Wednesday, 26 October 2016

လက်ဆောင်ထုတ်( ၁၂ )ထုတ်

လက်ဆောင်ထုပ် ( ၁၂ ) ထုပ်
********************

ရှေးလွန်လေပြီသော အခါကတုန်းကလို့
ဆိုကြပါစို့ Mr. X လို့ ခေါ်တဲ့ အူတူတူ
အတတ ငပိန်းတစ်ယောက် ရှိခဲ့ပါတယ်။

တစ်နေ့ အလုပ်မရှိအလုပ်ရှာ ပင်လယ်
ကမ်းခြေ ဖက် လမ်းလျှောက် ထွက်လာစဉ်
ပင်လယ်လှိုင်းများ အတူမျောပါ လာတဲ့
Water Proof ရေလုံအိတ် ကြီးတစ်အိပ် ကို
တွေ့ရ လိုက်တော့  စိတ်ထဲ အတော်ပျော်
သွား ပါတယ်။

အိတ်ကြီးနား သွား ကြိုးတွေ ချီနှောင်ထား
တာကို ဖြည် အိတ်ကြီး အတွင်း ကြည့်လိုက်
တော့ နို့မှုန့်ဘူး အရွယ်  သတ္တုဗူးလေး တွေ
တွေ့ရ ပါတယ်။ ဗူးတွေက ပြောင်ပြောင် လက်လက်လေးတွေဆိုတော့  Mr. X က
စဉ်းစား လိုက်တယ်။ ဒီတစ်ခါ ငပိန်းက သာ
ပြန်သပေါ့ ။

" ဘာတွေလည်း တော့ မသိဘူ့း့ အိမ်ကျ
မှ သေချာလေ့လာ ဖွင့်ကြည့်ရ မယ့့် "

ဆိုပြီး သူအိမ်ကို မသွားပါတယ်။ အိတ်ကို
သယ်တော့လည်း ပေါ့ပေါ့ပါးပါး ပဲ ဆိုတော့
စိတ်ထဲကတော့ သိပ်မသင်္ကာ ဖြစ်မိပါတယ်။
အိမ်ရောက် တော့ အိမ်တံခါးတွေ ပိတ် အိတ်ထဲက ဗူးတွေကို  ထုတ်ကြည့် လိုက် တော့  အားလုံး ( ၁၂ ) ဗူး ရှိတာကို တွေ့ ရ ပါတယ်။ နောက်  ဗူး အဖုံးပေါ်လည်း နံပါတ်
ရေးထိုးထားတွေ့တော့ နံပါတ် ၁ ကနေ
၁၂  အထိ စီထားလိုက်ပြီး  နံပါတ် ၁ ဘူးအဖုံး ကို သံချွန်နဲ့ ကလော် ဖွင့်လိုက် ပါတယ်။

အထဲမှာ အခြားအရာတွေ မပါပဲ  သားရေချပ်လိုလို ပေါ်မှာ စာတွေ သာ ရေးထားတာ တွေ့ ရ ပါတယ်။ ဒါနဲ့ ဘူးတွေ
အကုန်ဖွင့်ပြီး  သားရေချပ်တွေ စီလိုက်ပြီး
နံပါတ်စဉ် အလိုက်  ဖတ်ကြည့် တဲ့ အခါ့

( 1 ) ခွန်အား ( 2 ) အလှတရား ( 3 ) သတ္တိ
( 4 )ဂရုဏာ  ( 5 ) မျှော်လင့်ချက်
( 6 )ပျော်ရွှင်ခြင်း ( 7 ) ပင်ကိုယ်စွမ်းရည်
( 8 ) စိတ်ကူးနိုင်စွမ်း ( 9 ) ကြည်ညိုခြင်း
( 10 ) ဥာဏ်ပညာ ( 11 ) ချစ်ခြင်းမေတ္တာ
( 12 ) ယုံကြည်မှု တို့ ပဲ  ဖြစ်ကြပါတယ်။

Mr. X လုံးဝ လေသွားပါ ပြီ့  ဘာတွေလဲ
သောက်ရေးမပါတာတွေ ဟာ့ စားစရာ
မဟုတ်  အဖိုးတန် ရွှေငွေ မဟုတ့့် ဒီစာတွေ ငါက  ဘာလုပ်ရမှာတုန့်း့ ခွီး

Mr. X လည်း စာတွေကို ကြည့်ရင်း
အတွေး ဝင်လာပါတယ်။

" ဒီ စာလုံးတွေကို တော့သိတယ် အဓိပ္ပါယ် နားမလည်တာ ခက်တယ့့် အဲ့  ခုမှ
အကြံရပြီ့ ပင်လယ်ကမ်းစပ်က တောင်ကုန်းထိပ်မှာဇင်ကိုယ်တော်ကြီးတစ်ပါး
ရှိနေတာပဲ့  ဒါတွေယူသွား ပြီး  သွားမေး
ဦးမှ ပါ့  "

ဒါနဲ့ အချိန်မဆိုင်းပဲ့  အိတ်ကြီး ထဲ အားလုံး ပြန်ထည့်  ဇင်ကိုယ်တော်ကြီး ဆီ
ဂိုး ခဲ့တယ့့် တောင်ကုန်းက နည်းနည်း
မြင့်တော့ အတော်စိုက်ပြီး တက်လာရတယ်။

ကိုယ်တော်ကြီး က  တရားမှတ်နေတာတွေ့
လို့ အသာအယာ မနီးမဝေး ထိုင်ရင်း အမောဖြေမိနေမိပါတယ်။

ပင်လယ်ဖက်က တိုတ်ခတ်လာတဲ့ လေအေးအေးကြောင့် အမောပြေသွားရင်း
ပင်လယ်ပြင်ကြီးမှာ  လှိုင်းလုံးတွေ တအိအိ နဲ့ ကမ်းခြေ ကို လာနေတာတွေ ကိုကြည့်ရင်း
စိတ်ထဲ ပျော်ရွှင်မှု ဖြစ်လာခဲ့ ပါတယ်။
နောက်တစ်ခါ  ဇင်ကိုယ်တော်ကြီး ရဲ့ ကျောင်း
ပတ်လည်မှာ  အရောင်စုံ ပွင့်နေတဲ့ အရိုင်းပန်း
လေး များကို ကြည့်ရင်း  စိတ်ထဲ က
" လှ လိုက်တာ "  လို့  ရေရွတ် မိပြန်ပါတယ်။

မကြာမှီ  ကိုယ်တော်ကြီး က တရားမှတ်အပြီး

" အို့ မောင် X ပါလား  အဘယ်ကြောင့်
ရောက်လာ သနည်း "

Mr. X မှ အကြောင်း စုံ ရှင်းပြတော့ ဇင် ကိုယ်တော်ကြီး ဟက်ဟက်ပက်ပက် ရီမော
ပြီး မှ့

" အော့့် ဖြစ်ရလေ့ မောင် X ရယ့်
ဒီ အိတ်ကြီးက  ဒီလိုပဲ  နေရာအနှံ့ မျောနေ တာ ကွဲ့  တစ်ခါက ပညာရှိကြီး တစ်ယောက်က  လူသား အတွက် ပညာပေး
သင်ခန်းစာ အဖြစ်  ဒီလို လုပ်ပြီး  ပင်လယ်ထဲ
မျှော ခဲ့တာ ပဲ့  အကြောင်းစုံ သိသွား
သူ က  အားလုံးကို အစီအရီ ပြန်ထည့် ပင်လယ်ထဲ  ပြန်မျှော ပစ်လိုက်တယ်လေ
နောက် လူ မြီးရင် ချိုပါစေ ဆိုတဲ့ စေတနာ နဲ့
ပေါ့  "

" ဟုတ်လား  ကိုယ်တော်ကြီး  ကျနော်ငပိန်း
တစ်ကယ် မသိခဲ့တာ ပါ့ ရှင်းလက်စ နဲ့
ဒီ အချက်တွေကို  ရှင်းပေးပါဦး  ဗျာ "

" ဒီ အချက် ( 12 ) က  တစ်ကယ်တော့ လူသားတွေ ဆီမှာ ပါပြီးသားတွေ ရယ် လုပ်ဆောင်သင့် ဖေါ်ထုတ်သင့်  မှတ်ယူ ထား
သင့် တဲ့ အချက်တွေ ပဲ ကွ့  လူသား
တွေအတွက်  သင်ခန်းစာ လက်ဆောင် ( 12 )
ချက်ပေါ့ ကွာ  "

" ကဲ့ အတိုချုးံ ရှင်းပြမယ့့် နံပါတ် ( 1 )
ခွန်အာ့း့ ဒါကလည်း မင်းခုန တောင်ကုန်း
ပေါ်တက်လာချိန်  ထုတ်သုံး ခဲ့ ပြီးပြီလေ့
( 2 ) က အလှတရား  ဒါကလည်း အတွင်းကအလှ အပြင်ဘက်က အလှ ဆိုပြီး
ခွဲ နိုင်သလို  မင်း ခုန က ပန်းတွေ မြင်ပြီး  လှ လိုက်တာ  ပြောတယ် မဟုတ်လား  ဒါက အပြင်ဘက် အလှတရား   နောက် မင်းရဲ့
ကောင်းတဲ့ လုပ်ဆောင်ချက်တွေ ရှိလာရင်
မင်းရဲ့ ရင်ထဲမှာ  အလှတရား ပေါ်ထွက်လာ လိမ့်မယ်ဒါကတော့ အလေ့အကျင့် လိုတယ်"

" အတော်အသင့် နားလည်ပါပြီ အရှင် ဆက်
ရှင်း ပေးပါ ဦး  "

" နံပါတ်  ( 3 ) သတ္တိ  ဒါကလည်း ရှင်းတယ်
မဟုတ်လာ့း့ မင်းပြောတာဆိုတာ လုပ်တာ
ကိုင်တာ ကို ယုံကြည်မှုရှိရှိ သတ္တိရှိရှိ နဲ့ မိမိ
ကိုယ်ပိုင်လမ်းပေါ် လျှောက်ရဲ ရမယ့့် နံပါတ် ( 4 ) ဂရုဏာ့ ကတော့  မိမိက
သူများအပေါ် ဖြစ်စေ မိမိကိုယ်တိုင်အပေါ်
ဖြစ်စေ ကြင်နာရမယ်။ အခြားသူများက မိမိ
အပေါ်နာကျင်စေတာတောင် ခွင့်လွှတ်ပေး နိုင်ရမယ်။ မိမိကိုယ်တိုင် အမှားများ လုပ်မိရင်
လည်း ခွင့်လွှတ် နိုင်ရမယ် "

" ဟာ့ ဒီ ဂရုဏာကြီးကတော့ မလွယ်ဘူး
ကိုယ်တော့့် ကျနော်ကို နာအောင် လုပ်တဲ့
သူ ပြန်လုပ်ချင်တာ ပါ့  ထားပါထားပါ  ဆက်ရှင်းပေးပါဦး  အရှင်  "

" နံပါတ် ( 5 )  မျှော်လင့်ချက်က တော့ ရှင်း
တယ်ဟုတ့့် မင်း အခု သူဌေး ဖြစ်ချင်တယ်
ဒါဟာ  မျှော်လင့်ချက်ပဲ့ နံပါတ် (  6 ) က
ပျော်ရွှင်ခြင်း  ဒါလည်း ရှင်းပါတယ်။ အဲ တစ်ခု
တော့ ရှိတယ်  သူတစ်ပါး ကို နာကျင်အောင်
လုပ်ပြီး မှ ရတဲ့ ပျော်ရွှင်မှု မျိုး  ပြောတာ မဟုတ် ဘူး  ဒါမျိုး မလုပ်ရ ဘူး  "

" သဘောပေါက်ပါတယ်  အရှင့့် အခုတောင် အရှင်ဘုရား ရှင်းပြနေတဲ့ အတွက် တပြည့်တော် စိတ်ထဲ ပျော်ရွှင် လာပြီ အရှင် "

" သာဓုပါ  ဗျာ  နံပါတ် ( 7 ) က ပင်ကိုယ် စွမ်းရည်  ဒါက လည်း  မင်း အခု ဘာလုပ်တတ်လဲ့ ပင်လယ်နားနေလို့
ရေကူး တတ်လား ကူးတတ်တယ် ဆို  ဒါအရှင်းဆုံး ပင်ကိုယ်စွမ်းရည်ပဲ့ နောက်
နံပါတ် ( 8 ) စိတ်ကူးနိုင်စွမ်း  ဒါကတော့ မင်း
အနေနဲ့ နည်းနည်း မြင့်မယ်။ ဒါက ဘာလဲ ဆိုတော့ ဥပမာ ကွာ မင်းက ပင်လယ်ထဲ
ငါးမျှားမယ်  ငါးမျှားတံ တစ်ချောင်းထဲ ဆိုတော့ တစ်ခါမိမှ တစ်ကောင် မိမယ်  ဒီတော့ တစ်ခါတည်း နဲ့  ငါးများများ မိအောင်
ဘယ်လို  လုပ်မလဲ့ ဒါဟာ အလွယ်ဆုံး
စိတ်ကူးနိုင်စွမ်း ပဲ "

" ဒါကတော့ ဖြစ်ပါတယ် အရှင့့် ငါး များများ
မိအောင်  ပိုက်ကွန် လုပ်ပြီး  ဖမ်းမှာ ပေါ့
အို့ ကောင်းလိုက်တာ  ကျေးဇူး ပါ အရှင်
နံပါတ် ( 9 ) လေး ဆက်ပါဦး "

" နံပါတ် ( 9 ) က  ဘာပါလိမ့်  အော့့် ကြည်ညိုခြင့်း့ ဒီစကားလုံး နေရာ မှာ ခုခေတ် အနေအထား အရ့ အကောင်းမြင်
ခြင်း လို့ ပြောင်းသုံးချင်တယ်။ မင်း အနေ နဲ့
မိမိကိုယ်တိုင်အပေါ် ဖြစ်စေ  အခြားသူများ
အပေါ် ဖြစ်စေ လုပ်ဆောင်ချက် တိုင်းအပေါ်
အကောင်းမြင်စိတ်လေး ထည့်ပြီး ကြည့်ပါ
လို့ ပြောချင်တယ် "

" ဒါလည်း  အတော်ခက်တဲ့ သင်ခန်းစာ ပဲနော်  အရှင် "

" ဒါပေါ့ကွာ့  လောက မှာ လွယ်လွယ် ရ တဲ့ အရာ မှန်သမျှ  မကောင်း ဘူး လေ့
ကဲ နံပါတ် ( 10 ) က ဥာဏ်ပညာ ဒါကလည်း
သိပ်တော့ မခက်ပါဘူး နော့  အခု ငါပြော
တာတွေကို  မင်းနားလည် သင့် သလောက်
နားလည်တယ်  ဒါဟာ မင်းရဲ့သိမှု ဥာဏ် ပဲလေ့ ပြောသမျှ ပါးစပ်ကြီး အဟောင်း
သား နဲ့ နားထောင်  သိလား မေ့း့ မသိဘူး
ဘုရား  ဒါဆို  ငတုံးပဲ့  ဟဲဟဲ  မင်းက  မတုံးပါဘူး  ပိန်းတာ  မဟုတ်လား  "

" ဟာဂျာ အနော်က့ အာ့မျိုး မဟုတ်ပါဘူး
အရှင်ဘုရား ကလဲ "

" စတာပါ ကွာ ထားပါ   နောက် နံပါတ် ( 11 )
က  ချစ်ခြင်းမေတ္တာ့ ဥပမာ  မင်း ခလေး
တစ်ယောက်ကိုကြည့်ပြီး  သူ့အပျော် မင်း
ဆီ ကူးစက်လာရင်  မင်း ရဲ့ ရင်ထဲ မှာ ချစ်ခြင်းမေတ္တာ  အခံဓါတ် ရှိနေပြီ့ အလား
တူ မင်းက  ကောင်မလေး တစ်ယောက်ကို
ကြိုက် သလို ဟိုကလည်း  မင်းကို ပြန်ကြိုက်
ရင်  ချစ်ခြင်းမေတ္တာ ခြင်း ဖလှယ် ကြပြီပေါ့
အလွယ်ကူဆုံးကတော့  လူတိုင်းအပေါ် ချစ်ခြင်းမေတ္တာ  ထားနိုင်ဖို့ မွေးမြူ ခိုင်းတာပဲ "

" မှန်လှပါ  အရှင့့် နောက်ဆုံးတစ်ချက်
ယုံကြည်မှု  ဆိုတာ ကရော ဘုရား "

" ဒါလည်း အရှင်းလေး ပါ့ မင်းကိုယ်တိုင်
ယုံကြည်မှု ရှိနေလို့  ငါ ဆီ လာမေးတာ လေ
ဒါဟာ့ ယုံကြည်မှု ပဲ့ အခြားသူတွေ
အပေါ် ထား  မိမိကိုယ် မိမိ ယုံကြည်မှု ရှိအောင် အမြဲ လုပ်နိုင်ရ မယ့့် ဟုတ်ပြီလာ့း့  ငါလည်း  ဗိုက်ဆာ လာပြီ
ကွာ့ ရှိတာလေး  စားဦးမယ့့် ငါ မင်း
အတွက် ချန်ထားပါ့ မယ်  စားသွား ပေါ့ "

" ကျေးဇူးပါ အရှင့့် တပည့်တော်  ဒီ လက်ဆောင်ဘူး တွေ အကြောင်း နားလည်
သွား လို့  အားလုံး ကိုပြန်ထည့် နောက်လူ အတွက့့်  ပင်လယ်ထဲ သွား မျှောပြီး  ပြန်လာခဲ့ပါ့ မယ် ဘုရား "

" သာဓု  သာဓု  သာဓု  ပါ ဗျာ "

#kazaw
မှ တ် စု ကြ မ်း
( ၁၂ ထုပ်နဲ့တိုင်ပတ်တဲ့  "  X " ပုံပြင် ) :-p :-p

No comments:

Post a Comment

ဆိတ်ကျောင်းသား၏ ပုံပြင်

ဆိတ်ကျောင်းသား၏ ပုံပြင် ++++++++++++++++++ ၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနြေ...