ်ပြီး မနက် ၁၀ နာရီဟာ လူမှုဆက်ဆံရေး အချိန်ဖြစ်တယ်။
ည ၁၁ နာရီ မှာ allergy ဖြစ်တတ်တယ်။ ည ၉ နာရီမှာ ဝေဒနာ အပြင်းဆုံး ဖြစ်တယ်။ နေ့လည် ၁၂ နာရီဟာ လေဖြတ်ချိန် ဖြစ်တယ်။ မနက် ၇ နာရီမှာ ခေါင်းတစ်ခြမ်းကိုက် သမားတွေ ခံရတယ်။ သွား ကိုက် တတ်သူတွေ နေ့လည် ၃ နာရီမှာ သက်သာတယ်။ ရင်ကျပ်တဲ့ လူတွေက မနက် ၃ နာရီမှာ နိုး တတ်တယ်။ မနက် ၁ နာရီဟာ ဂေါက်ရောဂါသမားတွေ နာတဲ့ အချိန် ဖြစ်တယ်။ မနက် ၁၁ နာရီဟာ ရောဂါကူးစက်တဲ့အချိန် ဖြစ်တယ်။ ည ၁၀ နာရီမှာ ခုခံအား အကောင်းဆုံး ဖြစ်တယ်။
လူတစ်ယောက်ဟာ မနက် လေးနာရီမှာ သွေးပေါင်ကျပြီး သေတတ်တယ်။ မနက် ၈ နာရီမှာ နှလုံး ရပ်ပြီး သေတတ်တယ်။ မနက် ၅ နာရီနဲ့ နေ့လည် ၂ နာရီမှာတော့ ယာဉ်တိုက်ပြီး သေတတ်တယ်။
--------------------
မှတ်စုကြမ်း ဗေဒင်တွေ ဟောတော့မလားလို့ တော့ မထင်ပါနဲ့။ နားရှုပ်သွားလားမသိဘူး။
😂ရှင်းပြပေးပါ့မယ်ဗျာ။
--------------------
မှတ်စုကြမ်း ဗေဒင်တွေ ဟောတော့မလားလို့ တော့ မထင်ပါနဲ့။ နားရှုပ်သွားလားမသိဘူး။

ဒါကို chronobiology လို့ ခေါ်ပါတယ်။ အောက်မှာ သန်းခေါင်အချိန်ကနေ ည ၁၁ နာရီအထိ နာရီတိုင်း မှာ ဖြစ်လာတဲ့ ခန္ဓာဖြစ်စဉ်တွေကို ချရေးပေးထားပါတယ်။ အပေါ်မှာ ကျွန်တော် ကောက်ချက် ချခဲ့တဲ့ ဟာလေးတွေရဲ့ အကြောင်းတွေပဲပေါ့။
--------------------
CHRONOBIOLOGY
--------------------
သန်းခေါင်ချိန်ကျော်တာနဲ့ အမျိုးသမီးတွေဆီမှာ မမျိုးဥကနေ progestrone ဆိုတဲ့ ဟော်မုန်း တစ်မျိုး ကို ထုတ်ပေးတတ်ပါတယ်။ ဒီဟော်မုန်းဟာ ကိုယ်ဝန်ဆောင်ချိန် တစ်လျှောက် သာမက မွေးချိန် မှာ လည်း လာရောက်လှုံ့ဆော်ပေးလေ့ ရှိတတ်ပါတယ်။ ဒီဟော်မုန်းကြောင့်သာ ဗိုက်နာလာခြင်း ရေမွှာ ပေါက်ခြင်းတို့ ဖြစ်လာပြီး ကလေးမွေးဖို့ အချိန် ကျလာတတ်ပါတယ်။
--------------------
CHRONOBIOLOGY
--------------------
သန်းခေါင်ချိန်ကျော်တာနဲ့ အမျိုးသမီးတွေဆီမှာ မမျိုးဥကနေ progestrone ဆိုတဲ့ ဟော်မုန်း တစ်မျိုး ကို ထုတ်ပေးတတ်ပါတယ်။ ဒီဟော်မုန်းဟာ ကိုယ်ဝန်ဆောင်ချိန် တစ်လျှောက် သာမက မွေးချိန် မှာ လည်း လာရောက်လှုံ့ဆော်ပေးလေ့ ရှိတတ်ပါတယ်။ ဒီဟော်မုန်းကြောင့်သာ ဗိုက်နာလာခြင်း ရေမွှာ ပေါက်ခြင်းတို့ ဖြစ်လာပြီး ကလေးမွေးဖို့ အချိန် ကျလာတတ်ပါတယ်။
မနက် ၁ နာရီဟာ အရိုးအဆစ်တွေ ဖြေလျှော့ချတဲ့ အချိန်ဖြစ် ပါတယ်။ ဒီလို အချိန်မှာ တစ်နေကုန် အလုပ်ပင်ပန်းထားရင် ပင်ပန်းထားသလောက် ဒဏ်အနေနဲ့ ပြန်နာကျင်လာတတ်ပါတယ်။ အထူးသဖြင့် ဂေါက် ရောဂါသမားတွေ ရောဂါထလာလေ့ ရှိတဲ့အချိန် ဖြစ်ပါတယ်။
မနက် ၂ နာရီကတော့ vasopressin ဟော်မုန်းတွေ ထုတ်ပေးတဲ့ အချိန်ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း ပြုပြင်ရေး လုပ်ငန်း စတော့မှာ ဖြစ်လို့ လူကို ဆီးခနခန ထမသွားအောင် ဆီးကို ချုပ်လိုက်တဲ့ ဟော်မုန်း ဖြစ်ပါတယ်။
မနက် ၃ နာရီကတော့ Adrenaline ပမာဏ အနည်းဆုံး အချိန်ဖြစ်ပါတယ်။ ဒီမှာ လေလမ်းကြောင်း တွေ ကျဉ်းလာတဲ့အခါ အသက်ရှူရခက်လာတဲ့အတွက် ရင်ကျပ်သူတို့ နိုးလာတတ်ကြပါတယ်။
မနက် ၄ နာရီ အချိန်မှာတော့ သွေးပေါင်ဟာ အနည်းဆုံး အခြေအနေကို ရောက်လာလေ့ ရှိပြီး တော်တော် ကျန်းမာရေးမကောင်းသူ လူတစ်ယောက်အနေနဲ့ဆိုရင် ငေါက်ကနဲ သေသွားနိုင် ပါတယ်။
မနက် ၅ နာရီဟာ ဟော်မုန်းတွေ ထုတ်လွှတ်ချိန် ဖြစ်တယ်။ တစ်ညလုံး ပြုပြင်နေတဲ့ ခန္ဓာကိုယ်ဇီဝ ဖြစ်စဉ်တွေဟာ ဒီအချိန်မှာ အထိုင်စချကြတတ်တယ်။ ဒီတော့ ဦးနှောက်က လူတစ်ယောက်ကို အဲဒီ အချိန်မှာ နိုးနေရင်လည်း အိပ်ချင်လာစေပြီး အိပ်နေရင်လည်း မနိုးချင်လာအောင် လုပ်ထားလိုက် လေ့ ရှိကြတယ်။ ဒါ့ကြောင့် အဲ့ဒီအချိန်တွေမှာ ကားမောင်းနေတဲ့လူရှိရင် ဒီလူဟာ အရက်မူးလို့ မောင်းနေတဲ့ လူတစ်ယောက်ထက် သတိလက်လွတ် ဖြစ်နေတတ်တယ်။ ဒါ့ကြောင့် မနက် ၅ နာရီ ဝန်းကျင်ဟာ ယာဉ်တိုက်မှု ဖြစ်ဖို့ ရာနှုန်း အများဆုံး အချိန် ဖြစ်တယ်။
အရွယ်ရောက်ပြီးသား ယောက်ျားလေးတွေ မှာဆိုရင် testosterone ဟော်မုန်း အားအကောင်းဆုံး အချိန်ဟာ မနက် ၆ နာရီဖြစ်ပြီး အမျိုးသမီးများ ဓမ္မတာလာတဲ့အချိန်ဟာလည်း မနက် ၆ နာရီ ဖြစ် တယ်။ ဒါ့ကြောင့် မနက် ၆ နာရီဟာ ကလေးယူလိုသူ အိမ်ထောင်သည်တို့အတွက် အဓိက ထား ကြရမယ့် မျိုးအောင်နှုန်းအမြင့်ဆုံး အချိန်ဖြစ်တယ်။
မနက် ၇ နာရီမှာ ဦးနှောက်ထဲ ထုတ်လွှတ်လာတဲ့ serotonin လေးကြောင့် ခံစားလို့ ကောင်းတဲ့စိတ် လေး ဖြစ်လာတယ်။ ဒါလေးဟာ သွေးကြောတွေကို ကျယ်လာစေပြီး အာရုံတွေကို အလွန်အကျူး ဝင်လာ စေတတ်တယ်။ ဒါ့ကြောင့် ခေါင်းတခြမ်းကိုက်ဝေဒနာရှင်တွေ ဒီအချိန်မှာ ရောဂါထ တတ် ကြတယ်။
မနက် ၈ နာရီ မှာ နိုးလာတဲ့အခါ ခန္ဓာကိုယ်တွင်း သွေးပေါင်ချိန်နဲ့ အပူချိန်တို့ဟာ ရုတ်တရက်မြင့် တက် လာတယ်။ အဲ့ဒီအချိန်မှာ နှလုံးရောဂါသည်တွေ အမောဖောက်လာလေ့ ရှိကြတယ်။ ပိုဆိုးတာက stress ဟော်မုန်း လည်း တက်နေတဲ့အချိန်ဖြစ်လို့ တနင်္လာလိုနေ့မျိုး အလုပ်ရဲ့ စိတ်ဖိစီးမှုရယ် နှလုံးရောဂါရယ် တိုက်ဆိုင်စွာ မြင့်တက်လာခဲ့ရင် နှလုံးရပ်လို့ သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။
မနက် ၉ နာရီဟာ အစာအိမ် ချေဖျက်မှု အားအကောင်းဆုံးဖြစ်တယ်။ အာဟာရမှာ ပါဝင်လာတဲ့ အဆီဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ တင်ကျန်မနေပဲ ချေဖျက်ရေးလုပ်ငန်းစဉ်ထဲကို ပါသွားနိုင်တဲ့ တစ်ခုထဲသော အချိန်လည်းဖြစ်ပါတယ်။
မနက် ၁၀ နာရီမှာ အသိစိတ်တို့ဟာ အနိုးကြားဆုံး အချိန် ဖြစ်လေ့ရှိကြတယ်။ ဂလူးကို့စ် ပမာဏ အမြင့်ဆုံးဖြစ်ပြီး ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို အမြင့်ဆုံး အားအင်တွေ ပေးနေတတ်တဲ့ အတွက်ကြောင့် လုပ်ငန်းစကားပြောဆိုမှုများ၊ အစည်းအဝေးများ၊ အလုပ် အင်တာဗျူးများ ဒီအချိန်မှာ လုပ်ရင် အောင်မြင်ဖို့ ရာနှုန်းများတယ်။
မနက် ၁၁ နာရီ မှာတော့ ကင်ဆာနဲ့ ကူးစက်ရောဂါတွေကို တိုက်ဖျက်နိုင်တဲ့ သွေးဖြူဥ T lymphocytes လေးတွေ အနားယူတဲ့ အချိန် (တစ်နည်း) လှုပ်ရှားခြင်း နည်းတဲ့ အချိန် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအချိန်ဟာ ရောဂါကူးစက်လွယ်တဲ့ အချိန်လည်း ဖြစ်တယ်။
နေ့လည် ၁၂ ကတော့ သွေးလည်ပတ်မှုတွေ မြန်လာလေ့ ရှိပြီး သွေးကြောပိတ်ခြင်း ဖြစ်နိုင်မှု အမြင့်ဆုံး အချိန်လည်း ဖြစ်ပါတယ်။ အကယ်၍ ကိုလက်စထရော များတဲ့ အစာ စားထားခဲ့ရင် ဒီက ထွက်လာမယ့် အဆီဓာတ်ဟာ သွေးကြောတွေကို ကျဉ်းပစ်နိုင်တယ်။ ဒီအချိန်မှာ မြင့်တက်လာတဲ့ သွေးလည်ပတ်သွားလာမှုကြောင့် ဖိအားဖြစ်လာတဲ့အခါ သွေးတိုးလာတတ်တယ်။ အဆီဓာတ် အနည်းအများ အပေါ် မူတည်ပြီးတော့ အဆိုးဆုံး သွေးကြော ပေါက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
နေ့လည် ၁ နာရီကတော့ ကျောက်ကပ်ဟာ မနက်ခင်းက သောက်သုံးထားတဲ့ အရည်တွေကို အသုံးပြု ပြီး ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အဆိပ် အတောက်တွေကို ဆေးကြောပစ်တဲ့ အချိန် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအချိန်မှာ ဆီးရွှင်လေ့ ရှိကြတယ်။
နေ့လည် ၂ နာရီ ဟာ အစာချေဖျက်ချိန်ဖြစ်ပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံးက အားအင်တွေဟာ အစာချေဖျက်ခြင်း လုပ်ငနါးမှာ စုပြုံလာတဲ့အခါ လိုအပ်ချက်အရ ခန္ဓာကိုယ်ဟာ လေးလံ ငိုက်မြည်း လာတတ်ပါတယ်။ ဒါ့ကြောင့် ဒီအချိန်တွေမှာ ကားမောင်းနေခဲ့လို့ရှိရင် ယာဉ်တိုက်မှု ဖြစ်လာနိုင်ပါတယ်။
နေ့လည် ၃ နာရီဟာ ကိုက်ခဲမှုတွေကို တွန်းလှန်တဲ့ Endophrine ပမာဏ ထုတ်လွှတ်မှု အမြင့်ဆုံး အချိန် ဖြစ်တဲ့အတွက် ကိုက်ခဲမှု ဝေဒနာများသက်သာ လာတတ်ပါတယ်။ သွားကိုက်ရောဂါသမားတွေ အတွက် သက်သာမှု ဟာ အသိသာဆုံး ဖြစ်ပါလိမ့်မယ်။
ညနေ ၄ နာရီဟာ Adrenaline ပမာဏ အမြင့်ဆုံး အခြေအနေဖြစ်တဲ့ အတွက် ကိုယ်လက် လှုပ်ရှား အားကစား လုပ်ဖို့ အသင့်တော်ဆုံးပါ။ သွေးလည်ပတ်မှုတွေ၊ ခန္ဓာကိုယ် အပူချိန်တွေဟာ မျှတလွန်းနေတဲ့အတွက် အိုလံပစ်စံချိန် အတော်များများဟာ ဒီအချိန်မှာ ချိုးလေ့ ရှိကြပါတယ်။ လက်သည်း ခြေသည်း ဆံပင်တို့ အသစ်တွေ ထုတ်လုပ်တဲ့ အချိန်လည်း ဖြစ်ပါတယ်။
ညနေ ၅ နာရီ ကတော့ ကြွက်သားလှုပ်ရှားမှုရဲ့ နောက်ဆုံး အချိန် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ အချိန်မှာ လက်ချောင်း ခြေချောင်းလေးတွေရဲ့ ကြွက်သားတွေဟာ သန်မာ ဖျတ်လတ် နေတတ်ပြီးတော့ ဆုပ်ကိုင်မှုအား အင်မတန် ကောင်း နေတတ်ပါတယ်။
ညနေ ၆ နာရီ အချိန်မှာ ကြွက်သားတွေဟာ ပြေလျော့လာပြီးတော့ နှလုံးခုန်နှုန်းဟာ ပုံမှန်ပြန်ဖြစ် လာပါတယ်။ ညနေစောင်းကထဲက အစာချေနေတဲ့ အစာအိမ်အနေနဲ့ အစာပမာဏ အနည်းအများ အရ အက်ဆစ်ဓာတ်ကို ထုတ်လွှတ်ပေးရပါတယ်။ အစာများများစားထားမိတဲ့အခါ အက်ဆစ်ဓာတ် များများ ထုတ်လွှတ်မိမှာဖြစ်လို့ အဲ့ဒါဟာ ခံတွင်းကနေ လေပုပ်အနေနဲ့ ပြန်အန်တတ်ပါတယ်။ ဒါကို acid reflux လေချဉ်တက်ခြင်းလို့ ခေါ်ပါတယ်။
ည ၇ နာရီ အချိန်ကျတော့ နေရောင် ပျောက်ကွယ်သွားတဲ့အခါ အိပ်ချင်စိတ်ဖြစ်လာစေဖို့ melatonin ဟော်မုန်းတွေ စတင် ထုတ်လွှတ်ပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံးဟာ သက်တောင့်သက်သာ အဖြစ်ဆုံး အနေအထားကို ရောက်ရှိလာပြီး အနံ့နဲ့ အရသာ အာရုံတို့ဟာ ထင်ရှားလာကြ ပါတယ်။
ည ၈ နာရီမှာတော့ အသည်း အင်ဇိုင်းတွေ စတင်ထုတ်လွှတ်ချိန်ဖြစ်ပါတယ်။ အရက်တို့ကို စတင်ချေဖျက်နိုင်စွမ်း အမြင့်ဆုံး အချိန် ဖြစ်ပါတယ်။ ၈ နာရီကနေ စပြီးတော့ ပမာဏဟာ တက်လာမှာ ဖြစ်ပြီး ၁၀ နာရီမှာ ပြန်ကျလာမှာ ဖြစ်ပါတယ်။
ည ၉ နာရီကတော့ ညနေ ၃ နာရီကထဲက အမြင့်ဆုံး တက်လာခဲ့တဲ့ endorphins တွေ ထုတ်လွှတ်မှု ဟာ အနိမ့်ဆုံ ပြန်ကျသွားတဲ့ အချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ ရှိရင်းစွဲ ဝေဒနာတွေ ပြန်ပေါ်လာပြီး နာကျင်ရပါလိမ့်မယ်။
ည ၁၀ နာရီမှာ ခုခံအား regulator interlukin 1 စတင် ထွက်ပေါ်လာမှာ ဖြစ်ပြီးတော့ ခန္ဓာကိုယ်ရဲ့ ခုခံအားဟာ အကောင်းဆုံး အခြေအနေ ပြန်ဖြစ်လာမှာ ဖြစ်ပါတယ်။
ည ၁၁ နာရီ အချိန်ဟာ အိပ်ဖို့ အားလုံးအရံသင့်ဖြစ်တဲ့အချိန် ဖြစ်ပါတယ်။ ည ၇ နာရီ ထဲက ထုတ်လွှတ်ထားခဲ့တဲ့ melatonin ပမာဏ ကြောင့် လူတစ်ကိုယ်လုံးဟာ အိပ်ငိုက်လာ ပါတယ်။ sensitivity ပမာဏ ဟာ မြင့်တက်လာမယ်။ အလာဂျီရှိရင် ထမယ်။ မဟုတ်ရင် တော့ နှစ်ခြိုက်စွာ အိပ်ပျော်သွားပါလိမ့်မယ်။
- မှတ်စုကြမ်း #kyawnge
No comments:
Post a Comment