အမျက်ဒေါသကြီးမှုကြောင့် ရှင်ဘုရင်ဖြစ်ခါနီးမှ အသက်ဆုံးခဲ့ရသူ
========================
အလောင်းစည်သူမင်းကြီး၏ မြစ်တော် ဥဇနာမင်းတွင် သားတော်နှစ်ပါးရှိသည်။ သားတော်ကြီးမှာ သီဟသူဖြစ်ပြီး သားတော်ငယ်မှာ နရသီဟပတေ့(ခေါ်) မင်းခွေးချေး (ခေါ်) မင်းခွေ ဖြစ်သည်။ ငယ်စဉ်က ချေဆတ်တတ်သောရောဂါရှိပြီး အိပ်ရာအတွင်းတွင် အမြဲခွေနေသောကြောင့် ဒီနာမည်တွင်ခြင်းဖြစ်သည်။ မင်းခွေးချေးသည် အသက်အရွယ်ကြီးသူ ၊ ပညာရှိ မှူးမတ်တို့အား ရိုသေလေ့ရှိသည်။ အမတ်ကြီးရာဇသင်္ကြန်ကလည်း ကြီးသူတို့အား ရိုသေပြီး လိမ္မာသဖြင့် မင်းခွေးချေးအား သဘောကျသည်။ ဒီမင်းသား မင်းဖြစ်သော် တိုင်းပြည်တိုးတက်သာယာပြီး ရဟန်းရှင်လူတို့လည်း အေးချမ်းကြလိမ့်မည်ဟု ထင်မှတ်တော်မူသည်။
သားတော်ကြီးကား ထိုသို့မဟုတ်။ မာနကြီးပြီးခက်ထန်သည်။ မှူးမတ်များကိုလည်း မတူမတန် သလို ဆက်ဆံတတ်သည်။ ပေးကမ်းစွန့်ကြဲခြင်းအမှုကိုလည်း ဘယ်တော့မှမပြုတတ်။ တစ်ခါသော် ဥဇနာမင်းကြီးအား ခစားရာ အမတ်ကြီးရာဇသင်္ကြန်သည် ညောင်းညာ၍လက်ကိုရုတ်လိုက်ရာ ကပ်လျှက်တွင်ထိုင်နေသော မင်းသားသီဟသူအား ထိမိသွားသည်။ မင်းသားလည်း ငါ့ကိုဤသို့မထီမဲ့မြင်ပြုရကောင်းလားဟု အမတ်ကြီး၏ အင်္ကျီပေါ်ကို ကွမ်းတံထွေးဖြင့်ထွေးသည်။ အမတ်ကြီးက မင်းသားနောက်တွင်ရှိမှန်းမသိ၍ လက်ကိုရုတ်မိကြောင်း တောင်းပန်ကာ နောက်သို့ဆင်းကာ ခစား၏။
တစ်နေ့တလိုင်းတို့ ထကြွကြသဖြင့် ဥဇနာမင်းကြီးသည် သွားရောက်နှိမ်နှင်းခဲ့ပြီး ဒလဘက်တွင် ဆင်ဖမ်းရာ ဆင်ထက်မှလိမ့်ကျပြီး အနိစ္စရောက်တော်မူသည်။ ဥဇနာမင်းကြီးမရှိတော့လျှင် မင်းသားသီဟသူ နန်းတက်ရမည်ဖြစ်သည်။ မှူးမတ်အပေါင်းတို့သည် မင်းကြီးလွန်သည့် အကြောင်းကိုသိပြီးနောက် မှူးမတ်တို့သည် မင်းကြီးသင်္ချိုင်းတော်သို့သွားကာ စုရုံးကြသည်။ သီဟသူကိုမူ မင်းကြီးအားဦးတိုက်ပြီး အပြန်မှ နန်းတက်ပွဲကိုလုပ်ရန် လျှောက်ထားခဲ့ကြသည်။
ဒလသို့ရောက်သော် အမတ်ကြီးရာဇသင်္ကြန်က ဤမင်းသားနန်းတက်ခဲ့သော် မာနကြီးပြီးခက်ထန်လွန်းလှသဖြင့် ငါတို့အမတ်များ ကောင်းကောင်းနေရမည်မဟုတ် ၊ တိုင်းသူပြည်သားတို့ အတွက်လည်း ဆိုးဖွယ်ရာရှိသည် ဟုဆိုကာ မင်းသားကွမ်းတံထွေးနှင့်ထွေးခဲ့သော အင်္ကျီကိုထုတ်ပြခဲ့ပြီး အကြောင်းစုံကိုရှင်းပြသည်။ အမတ်အပေါင်းတို့ကလည်း ရာဇသင်္ကြန်ကဲ့သို့သော မင်းတိုင်ပင် အမတ်ကြီးကိုပင် ဤသို့ပြုမှုရက်သည် ၊ ငါတို့ကျန်အမတ်များဆိုလျှင် ဘယ်လောက်ခက်ထန်မည်ကို မတွေးဆတတ်တော့ ဟု ဆိုကာ အမတ်ကြီး၏ စကားကိုထောက်ခံလိုက်ကြသည်။
သို့နှင့် နန်းတော်သို့ပြန်ရောက်သည်တွင် မှူးမတ်ဗိုလ်ပါတို့က မင်းသားသီဟသူကိုဖမ်းဆီးပြီး အဆုံးစီရင်လိုက်ကြသည်။ ညီတော်မင်းခွေးချေးကို နရသီဟပတေ့ဟူသော အမည်ဖြင့် နန်းတင်လိုက်ကြတော့သည်။
(အမတ်ကြီးတို့တွက်ကိန်း လွဲခဲ့ပါသည်။ နရသီဟပတေ့သည် မင်းကောင်းမင်းမြတ်တစ်ပါး မဖြစ်ခဲ့ပဲ နောက်ဆုံး မင်းညံ့တစ်ပါးအဖြစ် တရုတ်ပြေးမင်းဟူ၍ နာမည်တပ်ခံခဲ့ရသည်)
SKK
#AyeSay
www.ayesay.com.mm
#သုတဇုန်
Supported By လှိုင်မင်းလတ် LCCI စာရင်းကိုင် သင်တန်း
Phone; 09- 510 9922
Subscribe to:
Post Comments (Atom)
ဆိတ်ကျောင်းသား၏ ပုံပြင်
ဆိတ်ကျောင်းသား၏ ပုံပြင် ++++++++++++++++++ ၁။ သူကဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံးထိုင်စကားပြောနြေ...
-
အဖေပါအခန်းထဲလိုက်ဝင်ပြီး ညီမလေးကိုအတင်းချုပ်နှောင် မဒိန်းကျင့်တော့တာပါပဲ…။ ကျွန်မ(စုစုမောင်)ကိုယ်တိုင်စစ်မေးခဲ့ဖူးတဲ့ မုဒိန်းမှု့အကြောင်းလေး...
-
စနှိုက်က်ကြော် မဟုတ်ဘူး သိန်းငှက် လို့ ပြန်ဖြေရှင်းလိုက်တဲ့ နန်းသီရိမောင် ဒီPost ကို သေချာဖတ်ကြည့် ပြီးသူ့ရဲ့ သူပိုင်ပါသည်ဆိုတဲ့ သူနဲ့တရား...
-
ဂျွန်လ ၁၃ ရက် ညအချိန် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ လမ်းဘေးတစ်နေရာမှာ အရပ်ပုပု အာရှသားတစ်ဦးဟာ ခရီးဆောင်အိတ်နှစ်အိတ်နဲ့ ကားငှါးဖို့စောင့်နေပါသတ...
No comments:
Post a Comment