
အဆိုတော် ပိုပိုကတော့ ဖျော်ဖြေပွဲအတွက် သီချင်းဆိုဖို့ (နိုဝင်ဘာ၁၂)ရက်နေ့က မုံရွာကို ရောက်နေပါတယ်။ မုံရွာမှာ ရောက်နေတဲ့ ပိုပိုတစ်ယောက် အနမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ သူမကို နမ်းတာကတော့ ယောက်ျားလေး မဟုတ်ဘဲ ကောင်မလေးနှစ်ယောက်က ဝိုင်းနမ်းတာခံလိုက်ရတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

"စော်အလန်းလေး ၂ယောက်မှ ဝိုင်းနမ်းခံရသောအခါ စိတ်ကြီးဝင်နေပုံ" ဆိုပြီး သူမအနမ်းခံရတဲ့ ပုံနဲ့ အဲဒီစာသားလေး ကို ရေးသားထားပါတယ်။ သူမကို နမ်းလိုက်တဲ့ ကောင်မလေးတွေကတော့ အဆိုတော် နီနီခင်ဇော်နဲ့ အဆိုတော် မိစန္ဒီတို့ ဖြစ်ပါတယ်။

အဆိုတော် နီနီခင်ဇော်နဲ့ မစန္ဒီတို့ကလည်း ဖျော်ဖြေပွဲအတွက် မုံရွာကို ရောက်နေတာ ဖြစ်ပါတယ်။ ပိုပိုကလည်း သူတို့ နှစ်ယောက်ကို ချစ်ကြောင်း ပရိသတ်တွေကို ပြောပြထားပါတယ်။
Photo : ပိုပို ဖေ့စ်ဘွတ်
No comments:
Post a Comment